Wednesday, November 6, 2013
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။
"ဒီလိုဟာတွေက ဒီမိုကရေစီ ယဉ်ကျေးမှု အတွက်လည်း မကောင်းဘူး။ ပညာရေး အတွက်လည်း မလိုအပ် တဲ့ ကုန်ကျမှုတွေ အင်မတန်မှ များပါတယ်။ ဒီလိုဟာတွေ သုံးမယ့်အစား တကယ်လိုအပ်တဲ့ နေရာတွေမှာ သုံးစေချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။
ထို့အပြင် ပညာရေး မြှင့်တင်ရန်အတွက် ပညာရေး ၀န်ကြီးဌာန အနေဖြင့် လွှတ်တော်နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ပညာရေး ဘတ်ဂျက်မှာ သုံးမယ့်ငွေဟာ ပညာရေးအတွက် မဟုတ်ဘဲ အခြားအတွက် ဖြစ်နေတာနဲ့ ပတ်သက်လို့ ပညာရေး ၀န်ကြီးဌာန တောင်းခံဖို့ တင်ပြတယ်။ ဟိုတစ်နေ့က ဆွေးနွေးတာ ကျွန်တော်ကြားတဲ့ အခါကျတော့ စိတ်မကောင်းလိုက်တာ။ ပ ညာရေး ၀န်ကြီးဌာနက ဘာကြောင့်ဒီလောက်တောင် သုံးလဲ။ ကျွန်တော်တအား ရှက်တာပဲ" ဟု ပညာရေး ၀န်ကြီးဌာနမှ ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် ပညာရေးအတွက် မဟုတ်ဘဲ အခြားကိစ္စရပ်များ သုံးစွဲရန် ထည့်သွင်းတောင်းခံမှုအပေါ် ပြောကြားသည်။
ပညာရေးစနစ် နိမ့်ကျနေသေးသည်ဟု ပြောဆိုနေကြသော်လည်း ပညာရေး မြှင့်တင်ရန်အတွက် ၀ိုင်းဝန်းေ ဆာင်ရွက်ရန် အားနည်းနေကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ပညာရေး ၀န်ကြီးဌာန အနေဖြင့် နောက်ထပ်ဖြည့်စွက် ရန်ပုံငွေ တောင်းခံခဲ့ရာတွင် SEA Games ကျင်းပရာ တွင် ပညာရေး ၀န်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက် ရမည့်အပိုင်းတွင် ကျောင်းသားကျောင်းသူ ဆရာ ဆရာမများ အသွားအပြန် အသုံးစရိတ်၊ ဓာတ်ဆီဖိုး အသုံးပြုရန်အတွက် လည်းကောင်း၊ နိုင်ငံခြား ဧည့်သ ည်များ လာရောက်ရာတွင် ကြိုဆိုရမည့် ကျောင်းသူကျောင်းသားများ အသွားအပြန် ဓာတ်ဆီဖိုးနှင့် အသုံး စရိတ်တို့ကို ထည့်သွင်းတောင်းခံခဲ့ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment