Thursday, November 07, 2013

ပညာရေး ဒု-၀န်ကြီး အရှက်ရစေခဲ့သည်ဟုဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လွှတ်တော်များသို့ စာပို့

Thursday, 07 November 2013

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့သော စကားရပ်ကြောင့် ပညာရေးဝန်ကြီးဌာန ဒု တိယ၀န်ကြီး လွှတ်တော်တွင် အရှက်ရစေခဲ့သည်ဟုဆိုကာ ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော် အ သီးသီးသို့ အောက်တိုဘာ ၂၃ ရက်က ရည်ညွှန်းစာတစ်စောင်ကို ပေးပို့ထားကြောင်း အမျိုးသားလွှ တ်ေ တာ်ဥက္ကဋ္ဌက နိုဝင်ဘာ ၆ ရက် လွှတ်တော်အစည်းအဝေးအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များသို့ အ သိပေး ပြောကြားလိုက်သည်။

အဆိုပါရည်ညွှန်းစာတွင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေးတွင် ပညာရေးဆိုင်ရာမေးခွန်းများအား ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာဆန်းလွင်က ဖြေကြားခဲ့ရာတွင် ကျောင်းသားများ အလွတ်ကျက်၍ လာ ဖြေ သည့်ပုံစံဖြစ်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည့်အပေါ် အရှက်ရစေသဖြင့် ယင်းကဲ့ သို့ ရ ည်ညွှန်းစာပို့ခဲ့ရကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ရည်ညွှန်းစာပို့ခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “ပ ညာရေး ဒု-၀န်ကြီးက ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ လာဖြေတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ေ အာ င်မြင့်က“စာကျက်ထားသလိုပဲ”လို့ ပြောလိုက်တဲ့အပေါ်မှာ ဒုဝန်ကြီးက ရှက်သွားတယ်။ ဒါကိုမကျေ နပ်ခဲ့ ရင် သူ့အထက်က ၀န်ကြီးကို ပြောသင့်တယ်၊ ဒု-၀န်ကြီးကလည်း အစိုးရအဖွဲ့ကိုယ်စား လာပြော တာဖြစ် တဲ့အတွက် အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတကို ပြောသင့်တယ်၊ သမ္မတကမှ အမျိုးသားလွှတ် တော် ဥက္က ဋ္ဌကို စာပို့တာမျိုးပဲဖြစ်ရမှာ၊ အခုကတော့ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စု လွှတ်တော် ညွှ န်ကြားရေးမှူးချုပ်ဆီ စာပို့တယ်။ တစ်ခါ သူက အမျိုးသားလွှတ်တော် ညွှန်ချုပ်ဆီ စာပို့ တယ်။ ပြီးတော့မှ အမျိုးသားလွှတ်တော် ညွှန်ချုပ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဆီကို စာပို့တယ်။ အဲ့ ဒါဘယ်လိုဖြစ်သွားသ လဲဆိုတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ညွှန်ချုပ်တွေရဲ့ အော က်ကို ရောက်သွား တယ်။ ဒါမျိုးက မဖြစ်သင့်ပါဘူး”ဟု သုံးသပ်ပြောဆိုသွားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List