Tuesday, November 05, 2013

ကျော်သူ သာ သမ္မတကြီး ဖြစ်ခဲ့ရင် (သို့မဟုတ်) သတင်း လူသား


Tuesday, November 5, 2013
ယခုရက်ပိုင်း သတင်းလူသား ဖြစ်နေသူမှာ လူမှုရေးသမား၊ ပရဟိတသမား စင်စစ် ဖြစ်ပြီး မေတ္တာ၊ ကရု ဏာ၊ မုဒိတာ၊ ဥပေက္ခာ တရား ဟူသော ဗြဟ္မစိုရ် တရား လေးပါး အား လက်ကိုင်ပြုပြီး လူမျိုး ဘာသာ၊ ဆ င်းရဲ ချမ်းသာမရွေး လူသားချင်း စာနာ ထောက်ထားသော စိတ်ဖြင့် အနစ်နာ ခံပေးဆပ်မှုမျိုးကို စေတနာ ထား၍ပေး ဆပ်ထမ်း ဆောင်နေသူ၊ ဟိုယခင် မင်းသား တစ်ဖြစ်လဲ ကျော်သူ ဟုသာ ဆိုရပါတော့မည်။ ပရ ဟိတ သမား ကျော်သူ၏ ဘဝ တစ်စိတ် တစ်ဒေသနှင့် အတူ ထွက်ပေါ် လာသော ‘ကျွန်တော်သာ သမ္မတြ ကီး ဖြစ်ခဲ့ရင်’ စာအုပ် မိတ်ဆက်ပွဲ တွင်   ဦးကျော်သူ၏ ဘဝကို ကောက်ကြောင်းေ မးမြန်း ရေးခြစ်ကြည့်ခဲ့ မိပါသည်။
ရုပ်ရှင်မင်းသားဘဝနှင့် ကျော်သူ

“ကျွန်တော်တို့ ခေတ်က မင်းသား တစ်ယောက်ဖြစ်ဖို့ မလွယ်ဘူး။ ဒါရိုက်တာကို အသေ ကြောက်ရတယ်။ သူက ရိုက်ကွင်းဘုရင်ပဲ။ ရီဟာဇယ် လုပ်ခိုင်းတာ ကိုလည်း အကျိတ် အနယ်လုပ်ရတယ်။ ရီဟာဇယ် လုပ်ြ ပီး ရိုက်တဲ့အခါ မှားရင် လည်း အရိုက်ခံရတယ်။ ဦးအောင်မြင့်မြတ် ဆိုရင် အသေကြောက် ရတယ်။ ဒါြေ ကာင့်လည်း တိုးတက်တာပါ။ အခုခေတ် လို ဒါရိုက်တာကို ဆရာပြန်လုပ်တာမျိုး ကတော့ လုပ်ဖို့ဝေးရော။ ဒီဟာတွေ ကွာဟမှုတွေပေါ့။ ပြီးတော့ အချိန်လေးစားရ တယ်။ ရိုက်ကွင်း ဆိုရင်လည်း ပထမဆုံး ရောက်ေ အာင်ကျွန်တော် အမြဲသွားတယ်”

အကယ်ဒမီအလွဲနှင့် ကျော်သူ

“ဒိုးဇာတ်ကား ရိုက်တုန်းကတော့ ရုပ်ရှင် သက်တမ်းမှာ အကြိုးစားဆုံး၊ အပင်ပန်းဆုံး လုပ်ခဲ့တဲ့ကားပါ။ အ ကယ်ဒမီဆု ကြေညာတဲ့အခါ မှာ ဒီနှစ် အကောင်းဆုံး ဇာတ် ကားဆုက ဒိုး ဇာတ်ကား၊ ဒါရိုက်တာဆု ကြေ ညာတော့လည်း ဒိုး ရိုက်ကူးတဲ့ ဒါရိုက်တာ ဦးကြည် စိုးထွန်းကရတယ်။ သရုပ်ဆောင် ဆု ကြေညာ တဲ့အ ခါမှာ ကိုကျော် ဆိုပြီးတော့ ဆွဲထားတယ်။ ပြီးမှ ဟိန်း ဆိုပြီး လုပ်ထည့်လိုက်တယ်။ ဇာတ်ကားနဲ့ ဒါရိုက်တာ ဆု ရပြီဆိုရင် သေချာ ပေါက် သရုပ်ဆောင်ဆု ရကို ရရမယ်။ ကိုယ်မရတာ ထားဦး သရုပ်ဆောင် တစ်ေ ယာက် ရကိုရရမယ့် ဟာမှာ မရခဲ့ဘူး။ သရုပ်ဆောင်ကောင်းလို့ ဇာတ်ကား ဆုနဲ့ ဒါရိုက်တာဆု ကရတာေ လ”

