Wednesday, November 06, 2013

ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ခိုင်မာရင် အာဏာရှင်တွေ ခေါင်းထောင်နိုင်မှာမဟုတ်ဘူး

Wednesday, November 6, 2013
ဒီမိုကရေစီနိုင်ငံတစ်ခုပေါ် ပေါက်လာစေရေးအတွက်ပွင့်လင်း လူ့အဖွဲ့အစည်းများစွာလိုအပ်ပြီး ပွင့်လင်းလူ့ အဖွဲ့အစည်းများခိုင်မာ ပါက အာဏာရှင်များခေါင်းထောင် နိုင်မည်မဟုတ်ဘဲပွင့်လင်းလူ့အဖွဲ့ အစည်းများ အားမကောင်းပါက အာဏာရှင်များခေါင်းထောင်လာ မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှ င့်ပွင့်လ င်းလူ့အဖွဲ့ အစည်းမှ ကိုမင်းဇေယျ ကပြော ကြားခဲ့သည်။

““ပွင့်လင်းလူ့အဖွဲ့အစည်းဆို တာလွတ်လပ်တဲ့အရပ်ဘက်အဖွဲ့ အစည်းတွေပဲ။ ဒီမိုကရေစီနိုင်ငံကို သွားတဲ့ အခါပွင့်လင်းလူ့အဖွဲ့အစည်း တွေပေါ်ပေါက်ဖို့လိုတယ်။ ကျွန်တော်တို့မြို့၊ ဒေသ၊ နယ်မြေ ကို ကျွန်တော်တို့ ပိုင်တယ်။ အဲဒါကို ပျက်စီးအောင်၊ ဒုက်္ခရောက်အောင် လုပ်တဲ့လူတွေကိုတိုက်ထုတ်ရမယ်။ ကျွန်တော်တို့ နိုင်ငံကဒီမိုကရေစီ နိုင်ငံကို သွားနေတယ်။ လုပ်ကြ ပါလို့လည်း ပြောနေကြတယ်။ ဒီမိုကရေစီ ကို တောင်း လို့မရဘူး၊ တိုက်လို့မရဘူး၊ ကျင့်ယူရမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ကောင်းမွေ၊ ဆိုးမွေကို ကိုယ်ပဲခံရမှာ။ ဒါ့ေ ကြာင့် ကိုယ်တိုင်ကြိုးစားရပါမယ်”” ဟု ၎င်းမှဆက်လက်ပြောကြားခဲ့သည်။
အစိုးရဆိုသည်မှာပြည်သူက တာဝန်ပေးခန့်အပ်ထားခြင်းဖြစ် သော်လည်း အချိန်ကြာလာသော အခါသ ခင်ဖြစ်သွား၍ပြည်သူများမှာ ကျွန်ဖြစ်သွားကြောင်း၊ ၎င်းတို့၏ အမိန့်ကြေညာချက်များကိုပြည်သူ များက  လိုက်နာနေရကြောင်း၊ ယခုကဲ့သို့ဒီမိုကရေစီနိုင်ငံတော်သို့ သွားရာတွင်ယူနီဖောင်းဝတ်များကို မျက်လုံး ချင်း ဆုံပြီးပြန်ပြောရဲဖို့လို နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုမင်းကိုနို င်ကပြောကြား ခဲ့သည်။

 ပွင့်လင်းမြင်သာမှုမရှိသော လူ့အဖွဲ့အစည်းများကိုပွင့်လင်း မြင်သာမှုရှိလာစေရန်ပြန်လည် ကြိုးစား သွားရ မည်ဖြစ်ပြီး မတရား မှု၊ တရားဥပဒေဖြင့်မညီညွတ်မှု များကို ဒီမိုကရေစီရပိုင်ခွင့်များ တာဝန်ယူမှုများနှ င့်ပြန် လည်လုပ် ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံသားများကိုယ်တိုင် တိုင်းပြည်တည်ေ ဆာက် ရန်အ တွက် ကြိုးစားသွားရမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းမှ ကိုဌေးကြွယ် က ပြောကြားခဲ့သည်။

Hot News Journal

No comments:

Post a Comment

My Blog List