Wednesday, November 6, 2013
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်း များကို ရှာဖွေတွေ့ရှိခဲ့သဖြင့် စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန၊ ဒုတိယ ညွှ န်ကြားရေးမှူး ဦးအေးသွင်က နိုဝင်ဘာ ၅ ရက်၊ နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့ သည်။
ကော့သောင်း အကျဉ်းထောင်အတွင်း စည်းကမ်းလိုက်နာမှု အားနည်းနေခြင်းကြောင့် စက်တင်ဘာ ၂၇ ရ က်မှ အောက်တိုဘာ ၆ ရက်အထိ စစ်ဆေးခဲ့ရာတွင် အကျဉ်းသား ငါးဦးထံမှ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ဘ လိတ်ဓားနှင့် ဓားများကို တွေ့ရှိရသဖြင့် အရေးယူခဲ့ရကြောင်း သိရသည်။
"ပြီးခဲ့တဲ့ အပတ်က ထောင်အတွင်းမှာရှိတဲ့ အကျဉ်းသား ၁၀၀ ကို ရန်ကုန်အင်းစိန်ထောင်ကို ပြောင်းခဲ့ တ ယ်ဆိုတာက အခုလို တရားဝင် ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိခဲ့လို့ ထပ်မံပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် လူစုခွဲခဲ့တာပါ။ ဒီလိုပစ္စည်းတွေ ယူဆောင်ခွင့် မရှိဘူး ဆိုတာလည်း ကြေညာထားတယ်။ နှုတ် နဲ့လည်း မကြာခဏ ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတဲ့ အခါမှာ ၀န်ခံမှု မရှိဘူး။ သိတဲ့ သူကလည်း ကျူးလွန်တဲ့သူကို ဖော်ထုတ်ပြောဆိုမှု မရှိဘူး။ ဒါကလည်း ပူးပေါင်းပြီးတော့ ကြံစည်ထား တ ယ်လို့ ယူဆရသလို၊ ထုတ်ဖော်ပြောတဲ့သူကို အခြားအကျဉ်းကျ သူတွေက ၀ိုင်းဝန်းရိုက်နှက်မှာ စိုးတဲ့အ တွက် မပြောတာတွေလည်း ဖြစ်နိုင်ပါတယ်" ဟု တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးမှူး၊ ဒုတိယ ညွှန်ြ ကားရေးမှူး ဦးအေးသွင်၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ ထောင်အတွင်း ယူဆောင်ခွင့် မရှိသည့် လက်နက်များနှင့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ သ ည့် ကော့သောင်းအကျဉ်းထောင်အတွင်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ထောင်အတွင်း အကျဉ်းကျနေသူများက ညှင်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်း ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်ေ တာက် ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်းအကျဉ်းဦးစီး ၀န်ထမ်းအချို့ကို စစ်ဆေးအရေးယူမှုနှင့် ပတ်သ က်၍ မေးမြန်းခဲ့ရာ "၀န်ထမ်းတွေကို စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူ ခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့ ဘယ်လိုမျိုး အရေးယူခဲ့တယ် ဆိုတာတော့ အတိအကျ မသိရပါဘူး" ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးအေး သွင်က ဆက်လက်ပြောကြားခဲ့သည်။
ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းသားများ အုပ်စုဖွဲ့မှုနှင့် ၀န်ထမ်းများကို တိုက်ခိုက်မှုများ ပြု လုပ်လာနိုင်သည့် အခြေအနေများကြောင့် စက်တင်ဘာလအတွင်း အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
လက်ရှိ ကော့သောင်းအကျဉ်းထောင်အတွင်း အကျဉ်းကျနေသူနှင့် အချုပ်ကျနေသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀၀ ကျော်ရှိပြီး အဆိုပါ အကျဉ်းထောင်မှာ လူဦးရေ တစ်ထောင်ဆံ့ဖြစ်ကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment