Wednesday, November 06, 2013

စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြန်ပြင်မည်

Wednesday, November 6, 2013

ပြည်ထောင်စုလွှတ်တော် အစောပိုင်းကာလကတည်းက ပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှ ည့်လည်ခွင့် ဥပဒေပါပုဒ်မ ၁၈ ကြောင့် ထောင်ဒဏ်ကျခံရသူ အများအပြားရှိလာပြီးနောက် အဆိုပါ ပြ ဋ္ဌာန်း ချက် မပါဝင်သည့် ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခုကို ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့် တရားစီရင်ရေး ကော်မတီက ယခုတစ်ပတ်အတွင်း လွှတ်တော်သို့တင်သွင်းသွားမည်ဟု ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက မဇ္ဈိမကိုပြောသည်။
အဆိုပါဥပဒေကြမ်းတွင် မူလဥပဒေ၌ ပါဝင်သကဲ့သို့ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ခွ င့်ပြုချက်ရယူရန် မလိုတော့ဘဲ အကြောင်းကြားရန်ဖြင့် အစားထိုးထားကြောင်းသိရသည်။ “ဒီပုဒ်မ ၁၈ ကြို ပင်ဆင်တဲ့ ဥပဒေကြမ်းအရ ငြိမ်းချမ်းစွာစုဝေးနိုင်တယ်၊ စီတန်းလှည့်လည်နိုင်တယ်။ အရင်ဥပဒေမှာပါ တဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးတို့၊ ရဲစခန်းတို့ကို ခွင့်တောင်းမယ့်အစား အသိပေးတင်ပြတာပဲ လုပ် ရတော့မယ်။ တကယ်လို့ သက်ဆိုင်ရာက အကြောင်းမပြန်ဘူးဆိုရင် ခွင့်ပြုတယ်လို့ သဘောထားပြီး ဆန္ဒပြ လို့ရတယ်” ဟု သူရဦးအောင်ကိုက ရှင်းပြသည်။

မူလဥပဒေတွင်ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပါက အနည်းဆုံးထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေကျပ်သုံးေ သာ င်း သော်လည်းကောင်း ပြစ်ဒဏ် နှစ်ရပ်လုံးသော်လည်းကောင်း ကျခံရမည်ဟူသည့် အချက်ပါဝင်ခဲ့ပြီး ယ ခု ပြင်ဆင်မည့် ဥပဒေကြမ်း၌မူ ယင်းအချက်ကို လုံးဝပယ်ဖျက်ထားကြောင်း သိရသည်။ ထို့ပြင် ဆန္ဒပြ လို သူ များ၏ အကြောင်းကြားမှုကို သက်ဆိုင်ရာက တားမြစ်ခြင်းကို ဥပဒေအသစ်က လက်ခံမည်မဟုတ်ဟုဆို သည်။

“တားမြစ်တာကို အခုပြင်ဆင်တဲ့ ဥပဒေကလက်မခံဘူး။ တားလို့လဲ မရတော့သလို ဆန္ဒပြတာကို သက် ဆို င်ရာရဲတပ်ဖွဲ့တွေကတောင် ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးရမယ်။ ပြစ်မှုပြစ်ဒဏ်တွေလည်း မကျနိုင်တော့ ဘူး” ဟု သူရဦးအောင်ကိုကရှင်းပြသည်။ အခန်းရှစ်ခန်းပါဝင်ပြီး ပုဒ်မပေါင်း ၂၀ ကျော်ရှိသည့် ယခု ကျင့် သုံးနေသည့် ဥပဒေ၏ အချို့ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ခြင်း၊ အချို့ကို ပြင်ဆင်ခြင်းများပြုလုပ် ကာ “ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ” ဟု ဥပဒြေ ကမ်းကို အမည်ပေးထားကြောင်းဆိုသည်။

ယင်းသို့ပြင်ဆင်ခြင်းသည် ယခုနှစ်ကုန်၌ နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောဆိုထားသည့် နိုင်ငံရေးအ ကျဉ်း သား မရှိစေရဟူသည့်ဆန္ဒကို ပံ့ပိုးခြင်းလည်းဖြစ်သည်ဟု သူရဦးအောင်ကိုကဆိုသည်။ “၂၀၁၃ ကုန်တဲ့အ ခါမှာ နိုင်ငံရေးအ ကျဉ်းသားမရှိစေရ၊ မရှိအောင်လဲလုပ်လို့ နိုင်ငံတော်သမ္မတကလဲ ပြောထားတယ်။ အကြီး အကဲရဲ့ဆန္ဒကို ပံ့ပိုးပေးတဲ့သဘောနဲ့ ဒီဥပဒေကြမ်းကို ရေးဆွဲတာလဲပါပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် မူလဥပဒေ ပါ ခွင့်ပြုမိန့်ဆိုသည့် စာသားအစား “အကြောင်းပြန်ကြားစာ” ဟူ၍လည်းကောင်း၊ “ခွင့်ပြုမိန့်လျှောက် ထာြး ခင်း” နေရာတွင် အကြောင်းကြားစာပေးပို့ခြင်း ဟူ၍လည်းကောင်း ပြင်ဆင်ထားကြောင်းတွေ့ရသည်။ ထို့ အတူ မူလဥပဒေပါ ခွင့်ပြုမိန့်ရရှိရန်ဟူသည့်အစား ကူညီဆောင်ရွက်ပေးနိုင်ရန်” ဟု ပြင်ဆင် ထားသည်။

အထူးသဖြင့် မူလဥပဒေ အခန်း ၄ ပုဒ်မ ၅ ပါ ခွင့်ပြုမိန့်ထုတ်ပေးဖြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်း ပယ် ခြ င်းပြုနိုင်သည်ဟုသည့် စကားရပ်ကို အပြီးတိုင် ပယ်ဖျက်ခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှ င့် ငြင်းပယ်ခံ ရခြ င်းအတွက် အယူခံဝင်ခြင်းများနှင့်ပတ်သက်သည့် ဥပဒေသုံးရပ်အား ပယ်ဖျက်ခြင်းတို့အပြင် ပြစ်မှုပြစ် ဒဏ် ချမှတ်ခြင်းကိုလဲ ပယ်ဖျက်ထားကြောင်းသိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List