Thursday, November 07, 2013

မြောင်းမြ ဂုန်နီစက်ရုံတည်ဆောက်ရာတွင် သိမ်းယူခဲ့သော လယ်ယာမြေများ ပြန်ပေးမည်

Thursday, November 7, 2013

တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော မြောင်းမြဂုန်နီစက်ရုံ တည်ဆောက်ရာတွင် သိမ်း ယူခဲ့သော လယ်ယာမြေများကို ပြန်လည်စိစစ်ကာမူလပိုင်ရှင် တောင်သူများကို ပြန်လည်ပေးအပ်သွားပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်များကိုပါ တစ်ပါတည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ စုံစမ်းသိရသည်။

၁၉၈၂ ခုနှစ် ဂုန်နီစက်ရုံ တည်ဆောက်စဉ်က သိမ်းယူခဲ့သည့် (၃၈၃ ဒသမ ၃၃)ဧကရှိ လယ်ယာမြေများ တွ င် စက်ရုံအဆောက်အအုံများ၊ ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ထားခဲ့ခြင်းမရှိသော နေရာများမှ ပိုလျံနေေ သာ လ/န-၃၉ ကျပြီးသော မြေဧက ၄၀ ၀န်းကျင်ကို လ/န-၃၉ ပယ်ဖျက်ပေးပြီး မူလသိမ်းဆည်းစဉ်က ပိုင် ဆိုင်ခဲ့သော တောင်သူများထံ ပြန်လည် စိစစ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်ပြီး ၁၉၉၆ ခုနှ စ်တွင် ဂုန်လျော်ပင်များ စိုက်ပျိုးရန် ထပ်မံသိမ်းဆည်းခဲ့သော လယ်ယာမြေ ၆၇ ဒသမ ၃၇ ဧကကိုမူ မူလပို င်ရှင်များထံ အားလုံး ပြန်ပေးမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီး မှူး ဦးကျော်သိန်းထွန်းက ပြောကြားသည်။
''မြေယာများ ပြန်လည်ပေးအပ်ဖို့အတွက် ကျွန်တော်တို့ကို ပြည်ထဲရေးဝန်ကြီးဌာန က ရေးဆွဲပြဋ္ဌာန်းပေး လိုက်တဲ့ မူရှိတယ်။ အဲဒီမူအတိုင်း အခုလုပ်ဆောင်နေပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးေ က်ာလိတ္တော် အရာရှိ ကနေ မူလမြေသိမ်းအမှုတွဲလိုပဲ။ မြေလက်ခံ အမှုတွဲဖွင့်လှစ်ပြီး စစ်ဆေးနေပါပြီ။ မြေ စာရင်း ဌာနက မြေပုံ နဲ့ မြေပြင်တိုင်းတာချက်များကို မူတည်ပြီး ပြန်လည်စွန့်လွှတ်အပ်နှံမယ့် မြေေ နရာများကို ရေး ဆွဲတိုင်း တာနေပါတယ်။ မူလသိမ်းဆည်းခဲ့စဉ်က တကယ်ပိုင်ဆိုင်ခဲ့တဲ့ တောင်သူတွေကို အသေအချာစိစစ်ပြီး ပြန် လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ပေးအပ်စဉ်မှာ မူလပိုင်ရှင် အကျိုးခံစားခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားမှု များ ဖြစ်မလာစေဖို့ အတည်ပြုကြောင်း၊ ကန့်ကွက်ကြောင်းကိုလည်း ခေါ်ယူလက်ခံပေးသွား မှာ ဖြ စ်ပါတ ယ်'' ဟု ယင်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List