Thursday, November 07, 2013

"လက်ပံတောင်း တောင်စီမံကိန်းမှလယ်တီသိမ်နှင့် စေတီတော် ပြောင်းရွှေ့ရေး သမ္မတရုံးဝန်ကြီး ဌာန ၆ မှ လွှတ်တော်တင်မည် "

Thursday, November 7, 2013

လက်ပံတောင်းတောင် စီမံကိန်း ဧရိယာ အတွင်းမှ လယ်တီ ဆရာတော် ကြီး သိမ်နှင့် စေတီတော် ပြော င်းရွှေ့ရေး ကိစ္စတို့ကို သမ္မတရုံး ဝန်ကြီးဌာန (၆) က လွှတ်တော် သို့ မကြာမီ တင်သွင်းဆွေး နွေးေ တာ့မ ည်ဟု အဆိုပါ ဝန်ကြီး ဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စီမံကိန်း ဧရိယာ အတွင်း ပါဝင်ပြီး ဝင်ရောက် ဖူးမြော်ခွင့်အား ကြိုတင် ခွင့် ပြုချက်ဖြင့် ကန့်သတ် ထားေ သာ အဆို ပါ သိမ်နှင့် စေတီတော် ကိစ္စကို လွှတ်တော်၏ သဘော အတိုင်း သာဖြစ်ရန် တင်ပြခြင်း ဖြစ်သ ည်ဟု ၄င်းကဆိုသည်။
”အသေးစိတ် ကိုတော့ လွှတ်တော် မှာပဲ ပြောပါ့မယ်”ဟု ၄င်းက ဆက် ပြောသည်။

လက်ရှိတွင် အောက်တိုဘာလ ၃၁ ရက်နေ့က မိုင်းခွဲမှု ဒဏ်ကြောင့် လယ်တီ ဆရာတော်ကြီး သိမ်နှင့် စေ တီတော် မှာ အက်ကွဲ သွားသည်ဟု ပြင်ပ တွင် အရပ်သတင်း များ လည်း ထွက်ပေါ် နေသည်။ ထို့အတွ က်ကြောင့် သံဃာ တော် အချို့နှင့် ရွာသူ၊ ရွာသားတို့က ဖူး မြော်ရန် တောင်းဆိုမှုကို တာဝန်ကျ ရဲတို့ က တားဆီးခဲ့ မှုကြောင့် အင်ကြင်းတောင် တွင် နိုဝင်ဘာ ၂ ရက်နေ့က သပိတ် စခန်း ဖွင့်နေကြပြီဟု ဒေသခံ တစ်ဦးထံ မှ သိရသည်။

သမ္မတရုံး ဝန်ကြီး ဌာန (၆) မှ တာဝန်ရှိသူ တစ်ဦးက ”အက်ကွဲ သွားတယ် ဆိုတာလည်း မဟုတ်ဘူး။ ဝင်ခွ င့် မပေးဘူး ဆိုတဲ့ အရာကလည်း ကြိုတင် ခွင့်ပြုမိန့် တောင်းပါ လို့ ပြောထားပြီး သားပါ။ ဒါကိုလည်း သိစေ ချင်တယ်”ဟု ဆိုသည်။

လက်ပံတောင်း ဒေသခံတို့ အဆို အရ ကွဲ၊ မကွဲ ရှင်းရှင်းလင်းလင်း သိရန် မျက်မြင် ကိုယ်တွေ့ သိချင်ေ ကြာင်း ထောက်ပြသည်။

ဦးဇင်း ဦးစန္ဒာသီရိက”ခုချိန်မှာ သူတို့တွေ လုံခြုံရေး အင်အား တိုးလိုက် ကြပါပြီ”ဟု ပြောသည်။ လက်ပံေ တာင်းတောင် စီမံကိန်း ကို လက်ရှိတွင် ခြံစည်းရိုး ကာရံမှုများ ပြုလုပ်နေသည့် အပြင် လုပ်ငန်းလည်း ပြန် လည် လုပ်ဆောင်နေသည် ဟုသိရသည်။

PN051

No comments:

Post a Comment

My Blog List