Tuesday, November 05, 2013

ဒီမိုကရေစီ အခွင့်အရေးနှင့် ပြည်သူ့ဘုံပိုင် သဘာဝ အရင်းအမြစ် ရှင်းတမ်း

Tuesday, November 5, 2013
နိုင်ငံ တစ်ခု၏ သဘာဝ သယံဇာတ အရင်းအမြစ် များသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင်ေ သာ ပြည် သူပြ ည်သား အားလုံးနှင့် သက်ဆိုင်ပြီး အားလုံး ဘုံပိုင် ဆိုင်သော အရာဟု လည်းဆိုနိုင်ပါသည်။

ထိုအချက်ကြောင့်ပင် ဒီမိုကရေစီ နိုင်ငံတော် တစ်ခုဟု သေချာပါက ပြည် သူများ အနေနှင့် အစိုးရမှပြည်သူ ကိုယ်စား တာဝန်ယူ အုပ်ချုပ်၍ သယံဇာတ အရင်း အမြစ် တူးဖော် ထုတ်လုပ်ခြင်းမှ ရရှိသည့် အခွန်အတု တ် အပါအဝင် ဘဏ္ဍာငွေ အသီးသီးကို သိရှိခွင့်၊ ပြောဆိုမေးမြန်း ပိုင်ခွင့်သည် ရှိရမည်ဖြစ် သည်။
မြန်မာနိုင်ငံ၏ ပြည်ပ တင်ပို့မှုများ တွင် သဘာဝ သယံဇာတ များဖြစ်သော ရေနံ၊ သစ်နှင့် ကျောက်မျက် ရ တနာ တင်ပို့မှုသည် ငါးဆယ် ရာခိုင်နှုန်းကျော် ရှိ ကြောင်း ဘဏ္ဍာရေး နှင့် ပတ်သက်၍ ပွင့် လင်းမြင် သာေ ရး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခု ဖြစ်သော RWI (Revenue Watch International) ၏ Myanmar Ex port 2010 ထုတ်ပြန်ချက် အရ သိရ သည်။

ပျိုးပင် အစီအစဉ် မှ ဦးဆလိုင်း ကျုံးလျန်ထောင်းက ”ဒါကို ကြည့်ရင် ကျွန်တော်တို့နိုင်ငံက သဘာဝသယံ ဇာတ ထုတ်လုပ် တင်ပို့မှုကို တော်တော် ကြီး မှီခိုနေရ တဲ့ နိုင်ငံဖြစ် တယ်”ဟု ၄င်း က သုံးသပ်သည်။

သဘာဝ သယံဇာတ ကြွယ်ဝသော နိုင်ငံတစ်ခုတွင် သယံဇာတ တူးဖော် ထုတ်လုပ်ခြင်းမှ ရရှိသော ဝင်ငွေ များ၊ အခွန် ဘဏ္ဍာများနှင့် ၄င်းတို့ကိုသုံးစွဲမှု တို့ကို ဖော်ပြပေး မည့် ပွင့်လင်းမြင်သာမှု ရှိသော စံနှုန်းတစ်ခု မှာ မရှိမဖြစ် လိုအပ် သည်။

ယင်းသို့ ပွင့်လင်းမြင်သာမှု ကို ဖော်ဆောင်နိုင်မည့် သဘာဝ သယံဇာတ အရင်းအမြစ်များမှ ရရှိသော ဝင်ေ ငွများ နှင့်ပတ်သက်သော ကမ္ဘာလုံး ဆိုင်ရာ စံ နှုန်း EITI ကိုမြန် မာနိုင်ငံတွင် အကောင် အထည်ေ ဖာ်ေ ဆာင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ၂ဝ၁၂ နှစ်ကုန်ပိုင်းတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

EITI စံနှုန်းတွင် သဘာဝသယံ ဇာတအရင်း အမြစ်များ တူးဖော်ထုတ် လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက် ၍ အစိုးရမှ ရရှိသော ဝင်ငွေများ အခွန်များ နှင့် ၄င်းတို့ကို မည်သို့ သုံးစွဲ ခဲ့သည်ကို ဖော်ပြပေးရသည်။ ထို့ အတူပင် ကုမ္ပဏီ များဘက်မှလည်း အစိုးရသို့ အခွန်မည် မျှပေးသွင်းရ သည်။ မည်မျှ တူးဖော် ထုတ်လုပ် သည်နှင့် ဒေသ ဖွံ့ဖြိုးရေး အ တွက် မည်သို့ သုံးစွဲခဲ့သည်ကို ဖော်ပြပေး ရသည်။ ယင်းဖော်ပြချက်များ မှန် ကန်မှု ရှိမရှိကို အရပ်ဘက် လူ့အဖွဲ့အစည်းမှ တိုက်ဆိုင် စစ်ဆေးရသည်။

