Monday, November 04, 2013

မီတာခမြင့်တက်ခြင်းသည် အလုပ်ရှင်များအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင် သဖြင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှုအား အဟန့်အတား ဖြစ်စေနိုင် ဟုဆို

Sunday, 03 November 2013
မီတာ ခတိုးမြှင့်လိုက်ခြင်းသည် အလုပ် ရှင်များအား ဝန်ထုပ်ဝန်ပိုးဖြစ် လာနိုင်သဖြင့် အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ် နိုင်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း အလုပ်သမား အရေးဆောင် ရွက် သူများက ခန့်မှန်းပြောဆိုလိုက် ကြသည်။
ယင်းကဲ့သို့ မီတာခနှုန်းထား တိုးခြင်းကြောင့် အလုပ်ရှင်များ လက်ရှိရင် ဆိုင်နေ ရသော ၁၀ ရာခိုင်နှုန်းအခွန်ပေးနေရခြင်း၊ စက်မှုဇုန်များ တွင် အဆမတန်ကြီး မားနေသော မြေဈေးနှင့် စွမ်းအင် အသုံးပြုခများအပေါ် ပိုမိုဝန်ပိသွားနိုင်ခြင်းကြောင့် အနည်းဆုံး လုပ်ခငွေကြေးသတ်မှတ်ရန် အခက် အခဲဖြစ်နိုင်ကြောင်း ယင်းတို့က ပြောသည်။
အလုပ်သမားသမဂ္ဂများ ပူး ပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်ဦး ထွန်းထွန်းနိုင် က''လုပ် ငန်းရှင်တွေအတွက် လက်ရှိရင် ဆိုင်နေရတဲ့ အခွန်အခတွေ အပြင် မြေဈေးနဲ့ စွမ်းအင်အသုံးပြု မှု တွေကြောင့် အနည်းဆုံးအခကြေး ငွေတွေ သတ်မှတ်ဖို့လက်တွန့်နေ ချိန်မှာ မီတာယူနစ် ၅၀၀၀ ကျော် ရင် ၁၅ဝကျပ်ပေးရမယ်ဆိုရင် သတ်မှတ်နှုန်းအတိုင်းသူတို့ (အ လုပ်ရှင်)မပေးနိုင်ဘဲ စက်ရုံတွေ ပိတ်လိုက်ရင် အလုပ်လက်မဲ့နှုန်း က ထိုးတက်သွားနိုင်တယ်''ဟု ပြော သည်။
ယင်းကဆက်လက်၍ အလုပ် သမားများ အလုပ်လက်မဲ့ဖြစ်နိုင် သကဲ့သို့ အလုပ်ရှင်အလုပ်သမား ပဋိပက္ခများလည်း ပိုများလာနိုင် ကြောင်း၊ ယင်းအတွက် ပြည်ထောင် စုအစိုးရအနေဖြင့် အလုပ်ရှင်များ ရင်ဆိုင်နေရသည့် ဝန်ထုပ်ဝန်ပိုး များကို ဖြေလျှော့ပေးစေလိုကြောင်း ဆက်လက်ပြောသည်။
Labour Right Clinic မှ ဦးချစ်ဦးမောင်က''ဒီလိုဖြစ်ရတာ က အစိုးရရဲ့ အခွန်အတုတ်ကောက် ယူမှု အားနည်းတာကြောင့် ဖြစ် တယ်။ ဒီလိုဖြစ်လာရင် နောက် ဆုံးခံရမှာက အခြေခံလူတန်းစား ဖြစ်တဲ့ အလုပ်သမားထုကခံရမှာ ဖြစ်တယ်။ အနည်းဆုံးလုပ်ခမ သတ်မှတ်နိုင်ခင်မှာ ဒီလိုဖြစ်တော့ အလုပ်ရှင်ဘက်ပေးဆောင်ရတာ တွေများလို့ ထိုက်သင့်တဲ့ လခနှုန်း မပေးနိုင်ရင် အလုပ်သမားထုရော အလုပ်သမားတွေကို မှီခိုနေတဲ့ မိသားစုတွေရောပါဝင်တဲ့ အမေ ရိကန်ကဝေါလ်စထရိစ်ကို ဆန့် ကျင်မှုလုပ်သလိုမျိုး ဖြစ်လာနိုင် ခြေရှိတယ်''ဟု သုံးသပ်သည်။
Yangon Media Group

No comments:

Post a Comment

My Blog List