Wednesday, November 06, 2013

ဖုန်းဆင်းမ်ကတ်များ အပြင်ပေါက်ဈေးဖြင့် ထုတ်ရောင်းသူ အုပ်ချုပ်ရေးမှူးကို အရေးယူပြီ

Wednesday, November 6, 2013

ဖုန်းဆင်းမ်ကတ် ၄၅ ကတ်ကို ပြင်ပပေါက်ဈေးဖြင့် ရောင်းခဲ့သည့် မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံ မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း၏ ခြစားမှုကို ပြည်နယ်အစိုးရက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အရေး ယူမှုများ စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက နိုဝင် ဘာ ငါးရ က်တွင် ပြောသည်။

စက်တင်ဘာလအတွက် ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာများကို ခွဲတမ်းချပေးခဲ့သည့် တယ်လီဖုန်းဆင်း က တ်များအနက်မှ တစ်ရွာလျှင် တစ်ကဒ်နှုန်း ထုတ်နှုတ်ကာ (၄၅) ရွာအတွက် (၄၅) ကတ်ကို မြို့နယ် အုပ်ချု ပ်ရေးမှူး ဦးအောင်ထွန်းသိန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးတို့က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲရန်ပုံ ငွေ ထ ည့်ဝင်ရန်အတွက် ရောင်းချခဲ့ခြင်းဖြစ်ရာ ယင်းအတွက် အရေးယူမှုများ စတင်လုပ်ဆောင်နေပြီဖြစ် သည်ဟု ဦးကျင်ဖေက ဆိုခြင်းဖြစ်သည်။ အရေးယူရာတွင် ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း သိန်း ကို ခြောက်လကြာ ရာထူးတိုး ရပ်ဆိုင်းလိုက်ပြီး မြို့နယ် ဒုဦးစီးမှူး နှစ်ဦးကို နေရာပြောင်းရွှေ့ လိုက်ခြ င်း ဖြ စ်သည်။
ဦးကျင်ဖေက “လောလောဆယ် အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီ၊ ရောင်းချထားတဲ့ ၄၅ ကတ်လုံး ကို ပြန်ရအောင် သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်စီစဉ်ပေးရမယ်။ အရေးယူတာကတော့ သက်ဆိုင်ရာ သူ့ ဌာနကနေပြီး လုပ်နေတာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

၎င်းဖုန်းကတ် ၄၅ ကတ်အား ပြင်ပပေါက်ဈေးဖြင့် ရောင်းချခဲ့ပြီး ကျပ် ၄,၇၂၀,၀၀၀ရရှိခဲ့ကာ ထိုထဲမှ ကျပ် ၁,၁၀၀,၀၀၀ ကို ဆို၊ က၊ ရေး၊ တီး ရန်ပုံငွေအတွက် ထည့်ဝင်ခဲ့ကာ ကျန်သည့် ကျပ် ၃,၆၂၀,၀၀၀ ကို အ တိုးချထားခြင်းကို မွန်ပြည်နယ်အစိုးရမှ အရေးယူခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် ၂၀ မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ရန်ပုံငွေအ တွ က် ချောင်းဆုံမြို့နယ်တွင်းရှိ ရွာပေါင်း ၄၅ ရွာမှ တစ်ရွာကို သုံးသောင်းကျပ်စီ ထည့်ဝင်ပေးရမည်ဖြစ် ကာ ၎င်းအား ရွာတွင်းသို့ အလှူခံခြင်းမပြုလုပ်ခဲ့ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆင်းကတ်ခွဲတမ်းကိုရောင်း ချခဲ့ခြ င်းဖြင့် ဖြေရှင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးကျင်ဖေက ဆိုသည်။

၎င်းအုပ်ချုပ်ရေးမှူးနှင့် ဦးစီးမှူးများအား ပြည်နယ်အစိုးရအဖွဲ့မှ အသီးသီး အရေးယူထားပြီးဖြစ်ကြောင်း  ၎င်းခြစားမှုအား ရှာဖွေတွေ့ရှိခဲ့သည့် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မှ မွန်ပြည်နယ် လွှတ်တော်အမ တ် ဒေါ က်တာအောင်နိုင်ဦးက ပြောသည်။

ဒေါက်တာအောင်နိုင်ဦးက “ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်းကတော့ ခြောက်လကြာ ရာထူးတိုးရပ်ဆိုင်းရပြီးတော့၊ မြို့နယ် ဒုဦးစီးမှူး နှစ်ဦးသည် နေရာပြောင်းရွှေ့လိုက်တယ်”ဟု မဇ္ဈိမ ကိုြေ ပာသည်။

ထိုတွေ့ရှိချက်ကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်တွင် ဒေါက်တာအောင်နိုင်ဦးက မွန်ပြည်နယ် အ စိုးရအဖွဲ့ထံသို့ တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ (၂၂) ရက်တွင် ပြည်နယ်အစိုးရမှ အရေးမယူပါက ပြည်ထောင်စုအဆင့်သို့ အဆင့် ဆင့် တိုင်ကြားရန် ဒေါက်တာအောင်နိုင်ဦးမှ စီစဉ်ထားကာ ယင်းရက်တွင် ပြည်နယ် အထွေထွေ အုပ်ချုပ် ရေး ဦး စီးဌာနမှူးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ လာရောက်၍ အရေးယူဆောင် ရွက်မှု များ ပြု လု ပ်နေကြောင်း တင်ပြခဲ့သည့်အတွက် ပြည်ထောင်စုအဆင့်သို့ မတိုင်ကြားခဲ့ပေ။

၎င်းကိစ္စအားလည်း မွန်ပြည်နယ်နှင့် မော်လမြိုင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများသို့ မဇ္ဈိမမှ ဆ က်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားပေးခဲ့ခြင်း မရှိခဲ့ပေ။

အစောပိုင်းတွင် ဦးအောင်ထွန်းသိန်းမှ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားကာ ဒေါက်တာအောင်နိုင်ဦးအား စွပ် စွဲချက်ကို ဖြေရှင်းပေးရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်တွင် ချောင်းဆုံမြို့နယ် အုပ် ချုပ်ေ ရးမှူးမှ ဆင့်ခေါ်စာပို့၍ လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ဦးအောင်ထွန်းသိန်း၏ ဆင်းကတ်များအား ရောင်းချထားခဲ့သည့် လုပ်ရပ်များမှာ ပေါ်လွင် ထင်ရှားခဲ့သဖြင့် ယခုကဲ့သို့ ပြည်နယ်အစိုးရမှ အရေးယူရန် ကိုင်တွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List