Wednesday, November 06, 2013

Mobile Team မှ ၀င်ရောက်စစ်ဆေးနေသော လှိုင်မြို့နယ် ကုမ္ပဏီရှိ သောင်းချီသော နိုင်ငံခြားဖြစ် ၀ိုင်နှင့်ဘီယာများမှာ တရားမ၀င်ကြောင်း အဖြေထွက်ရှိ


Wednesday, November 6, 2013
တိုင်ကြားချက်အရ တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ ၀င်ရောက် စစ်ဆေးနေသော လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင် လမ်းဆုံရှိ Quarto Product ကုမ္ပဏီတွ င် သောင်း ချီသော နိုင်ငံခြားဖြစ်ဝိုင်နှင့် ဘီယာများမှာ တရားမ၀င်ဟု Mobile Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကြေ ပာကြားသည်။
Quarto Product ကုမ္ပဏီတွင် ဘီယာနှင့် အေးခဲအသားများ တရားမ၀င် တင်သွင်းနေသည်ဟု တိုင်ကြားချ က်ကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန် Mobile Team သို့ သတင်းရောက်ရှိလာပြီး တိုင်ကြားထားသော စက်ရုံ၏ အခြေအနေကို တစ်ရက်ကြာ လေ့လာစောင့်ကြည့်ပြီးနောက် ၂၈ ရက်တွင် စတင်ရှာဖွေ စစ်ဆေးခဲ့ ပြီး နိုဝင်ဘာ ၄ ရက်တွင် တိုင်ကြားချက်အရ မှန်ကုန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု Mobile Team အဖွဲ့ထံမှ သိရသည်။

Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက "သွင်းထားတဲ့ လယ်ဂျာတွေ ပြနိုင်သလားဆိုတော့ အလုံးစုံ မပြနိုင်တာတွေ မရှိတာတွေ စစ်ဆေးတွေ့ရှိ ခဲ့တယ်။ နောက်ပြီး စာရင်းတွေအရလည်း လက်ရှိစစ်ေ ဆးေ တွ့ရှိထားတာ တွေကလည်း နိုင်ငံတော်က ကန့်သတ်ထားတဲ့ ဘီယာတွေ၊ ၀ိုင်တွေဖြစ်တယ်။ ၂၀၁၀ တုန်း က သူတို့တင်သွင်းထားတဲ့ ၀ိုင်ပုလင်း ၅၀၀၀၀ တစ်ခုပဲ အထောက်အထားနဲ့ ပြနိုင်တယ်။ အဲဒါတုန်းက လ ည်း စီမံချက်ရှိတဲ့အချိန် ဖြစ်တယ်။၂၀၁၁ ကနေ ၂၀၁၃ ခုနှစ်အထိ သွင်းကုန်တွေကတော့ ဘာထောက်ခံချ က်မှ မရှိပါဘူး" ဟု Quarto Product ကုမ္ပဏီတွင် စစ်ဆေးခဲ့မှုနှင့် ပတ်သက်၍ ပြောကြားသည်။

အဆိုပါ ကုမ္ပဏီတွင် စစ်ဆေးတွေ့ရှိခဲ့သော ဘီယာများမှာ Heineken ပုလင်းများနှင့် ဂျာမနီဘီယာ နှစ် မျိုး တို့ဖြစ်ပြီး အလုံးပေါင်း ၂၄၀၀ ခန့် ရှိမည်ဖြစ်ကြောင်း၊ သြစတြီးယား၊ ပြင်သစ်စသည့်နိုင်ငံတို့မှ ထုတ်လုပ် ထားသည့် ၀ိုင်ပုလင်းပေါင်း ၃၀၀၀၀ နီးပါး ပါဝင်ပြီး အေးခဲအသားများတွင် အမဲသား၊ ဆိတ်သားများ ပါဝင်ေ ကြာင်း သိရသည်။

အဆိုပါ ကုမ္ပဏီတွင် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့မှုအပေါ် ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အကော က်အခွန် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mobile Team အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

Quarto Product ကုမ္ပဏီမှာ စင်ကာပူနိုင်ငံ အခြေစိုက်ပြီး မြန်မာနိုင်ငံအတွင်း ၁၉၉၇ ခုနှစ်တွင် ဖွင့်လှစ် ကာ ဟိုတယ်ကြီး ၃၀ နှင့် စားသောက်ဆိုင် ငါးဆိုင်အား ၀ိုင်၊ ဘီယာနှင့် အေးခဲအသားတို့ကို အဓိကဖြန့် ဖြူး ပေးနေကြောင်း သိရသည်။

Mobile Team အဖွဲ့မှ လက်ရှိအရေးယူမည်ဖြစ်သော စက်ရုံမှာ နှစ်လအတွင်း လေးကြိမ်မြောက် တိုင်ကြား ချက်အရ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆို ခံရခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List