ပရဟိတသမားအဖြစ် နှင့်ကျော်သူ

“အခက်အခဲတွေက အများကြီးပဲ။ စတင် တည်ထောင်တဲ့နေ့ကနေ ခုချိန်ထိကိုယ်ကျိုး မကြည့်ဘဲ အများအ တွက် လုပ်ခဲ့တယ်။ ကျွန်တော်တို့ နာရေး အသင်း စတင် ထူထောင်တုန်း က တစ်နေ့မှာ အသုဘ အလော င်းနှစ်လောင်း၊ သုံးလောင်းပဲ သင်္ဂြိုဟ်ရတယ်။ အခုက တစ်နေ့ကို ၄ဝ နဲ့ ၅ဝ ကြားမှာ ရှိတယ်။ အသိဥာဏ် အတွက် သုခ အလင်း ပညာ ရေးကို လုပ်ပေးတယ်။ ပညာရေး၊ ကျန်း မာရေးကို အဓိကလုပ်ဖြစ်တာက ၂ဝ ဝ၁မှာပါ။”

စာရေးသူ ဘဝနှင့်ကျော်သူ

ဘဝ တစ်စိတ် တစ်ပိုင်းကို ကိုယ်တိုင် ပြောပြခဲ့သည့် ဦးကျော်သူ ၏ စာရေးသူ ဘဝနှင့်ယခု ထုတ်ဝေဖြန့် ချိသည့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ် ထုတ်ဝေဖြစ်ခြင်း အကြောင်း ကိုတော့ စင်မြင့်ပေါ် ကနေ တဆင့်ပြော ကြားမှုကိုသာ သတင်းလူသား ၏ ပုံရိပ်တစ်ခု အဖြစ်ဖော်ပြလိုပါသည်။

