Tuesday, November 05, 2013

သမ္မတနှင့် ၀န်ကြီးများ လစာလျော့ချမှု ပါဝင်သည့် ဥပေဒေကြမ်း လွှတ်တော်တင်

Tuesday, November 5, 2013
သမ္မတနဲ့ ၀န်ကြီးတွေကို အရင် စစ်အစိုးရက ပြဋ္ဌာန်းပေးထားတဲ့ လစာထက် လျော့ချ တ်မှတ်တာ ပါဝင်တဲ့ ဥပေဒြကမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။နိုဝင်ဘာ ၄ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာလင်းအောင်က “ပြည်ထောင်စု အ ဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နဲ့ အေဆာင်အေယာင်များဆိုင်ရာ ဥပေဒကို ပြင်ဆင်သည့် ဥပေဒြက မ်း” တင်သွင်းစဉ် ဥပေဒြကမ်းကော်မတီက သမ္မတနဲ့ ၀န်ကြီးတွေရဲ့ လစာ လျော့ချတဲ့အချက်ေ တွကို ဖြည့် စွက် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။
စစ်အစိုးရေခတ်က ပြဋ္ဌာန်းပေးခဲ့တဲ့ နဂို ဥပေဒထဲမှာ လစာအေနနဲ့ သမ္မတက ၁ လ ကျပ် သိန်း ၅၀၊ ဒုသမ္မတေတွက ၁ လကို ကျပ် သိန်း ၄၀၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ တရားသူကြီးချုပ်တွေက ၁ လကို ကျပ် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ယောက် နဲ့ အဆင့်တူတွေကို ၁ လကို ကျပ် သိန်း ၃၀၊ ဒုဝန်ကြီးေ တွနဲ့ အဆင့်တူတွေကို ၁ လကို ကျပ် သိန်း ၂၀ သတ်မှတ်ထားပါတယ်။

အခု အမျိုးသားလွှတ်တော်ရဲ့ ဥပေဒြကမ်းကော်မတီက ပြင်ဆင်လိုတယ်ဆိုပြီး ဖြည့်စွက် ထားချက်မှာတော့ သမ္မတဟာ ၁ လ ကျပ် ၁၅ သိန်း ၊ ဒုသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တရားသူကြီးချုပ်တွေက ၁ လ ကျပ် ၁၂ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌ ၂ ဦးနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၈ သိန်း၊ ဒုဝန်ကြီးတွေနဲ့ အဆင့်တူတွေကို ၁ လ ကျပ် ၆ သိန်း ပေးသင့်တယ်လို့ ဖြည့်စွက်ထားပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List