Tuesday, November 05, 2013

မြန်မာအမျိုးသမီးအား အဓမ္မမှု ကျူးလွန်ရန် ကြိုးပမ်းသည့် ထိုင်းအမျိုးသားကို ထိန်းသိမ်းထား


Tuesday, November 5, 2013

ထိုင်းနိုင်ငံ၊ ဘန်းဖီမြို့နယ်ရှိ ဖိနပ်များ ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုး သ မီးတစ်ဦးကို ထိုင်းအမျိုးသားတစ်ဦးက အဓမ္မမှုကျူးလွန်ရန် ကြိုးပမ်းခဲ့သည်ကို ဖမ်းဆီးရမိကာ အချိန်မီ ထိ မ်းသိမ်းနိုင်ခဲ့ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် က ပြော သည်။

အဆိုပါ မြန်မာအမျိုးသမီး အလုပ်လုပ်သည့် ဖိနပ်စက်ရုံမှာ Summit Foot Wear, Co.Ltd, Aerosoft ဖိန ပ်များ ထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး စမုတ်ပရာကန် ခရိုင်၊ ဘန်းဖီမြို့နယ်တွင် တည်ရှိသည်။ ဖြစ်စဉ်မှာ ယ မန်နေ့ နိုဝင်ဘာ ၃ရက်က ဖြစ်ပွားခဲ့ဖြစ်ပြီး အဓမ္မမှုကျူးလွန်ရန်ကြိုးစားသည့် ထိုင်းအမျိုးသားကို ဘန်ဖီ ရဲစ ခန်းတွင် အမှုဖွင့်ကာ ချုပ်နှောင်ထားသည်။

“ ထိုင်းအမျိုးသားက စက်ရုံဝင်းထဲကို ကြိုးစားပြီးတော့ ထွက်ပြေးသွားတယ်၊ အမျိုးသမီးတွေကေ တာ့ေ ကာင်မလေးကို ၀ိုင်းဝန်းအကာအကွယ်ပေးကြတယ်၊ အမျိုးသားတွေကတော့ အဲဒီထိုင်းအမျိုးသားကို ၀ိုင်းဖ မ်းဖို့ ကြိုးပမ်းရင်းက စက်ရုံမှာ နည်းနည်းတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်” ဟု ဦးကျော်ကျော်လွင်က မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်မှာ ယမာန်နေ့ ညနေ ၅ နာရီ ခွဲခန့်တွင် အဆိုပါ အမျိုးသမီးက အခန်းတွင်း၌ အစ်မဖြစ်သူအား အိပ် ၍ စောင့်ဆိုင်းနေစဉ် တံခါးစေ့ထားရာမှ ၎င်းစက်ရုံတွင် အလုပ်လုပ်နေသည့် သုံးခန်းကျော်၌ နေထိုင် သည့် ထိုင်းစာရေးမ၏ ယောက်ျားဖြစ်သူမှ အဓမ္မပြုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသမီးက ၎င်းအား တွန်းထုတ်ခဲ့ပြီး နီးစပ်ရာ မြန်မာနိုင်ငံသား အခန်းသို့ ပြေးဝင်ကာ အကူ အညီတောင်းကာ အဆိုပါ ထိုင်းအမျိုးသားမှာလည်း ဖိနပ်စက်ရုံထဲရှိ ရုံးခန်းသို့ ထွက်ပြေးသွားခဲ့သည်။

၎င်းဖြစ်ရပ်ကို မကျေနပ်သည့် မြန်မာနိုင်ငံသား အလုပ်သမား ၈၀၀ ခန့် ဖိနပ်စက်ရုံရှေ့သို့ ည ၈ နာရီတွင် စုဝေးရောက်ရှိခဲ့ကာ ကျူးလွန်ရန် ကြိုးပမ်းသည့် ထိုင်းအမျိုးသားအား ထုတ်ပေးရန် အော်ဟစ်တောင်းဆို ခဲ့ကြသည်။

၎င်းအခြေအနေအား မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်၊ စမုတ်ဆာခွန်ခရိုင် အခြေ ဆိုခက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ရက်အဖွဲ့မှ တာဝန်ရှိသူ များ၊ေ အာ င်သပြေကျောင်း ဆရာတော် အရှင်ဇောတိကတို့မှ ည ၈ နာရီ ခန့်တွင် သွားရောက်၍ ၀ိုင်းဝန်း ဖြန်ြေ ဖပေး ခဲ့သည်။

