Tuesday, November 05, 2013

နိုင်ငံရေးဆွေးနွေးပွဲ အမြန်ကျင်းပေရး အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များ သေဘာတူ

Tuesday, November 5, 2013
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေအမြန်ဆုံးကျင်းပနိုင်ရေးအတွက် နှစ်ဘက်အဖွဲ့အစည်းက သေဘာတူညီခဲ့
ကြတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင်တိုင်း ရင်းသား အဖွဲ့အစည်းတွေ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးအတွက် ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်ေ န့တွေက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ပြုလုပ်ခဲ့ပြီးနောက် အခုလို ပူးတွဲကြေညာချက် ထု တ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အြပင် ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က တနိုင် ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသေဘာထားရပ်တည်ချက်များ (လိုင်ဇာသေဘာတူညီချက်) ကို ဆွေးနွေးခြဲ့ ပီး အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကို လိုင်ဇာသေဘာတူညီချက် ပေးအပ်ခဲ့ပါတယ်။

အစိုးရဘက်က တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သေဘာတူစာချုပ် (မူကြမ်း) ကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကို အြပန်အလှန် ပေးအ ပ်ခဲ့တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေး သေဘာတူညီချက်တွေ ရရှိရေးအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး၊ နို င်ငံရေး တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်များနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပတာတွေ ပြုလု ပ်သွားမယ်လို့ ကြေညာချက်က ဆိုပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေး သေဘာတူစာချုပ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ် သွားေ ရးအတွက် အန်စီစီတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးရင် ဒီဇင်ဘာလအတွ င်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်တီနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း နှစ်ဖက် သေဘာ တူညီခဲ့ကြပါ တယ်။

အဲဒီဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ကာကွယ်ရေးဝန်ကြီး ဌာနမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အစရှိတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အိုဘက်က ဦးဆွမ်လွတ် ဂမ်၊ေ ကအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တက်ရောက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေအြဖစ် မွန်ပြည်သစ်ပါတီက နိုင်ဟံသာ၊ ကရင်အမျိုး သား အစည်းအရုံးက ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ အပါအ၀င် ကရင်နီ၊ ရှမ်း၊ ချင်းနဲ့ ပအိုဝ်း စတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

လေ့လာသူတွေအြဖစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယားနဲ့ တ ရုတ်နိုင်ငံ အာရှေရးရာ အထူးကိုယ်စားလှယ် မစ္စတာ ၀မ်ရင်ဖုန်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List