“ကြွရောက်လာတဲ့ အသင်းအဖွဲ့ ဧည့်ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ်။ ကျွန်တော်က  စာရေး ဆရာ တစ်ယောက်တော့ မဟုတ်ပါဘူး။ စာပေပညာရှင် တစ်ယောက် လည်း ဟုတ်ပါဘူး။ စာဖတ် ပရိသတ် တစ်ဦး သာဖြစ်ပါတယ်။ ကျွန်တော် စကား လည်း မပြောတတ်ဘူး။ စကားမပြော တတ်ဘဲ နဲ့ မင်း သားဖြစ် လာခဲ့ တာလည်း ထူးခြားတယ် လို့ပြောရမှာပေါ့။ စကား မပြောတတ်တာ မှပြောရရင် ကျွန်တော့် မိန်းမ အရင်တုန်းက ရည်းစားပေါ့လေ။ ကျွန်တော့်ပထမဦးဆုံး ရည်း စား ဖြစ် တဲ့ ရွှေဇီးကွက်ကို ကားတ င်ပြေးခဲ့တယ်။ ခုနက ဦးဝင်းငြိမ်းပြောတဲ့ အတိုင်း ကျွန်တော်က လိုချင်တာကို မရရအောင် ယူတယ်။ ကား တင်ပြေး ပြီးတော့ သူ့မိဘ၊ ကျွန်တော့် ယောက္ခမ ဆီအပ်တယ်။ အပ်တဲ့နေ့မှာ ယော က္ခမ တွေ ကပြော တယ်။ ဇီးကွက် တဲ့ နင့်ကောင်က ငယ် ငယ်က ပုခက်ပေါ်က ပြုတ်ကျခဲ့ဖူးလား မသိ ဘူး။ အနေတာပဲတဲ့။ ဟုတ်ပါတယ်။ ကျွန်တော်က စကားလည်း နည်းတယ်။ ရုပ်ရှင်ရိုက်တယ် ဆိုရင် ဒါရိုက်တာကြီးတွေ၊ ဦးကြ ည်စိုးထွန်း တို့တခြား ဒါရိုက်တာကြီးတွေ ရဲ့ပြောခဲ့တဲ့ စကားတွေ ကိုပြောခဲ့ရတယ်။ အခု နောက်ပိုင်း လူမှုေ ရးတွေ သိပ်လုပ်လာတဲ့ အချိန်ကျတော့ စကားတော် တော်ပြောဖြစ်လာခဲ့တယ်။ ကျွန်တော် အခုပြော ချင် တာကတော့ စာ ရေးခဲ့တဲ့ အ ကြောင်းအရာတွေပေါ့။ အဲဒီတုန်းက ကျွန်တော် တိမ်ကော့နော်ဂျာ ဆိုတာ ရိုက်တယ် ကချင်ပြည် နယ်မှာ။ အဲဒီတုန်း က အနက်ရောင် နယ်မြေ။ ကျွန်တော်တို့ လုံခြုံရေးကို တပ်က အကြီးအကဲတွေက တာဝန် ယူတယ်။ အခုအခါ ဆိုရင် ကိုယ့်ဘာသာယူတဲ့။ 
အဲဒီ သေနတ်ကို ခေါင်းအုံးအောက် မှာထားပြီး အိပ် ရ တယ်။ အဲဒါ တစ်လလောက် ကြာတယ်။ အဲဒီကေ န ပြန်လာတော့ ကျွန်တော့် စရိုက်တွေက နည်းနည်း ကြမ်းလာတယ်။ တိမ်ကော့နော်ဂျာ မရိုက်ခင် ကျွန်ေ တာ့် သမီးမွေးတာ နှစ်ရက် ပဲ ရှိသေးတယ်။ ကချင် ဘက်ပါသွားတယ်။ ပြန်လာတဲ့ အချိန် စိတ်ကြမ်း လူကြ မ်း ဖြစ်လာတယ်။ ဒီဟာ ကိုခေါင်းစီး လေးပေး ပြီး ဆောင်း ပါးလေး ရေးခဲ့တယ်။ ဆရာ ဦးဝင်းငြိမ်း ဆီမှာ ရုပ်ရှင် အမြုတေ မဂ္ဂဇင်းမှာ ထည့်ခဲ့တယ်။ ဦးဝင်းငြိမ်း က တည်းဖြတ်ပေး တယ်။ ကျေးဇူးရှင် ဘဘ ဦးသုခ ထူထောင် ခဲ့တဲ့ နာရေး အသင်းမှာ ၂ဝဝ၁ ခုနှစ် က စလုပ်တယ်။ စလုပ်တဲ့ အချိန် ကျတော့ ပြည်သူ လူ ထုတွေရဲ့ ခံစားချက်တွေ၊ ကျွန်တော် တို့ လူမှု ရေးသမားတွေ ရဲ့ ပေးဆပ်မှုတွေ ဒါ တွေကို ကျွန်တော်ရေး ချင် စိတ်ပေါက် လာတယ်။ အဲဒီအချိန် နာရေး အသင်း မှာ လက်တွဲလုပ်ဆောင်နေ တဲ့ ဆရာမ သန်းမြင့်ေ အာင် နဲ့ ကျွန်တော့် ဇနီး ရွှေဇီးကွက်ကို ကျွန်တော် ရေးထား တာတွေကို ပြတယ် ။ပြင်ချင်တဲ့ ဟာတွေကို သူတို့က ပြင်တယ်။ ဆောင်းပါးလေးတွေ ရေးခဲ့တယ်။ ၂ဝဝ၇၊ စက်တင်ဘာ ၁၅ အရေး အခင်း “နောက်ပိုင်း မှာ ကျွန်တော့် အနုပညာကို ပိတ်ခံရတယ်။ ရုပ်ရှင် လည်း ရိုက်ခွင့်မရှိဘူး။ ဆောင်းပါး လည်း စာပေလော ကမှာ ထည့်ခွင့် မရှိဘူး။ သတင်းစာ ထဲမှာ မင်္ဂလာပွဲ အခမ်း အနား ကျွန်တော့် သမီး မင်္ဂလာဆောင် အတွ က် အဖေနာမည် ဦးကျော်သူ ပါရင်မရဘူး။ ဆရာမင်းသိင်္ခ ဈာပန အခမ်းအနား အတွက် ဝမ်း နည်းကြော င်း ကြေ ကွဲကြောင်း ထည့်ရင်၊ ထည့်တဲ့အခါ ကျော်သူ ပါရင် မရဘူး။ အဲဒီလို ဖြစ်လာတဲ့အခါ ကျွန်တော့် ထွ က်ပေါက် တစ်ခုရလာ တယ်။ အဲဒါ ဘာလဲ ဆိုတော့ ကျွန် တော့်ရဲ့ Fanပရိသတ်တွေ ဖြစ်တဲ့ အင်္ဂလ န်နိုင် ငံမှာ ရှိတဲ့ မျိုးဇေယျာဦး၊ စင်ကာပူနိုင်ငံမှာ ရှိတဲ့ တင်အောင်မျိုးကျော် သူတို့ ကနေပြီးတော့ ကျွန် တော့်ကို Fan မှာ စာရေးဖို့ ဖွင့်ပေး ခဲ့တယ် ။ဖွင့်ပေးခဲ့တော့ စာရေးခဲ့ တယ်။ နောက်ပိုင်း အခက်အခဲကြား ထဲက ပေါ်ပြူလာ ဂျာနယ်က အယ်ဒီတာ၊ အခုတော့ အယ်ဒီတာချုပ် ဖြစ် သွားပြီပေါ့လေ။ ကိုမျိုး (မြန်မာစာ) က ရဲရဲဝံ့ ဝံ့နဲ့ ဂျာနယ်ထဲမှာ စထည့်ခဲ့တယ်။ ထည့်တဲ့ စာတွေကို ပြည်ပ ကနေပြီးတော့ ပြည်ပကို ရောက်နေတဲ့ ကိုအ လင်းဆက် (IR) ကနေ ပြီး တော့ဆောင်း ပါးတွေကို စုလာတယ်။ ဒီတော့ ထုတ်ဝေသူတွေဖြစ်တဲ့ ဦး ထွန်း ဦး၊ ဦးအောင်သူ တို့ အပါအဝင် သူတို့နဲ့ ပူးပေါင်းပြီး စာအုပ်ထုတ်ခဲ့ တယ်။ အမှာစာ ရေးပေးတဲ့ ဟံသာ ဝတီ ဦးဝင်းတင်၊ ဘကြီးမိုး၊ ဘဘ ဦးတင်ဦး၊ ဦးဝင်းငြိမ်း၊ ဆရာဟိန်းလတ်၊ မျက်နှာဖုံး ပန်းချီရေးဆွဲပေး တဲ့ ဦးတ င်ထွန်း၊ မင်းကျော်ခိုင်၊ မမွှေး၊ ပန်းချီ လင်းဝဏ္ဏ၊ ကာတွန်း မောင်မောင်အောင်၊ ဒါ့အပြင် ခွဲခြမ်းစိတ် ဖြာပြီး ဇာတ်ညွှန်းခွဲပေးတဲ့ လင်းခန့်၊ အားကြိုး မာန်တက် လုပ်ဆောင်ပေးတဲ့ ကျွန်တော့် ရဲ့ အသင်းသားတွေ ဖြစ် တဲ့ ကျော်ဟိန်း၊ ဇော်ဆိုင်း အစ အသင်းသူ၊ အသင်းသားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

အဓိက ကျေးဇူး တင်ရမယ့် ကျေးဇူးရှင် ကတော့ ကျွန်တော့် လိုစကား မပြောတတ် တဲ့၊ စာမရေးတတ်တဲ့ လူကို စကားလုံး တွေ ၊ခံစားချက်တွေ ပေါက်ကွဲပြီး ထွက်လာအောင် လုပ်ပေးခဲ့တဲ့ ခေတ် အဆက်ဆက်က ကျွန်တော် တို့ကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ အဖွဲ့ပါပဲ။ကျေးဇူးတင်ပါတယ်”

Popular Journal

No comments:

Post a Comment

My Blog List