Wednesday, November 06, 2013

ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက်ရှည် ဘယ်အချိန်ထိ ဆက်မက်နေရဦးမလဲ

Wednesday, November 6, 2013

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လွန်ခဲ့သော အောက်တိုဘာလတွင် ကျင်းပမည် ဟု သတင်း ထွက်ခဲ့သော်လည်း လေထဲတိုက်အိမ်ဆောက်သလို ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ အော က်တို ဘာ(၃၀)ရက်ကနေ နိုဝင်ဘာ(၂)ရက်နေ့အထိ လိုင်ဇာမှာ အပစ်ရပ်ရေး အကြိုဆိုပြီး တိုင်းရင်းသား ညီလာခံကြီး ကျင်းပခဲ့တယ်။ ဘုံသဘော တူညီချက်တွေနဲ့ လက်မှတ်တွေ ထိုးခဲ့ကြတယ်။

ဒါပေမယ့် အဲဒီလက်မှတ်ရေးထိုးပွဲမှာ RCSS က လက်မှတ်မထိုးဘူးလို့ သိရပါတယ်။ UNFC နဲ့ အခြား တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်ထိုးခဲ့တယ်။ ဒီတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲ ရေးမှာ RCSS က ဒီလိုင်ဇာ ကြေညာချက်အတိုင်း လက်မှတ်မထိုးဘူးဆိုတဲ့သဘော သက်ရောက်နေပါ တယ်။ အခုကတည်းကစပြီး ဇာတ်ခေါင်းကွဲပြီလို့ တောင် အသံဗလံတွေ ထွက်လာပါတယ်။

အခုလည်း နိုဝင်ဘာ(၄)ရက်နေ့ကစပြီး မြစ်ကြီးနားမြို့မှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရ င်းသား လက်နက်ကိုင် အဖွဲ့(၁၆)ဖွဲ့တို့ ဆွေးနွေးနေကြပြန်ပါပြီ။ ရလာတဲ့အဖြေကတော့ တစ်နိုင်ငံလုံး အပ စ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလမှာ လည်း မပြုလုပ်နိုင်သေးဘူးဆိုတဲ့ရလဒ်ပဲဖြစ်ပါတယ်။ ဒါဖြင့်ရင် အပစ် ရပ်ရေးက ဒီဇင်ဘာမှာ လုပ်မှာလား၊ ၂၀၁၄ မှာ လုပ်မှာလားလို့ မေးစရာဖြစ်နေပါပြီ။ ပြည်သူတွေအား လုံး မျှာ်လင့်စောင့်စားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အိပ်မက်က ဆက်ပြီးရှည်နေဦးမယ့်သဘော ဖြစ်နေပါ တယ် ။တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစ ည်း အားလုံး ပါဝင် ပါတယ်။

UNFC တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ လက်မှတ်မထိုးခဲ့တဲ့ RCSS လည်း ပါရမယ်။ UWSA (၀)အဖွဲ့နဲ့ N DAA (မိုင်းလား) အဖွဲ့လည်း ပါရမယ်၊ ဒါမှသာ ပြည်တွင်းငြိမ်းချမ်းရေးရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးပါဝင်ဖို့ဆိုတာ နည်းနည်းတော့အခက်ခဲတွေရှိနေတယ်လို့ ယူဆနိုင်ပါတယ်။

လိုင်ဇာမှာလုပ်တဲ့ တိုင်းရင်းသားညီလာခံမှာ UWSA (၀)အဖွဲ့နဲ့ NDAA (မိုင်းလား)အဖွဲ့နှစ်ဖွဲ့ မတက်ရော က် ခဲ့ပါဘူး။ မတက်ရောက်တဲ့အတွက် ဘုံသဘောတူညီမှုတွေကိုလည်း သဘောတူလက်မှတ်မ ထိုးနိုင်ခဲ့ ပါဘူး။ အခုလောလောဆယ် လိုင်ဇာဆွေးနွေးပွဲက ဘုံသဘောတူညီမှုတွေကို လက်မှတ်မထိုးခဲ့တဲ့အတွက် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို တက်ရောက် လက်မှတ်ထိုးဖို့ မရေရာတဲ့အဖွဲ့(၃)ဖွဲ့ရှိနေပါပြီ။ ဒါမှမ ဟုတ် UNFC ဦးစီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မပေါင်းဘဲတစ်ဖွဲ့ချင်းစီ လက်မှတ်ထိုးနိုင်တယ် လို့ လည်း ထင်မြင် ယူဆချက်တွေ ထွက်ပေါ်လာတယ်။လူများပြီးပွဲမစည်တဲ့ ဇာတ်အဖွဲ့လို ဖြစ်နေပါပြီ။

ခေါင်းဆောင်ပိုင်းတွေကြားမှာလည်း သူ့အဖွဲ့ကိုယ့်အဖွဲ့ဆိုပြီး အာဏာ၊ နေရာ လွန်ဆွဲမှုတွေလည်း ရှိနေ တယ်လို့ သတင်းတွေထွက်လာပါတယ်။ အစိုးရနဲ့တွေ့ဆုံ ဆွေးနွေးပွဲမှာ တောင်းတာ မရရင် ပြည်တွင်းစ စ် ပွဲတွေရှည်ကြာဦးမယ်လို့ ပြောထားတာရှိပါတယ်။ အစိုးရက အလျော့ပေးလို့ တိုင်းရင်းသားတွေဘက်က လို ချင်တာမှန်သမျှ အကုန်တောင်းလာတဲ့ သဘောပါ။ အစိုးရ ဘက်ကရော တောင်းသမျှလိုက် လျောနိုင် ပါ့မ လား စဉ်းစားစရာပါ။ တကယ်လို့ အဆင်မပြေမှုတွေများလာရင် ပြည်တွင်းငြိမ်းချမ်းရေးလည်းရဖို့ မလွ ယ်ပါ ဘူး။ဒီတော့ အစိုးရအဖွဲ့ကိုရော တိုင်းရင်းသားအဖွဲ့တွေကိုပါ မေးချင်တာတစ်ခုက ပြည်တွင်းငြိမ်း ချမ်း ရေး အိပ်မက် ရှည် ဘယ်အချိန်ထိ ဆက်မက်နေရဦးမလဲဆိုတာပါပဲဗျာ။

နေ၀န်းနီ

No comments:

Post a Comment

My Blog List