Thursday, November 07, 2013

သမ္မတဦးသိန်းစိန် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော တောင်ငူမြို့သို့ သွားရောက်

Thursday, November 7, 2013

သမ္မတဦးသိန်းစိန်သည် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၏ အခြေ အနေများ သိရှိနိုင်ရန် တောင်ငူမြို့ (ကေတုမတီမြို့သစ်) သို့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွ င်ေ နပြ ည်တော်မှ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ တိုင်းရိပ်သာကြီး အစည်းအဝေးခန်းမ၌ သမ္မတအား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းနှ င့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်တို့က တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရန်အ တွက် တိုင်းဒေသကြီးနှင့် ၀န်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်း လင်း တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗို လ်ချုပ်ကြီးကိုကိုတို့က ရေကြီးနစ်မြုပ်မှုဘေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရန် လိုအပ်သည့် အစီအမံများ၊ ကြိုတင်ကာကွယ် ဆောင်ရွက်မှုများ ပြုလုပ်သင့်သည့် ကိစ္စရပ်များအပေါ် အကျယ်တ၀င့် ဖြည့်စွ က်ေ ဆွးနွေးတင်ပြခဲ့ကြပြီး သမ္မတက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင် ရွက် ပေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ သမ္မတ ဦးသိန်းစိန်နှင့် ဇနီး၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ တက်ရောက် ကြည်ညို၍ ကထိန်လျာ သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List