သို့သော်လည်း ထိုတာဝန်ရှိသူများ မရောက်ရှိမလာခင်၌ မြန်မာနိုင်ငံသား အလုပ်သမားများမှ စက်ရုံအတွ င်းသို့ ၀င်ရောက်ကာ ရုံးခန်းအတွင်းရှိ တီဗွီနှင့် ပရိဘောဂပစ္စည်းအချို့အား ရိုက်နှက်ဖျက်ဆီးခဲ့သည်အထိ အခြေအနေ တင်းမာခဲ့ကြောင်းလည်း ဆရာတော် အရှင်ဇောတိကက မိန့်သည်။

“သူများ (ဖိနပ်စက်ရုံ ရုံးခန်း) ပစ္စည်းတွေကို ဖျက်ဆီးတယ်ဆိုတော့၊ သူတို့ အလွန်ကနေ ကိုယ့်အ လွန် ဖြ စ်သွားမှာ ကြောက်ရတယ်၊ အဲဒါကြောင့် အဲဒီအရေးယူမှုအပိုင်းကို သံရုံးက ဆက်လက် လုပ်ဆောင်သွားပြီး အလုပ်သမားတွေ အနေနဲ့ ကျေနပ်ကျဖို့ သူ့အလွန်ကနေ ကိုယ့် အလွန်မဖြစ်စေဖို့ ဘုန်းဘုန်းတို့ က မေ တ္တာရပ်ခံရတာပေါ့” ဟု ဆရာတော် အရှင်ဇောတိကမှ မဇ္ဈိမကို မိန့်သည်။

ထိုသို့ အဓမ်္မမှု ကျူးလွန်ရန် ကြိုးပမ်း ခဲ့သည့် ထိုင်းအမျိုးသားအား လုံခြုံရေးအရ ထုတ်မပေးခဲ့ခြင်းဖြစ်ကာ ၎င်းအား ဖမ်းဆီးထားပြီဖြစ်၍ အလုပ်သမား ကိုယ် စားလှယ်များ နှစ်ဦး၊ သုံးဦးခန့် ဘန်းဖီ ရဲစခန်းသို့ သွားေ ရာက်၍ မှတ်တမ်းဓာတ်ပုံ သွားရောက်ရိုက်ကူးနိုင်ပြီး ၎င်းင်းမှတစ်ဆင့် သက်ဆိုင်ရာ အလုပ်သမား များကိုြ ပန်၍ ပြသနိုင်ကြောင်း ယမန်နေ့ ညက ၎င်းနေရာအား သွားရောက် ဖြေရှင်းပေးခဲ့သည့် ထိုင်းရဲအရာရှိ က ပြောကြားခဲ့ကြောင်း ဆရာတော် ဦးဇော တိ၏ ယမန်နေ့ညဖြစ်စဉ်ကို ရိုက်ကူးခဲ့သာ ဗီဒီယို မှတ်တမ်းအ ရ သိရသည်။

သို့သော်လည်း ၎င်းဖြစ်စဉ်ကဲ့သို့ မှုခင်းများ မြန်မာနိုင်ငံသား အလုပ်သမားများအကြား ကြိမ်ဖန်များစွာ ကြုံတွေ့ ခဲ့ရပြီးဖြစ်ကာ အရေးယူမှုမရှိပဲ ပျောက်သွားမည်၊ ငြိမ်သက်သွားမည်ကို စိတ်ပူမိကြောင်း အမည် မဖော်လိုသည့် ထိုဖိနပ် စက်ရုံမှ အလုပ်သမားတစ်ဦးကပြောသည်။ထိုဖိနပ် စက်ရုံတွင် မြန်မာနိုင်ငံ အလုပ် သမား ၃,၀၀၀ ၀န်းကျင် လုပ်ကိုင်လျက်ရှိကာ စမုတ်ပရာကန် ခရိုင်သည်၊ စမုတ်ဆာခွန်ခရိုင် ကဲ့သို့ ပင် မြ န်မာ နိုင်ငံသား အလုပ်သမားများ ထူထပ် သည့် ခရိုင်တစ်ခု ဖြစ်သည်။ အများစုမှာ ရေလုပ်ငန်း၊ စက်ရုံ အ လုပ်ရုံများ၊ ဆားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အရောင်းအ၀ယ် လုပ်ငန်းများ၌ လုပ်ကိုင်လျက် ရှိသည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List