Friday, November 08, 2013

အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများအား သတင်းပေးပို့နိုင်သည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား ပြင်သစ်တွင် ဖြန့်ချီ


friday , Novenber ,2013
အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများနှင့် စကားများကို တိုင်ကြားနိုင်မည့် ဖုန်းဆော့ဖ်ဝဲတစ်ခုအား ပြင်သစ်ရှိ အစ္စလာမ်ကြောက်ရောဂါတိုက်ဖျက်ရေး အဖွဲ့တစ်ခု ဖြစ်သည့် The Collectif Contre l’Islamophobie en France(CCIF) ပြင်သစ်နိုင်ငံတွင် တနင်္လာနေ့က စတင်ဖြန့်ချီခဲ့သည်ဟု သိရသည်။
ထိုဆော့ဖ်ဝဲအား အိုင်ဖုန်း၊ အိုင်ပက်နှင့် အန်ဒရွိုက်ဖုန်းများတွင်ပါအသုံးပြုနိုင်မည်ဖြစ်ပြီး၊ အသုံးပြုသူများအနေဖြင့် လူမျိုးရေးခွဲခြားသူများနှင့် အစ္စလာမ်ဆန့်ကျင်ရေး အပြုအမူများအား စီစစ်နိုင်မည်ဖြစ်သည်။ ထို့ပြင် မိမိ၏ပတ်ဝန်းကျင်တွင် ထိုကဲ့သို့သောလုပ်ရပ်များ ရှိ၊ မရှိကို စစ်ဆေးနိုင်ပြီး အဓိကအားအဖြင့် ထိုကဲ့သို့သော
အဖြစ်အပျက်များဖြစ်ပွားလာပါက ကျူးလွန်ခံရသူများနှင့် မျက်မြင်သက်သေများက ထိုဆော့ဖ်ဝဲအား အသုံးပြုကာ သတင်းပေးပို့နိုင်မည်ဖြစ်သည်။
“(ဆော့ဖ်ဝဲကိုထုပ်လုပ်ရခြင်းရဲ့) အဓိကရည်ရွယ်ချက်ကတော့ ဒီလိုခွဲခြားဆန့်ကျင်တဲ့ အပြုအမူတွေဖြစ်လာတဲ့အခါ ချက်ခြင်း သတင်းပေးပို့နိုင်ဖို့ပါ။ ပြီးတော့ အစ္စလာမ် ကြောက်ရောဂါရှိသူတွေရဲ့ အန္တရာယ်ပေးမှုကို ခံရတဲ့သူတွေကို ဥပဒေဆိုင်ရာ အကြံအဥာဏ်တွေပေးဖို့နဲ့၊ သူတို့ရဲ့ ရပိုင်ခွင့်တွေအကြောင်းကို သတင်းပေးဖို့လည်း ဖြစ်ပါတယ်” ဟု CCIF ၏ ပြောရေးဆိုခွင့်ရှိသူ Babacar Sene က The Local သတင်းစာသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List