Monday, November 04, 2013

ယခင် စစ်ထောက်လှမ်းရေး အရာရှိ ဟောင်း ၏ သား က မဇ္ဈိမ သတင်းဌာန ကို ဦးဆောင်မည်

Sunday, 03 November 2013
၂၀၀၄ ခုနှစ် တွင် ရာထူး မှ ဖယ်ရှားခံရ ကာ ထောင်သွင်း အကျဉ်းချ ခံရသည့် စစ်ထောက်လှမ်းရေး အရာရှိ ဟောင်းဖြစ်သူ လေတပ် ထောက်လှမ်းရေး ဗိုလ်မှူးချုပ် သိန်းဆွေ ၏ သား ဦးမြတ်ဆွေ ခေါ် ဆန်နီဆွေ မှ အသစ် ပြန်လည် ဖွဲ့ စည်း လိုက်သည့် မဇ္ဈိမ သတင်းဌာန တွင် အမှုဆောင်အရာရှိချုပ်အဖြစ် ဦးဆောင် မည်ဖြစ်သည်။
ဦးဆန်နီဆွေ သည် မစ္စတာ ရောစ်ဒန်ကလေ နှင့် အတူ Myanmar Times သတင်း ဂျာနယ် ကို တွဲဖက် တည်ထောင် ခဲ့သူ ဖြစ် ပြီး ၂၀၀၄ ခုနှစ် တွင် စစ်ထောက်လှမ်းရေး အားဖျက်သိမ်းစဉ် ထောင်ဒဏ် ချမှတ် ခံရ ပြီး နောက် မကြာသေးခင် က မှ အကျဉ်းထောင်မှပြန်လည် လွတ်မြောက်လာခဲ့သည်။
ဦးဆန်နီဆွေ ၏ Myanmar Times မှ အစုရှယ်ယာများ ကို လွန်ခဲ့သည့် နှစ်အနည်းငယ် က ပြည်မြန်မာဂျာန ယ် ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦး က ပြန်လည်ဝယ်ယူက ဦးဆန် နီဆွေနှင့် မြန်မာတိုင်းမ်ဆက်စပ်မှု ကို ပြီးဆုံဲး့စေခဲ့သည်။
မဇ္ဈိမ သတင်းဌာန ကို ဦးဆန်နီဆွေ မှ ဦးဆောင်မှု နှင့် ပတ်သက် ၍ ရန်ကုန်မြို့  ရှိထင်ရှားသော သတင်း စာ ဆရာတစ်ဦး က ထောက်လှမ်းရေး ဟောင်း တွေ ပြန်လည် လှုပ်ရှားမှု ထဲ က တစ်ခု ပေါ့၊သူတို့ က မီဒီယာ နဲ့  ယဉ်ပါးတယ် ၊ ဗိုလ်ချုပ်မှုးကြီး နဲ့  မတူဘူး ဟု FNG ကို ပြောသည်။
မဇ္ဈိမ သတင်းဌာန ယခင်က ဆယ်စုနှစ် တစ်စု ကျော်ကြာ ပြည်ပ တွင် အခြေစိုက် ၍ ဒီမိုကရေစီ ရေး ၊ လူ့ အခွင့်ရေး နှင့် ပတ်သက်သည့် သတင်းများ ကို ဦးစားပေး ဖော်ပြခဲ့သည်။
အသွင် သစ် မဇ္ဈိမ သတင်းဌာန တွင် ထင်ရှားသော စီးပွားရေး လုပ်ငန်း ရှင် ဦးသိန်းဝေသည် လည်း ရင်းနှီးမြုပ်နှံ သူ တစ်ဦး အဖြစ် ပါဝင်လာသည်။
မဇ္ဈိမမီဒီယာကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ ဦးစိုးမြင့်က မူ အယ်ဒီတာ ချုပ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင် မည် ဖြစ်သည်။
Freedom News Group(Burma)

No comments:

Post a Comment

My Blog List