Thursday, November 07, 2013

တရုတ်နိုင်ငံ ကွန်ပြူနစ်ပါတီဌာနချုပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

Thursday, November 7, 2013
နိုဝင်ဘာလ ၆ရက် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရှန်ဇီပြည်နယ်တွင် ကွန်ပြူနစ်ပါတီ၏ ပြည်နယ် ကော်မတီ အဆောက်အဦရှေ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိ ခဲ့သည်။

ထိုနေ့က ဒေသစံတော်ချိန် နံနက် ၇နာရီ ၄၀မိနစ်က ရှန်ဇီးပြည်နယ်၏ မြို့တော် ထိုင်းယွမ်မြို့မှ ယင်းဇီလမ်း တွင် တည်ရှိ သော ကွန်ပြူနစ်ပါတီ အဆောက်အဦရှေ့မှ ပေါက်ကွဲမှုများသည် လက်လုပ်ဗုံးငယ် များဖြစ် သည် ဟု အာဏာပိုင်များက ဆိုသည်။
နိုင်ငံပိုင် CCTV ရုပ်သံဌာနက ပေါက်ကွဲမှုများအနက် အချို့သည် ပါတီအဆောက်အဦ ၀င်ပေါက်ရှိပန်းခင်း ထဲတွင်ဖြစ်ကြောင်း၊ မျက်မြင်သက်သေများက ပေါက်ကွဲမှုပေါင်း ခုနှစ်ကြိမ်၊ ရှစ်ကြိမ်ခန့်ဖြစ်သည်ဟု အမျိုး မျိုး ပြောဆိုလျက်ရှိကြောင်းနှင့် ပြည်နယ်အုပ်ချုပ်ရေးခေါင်းဆောင်းများနှင့် လူထုလုံခြုံရေးအတွက် အရေးေ ပါ် အစည်းအဝေး ချက်ချင်းခေါ်ယူခဲ့ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်က ဘေကျင်းမြို့မှ တီအန်နန်မန်းစကွဲတွင်နိုင်ငံခြားခရီးသည် ၂နှစ်ဦး သေ ဆုံး ကာ လူများစွာ ဒဏ်ရာရရှိစေခဲ့သည့် အဖြစ်အပျက်နောက်ပိုင်း ယခုတစ်ကြိမ်ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ယခုဖြစ်ရပ်များ၏ နောက်ကွယ် တွင် အရှေ့တာကစ္စတန်အစ္စလာမ္မစ လှုပ်ရှားမှု၏ သီးခြားအဖွဲ့ ငယ်တစ်ခု ၏ လက်ချက်ဖြစ်သည်ဟု ထိပ်တန်း လုံခြုံရေး အရာရှိများက ခန့်မှန်းထားသည်။

Ref: Xinhua
The Myanma Age

No comments:

Post a Comment

My Blog List