”ကုမ္ပဏီတွေ က အစိုးရကို ဘယ် လောက်ပေးတယ်။ အစိုးရက သူဘယ် လောက်ရတယ် ဆိုတာကို ဖော်ြ ပရတယ်။ အဲဒါမျိုး အစ်မတို့ဆီမှာ တစ်ခါမှ မရှိခဲ့ဘူး” ဟု မြန်မာနိုင်ငံတွင် EITI ဖော်ဆောင်ရေး အတွက် ကြားခံဆောင် ရွက်ပေးနေသော NGO တစ်ခုဖြစ်သည့် MDRI မှ ဒေါ်ကေသီက ပြောသည်။

► ဒီမိုကရေစီ၏ အခြေခံရပိုင်ခွင့်

သဘာဝ သယံဇာတများ တူးဖော် ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ပြည်သူ များပြောဆိုခွင့်၊ သိရှိခွင့် များသ ည် ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲလျှောက် လှမ်းနေသော မြန်မာနိုင်ငံ အတွက် အစိုးရ၊ ပြည်သူနှင့် အရ ပ်ဘက် အဖွဲ့ အစည်းများ ကြား ပွင့်လင်းမြင်သာမှု ရရှိပြီး ယုံကြည်မှု များကို တိုးစေနိုင်ေ သာ အ ကြောင်း တရားများဖြစ်သည်။

သို့ရာတွင် တပ်မတော် အစိုးရ အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီနိုင်ငံ အဖြစ် လျှောက်လှမ်းလာ သည်မှာ နှ စ် နှစ်ကျော် သုံးနှစ်တာ ကာလသာ ရှိသေး သည့် မြန် မာနိုင်ငံ အဖို့ EITI ခေါ် သဘာဝ သယံဇာတ တူးေ ဖာ် ထုတ်လုပ် ရေး လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ရှိရေး ဆောင်ရွက်မှု ကို ယခုအချိန်တွင် ဖော်ဆောင်ရန် ကြိုးစားသည် မှာ အခြား အာဆီယံ န်ုင်ငံ များနှင့် ယှဉ်ပါက ရှေ့ ရောက်နေသည် ဟုပင် ဆို၍ရကြောင်း M DRI မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ကိုမင်းဇာနည်လင်းက ပြောသည်။

EITI စံနှုန်းကို အကောင်အထည် ဖော်ရန်အတွက် ရှေးဦးစွာ EITI အဖွဲ့ ဝင်လောင်းနိုင်ငံ အဖြစ်လျှောက် ထားရန် လိုအပ်သည်။ အဖွဲ့ဝင်လောင်း အဖြစ် လျှောက် ထားရန် အချက် ၄ ချက်လိုအပ် သည်။

လာမည့် ဒီဇင်ဘာလတွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံ အဖြစ် လျှောက် လွှာတင်မည့် မြန်မာနိုင်ငံမှာ လိုအပ် ချက် ၄ ခုအနက် ၂ ခုကို ဖော်ဆောင် ရန် ကျန်ရှိနေသေး သည်။

အထက်ပါ လိုအပ်ချက်နှစ်ခု မှာ EITI စံနှုန်းတွင် အဓိကကျသော အရပ် ဘက် လူမှုအဖွဲ့အစည်းမှ ကိုယ် စားလှယ် များ၊ ကုမ္ပဏီ များမှ ကိုယ်စားလှယ် များ နှင့် အစိုးရ ဘက်မှ ကိုယ်စားလှယ်များ သုံးဦးသုံးဖလှယ် ပါဝင်သော ညွန့်ပေါင်း အဖွဲ့ (MSG) ကိုဖွဲ့စည်းရန်နှင့် EITI ဘုတ်အဖွဲ့မှ ချမှတ်ပေးထားသော အစီ ရင်ခံ စာ တင်ခြင်းနှင့် တိုက်ဆိုင် စစ်ဆေး ခြင်း လုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပြီး စီးစေနိုင်သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List