Tuesday, November 05, 2013

နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး လိုင်ဇာညီလာခံက ဆုံးဖြတ်သည့် မူဘောင်ပါ အချက်အများစု အစိုးရသဘောတူ


Tuesday, November 5, 2013
KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကို င် များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားေ ကြာင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသားအဖွဲ့များက တင်ပြသည့် လိုင်ဇာ အပစ်ရပ်မူကြမ်း အချက် ၁၁ ချက်ကို ပြင်ဆင်ရန် အစိုးရဘ က်က အများအပြား တောင်းဆိုမှုမရှိဘဲ အဓိကအချက်များကို လက်ခံကြောင်း၊ ရှေ့ဆက်သွားရန် အလား အလာ အလွန်ကောင်းကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အစိုးရဘက်က ပြင်စေချင်တာတွေကိုတော့ အဖြေပေးလို့ မရသေးဘူး။ အဖွဲ့တွေ အားလုံးနဲ့ ပြန်ညှိရမယ်” ဟု နိုင်ဟံသာက ရှင်းပြသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရတို့ ပထမ ဆုံးအကြိမ် တစ်ပြိုင်နက် တွေ့ဆုံဆွေးနွေးမှု ပထမနေ့တွင် လိုင်ဇာ အပစ်ရပ်မူကြမ်းနှင့် အစိုးရ သဘော ထားကို တင်ပြ ဆွေးနွေးသော်လည်း နိုဝင်ဘာလအတွင်း နိုင်ငံလုံးအဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုရန်မူ မေ သချာသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထုတ်ဖော် ပြောဆိုသည်။

“နိုင်ငံလုံးအဆင့် အပစ်ရပ် လက်မှတ်ထိုးဖို့ အလားအလာတော့ အများကြီး ကောင်းသွားတယ်” ဟု ၎င်းက ဆိုသည်။

အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချိန်ယူ ဆွေးနွေးနေသည်မှာ အစိုး ရကို မယုံကြည်၍ မဟုတ်ဘဲ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားလာသည့် ပြဿနာကို အကောင်းဆုံး ဖြေရှင်းနို င် ရန် အချိန်ယူရခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မူဘောင်များ ရေးဆွဲရာတွင်လည်း တစ်ဖက်သတ် ရေးဆွဲေ တာင်းဆိုမည် မဟုတ်ဘဲ အစိုးရနှင့် ညှိနှိုင်း သဘောတူညီချက်ရယူမည် ဖြစ်ကြောင်း ဒေါက်တာဆ လိုင်း လျန်မုန်းက ရှင်းပြ ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ စုံညီအစည်းအဝေးတွင် အစိုးရဘက်မှ သဘောထား တစ်ရပ်ကိုလည်း တင်ပြထားပြီး အသေးစိတ် မလေ့လာရသေးကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့ အစည်းအဝေး ဒုတိယနေ့ တွ င် အစိုးရဘက်မှ တင်ပြချက်များကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောကြားသည်။

နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ နှစ်ရက်တာ ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကို ယ်စားလှယ် မစ္စတာဘီဂျေနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေ့လာသူ မစ္စတာဝမ်ရင်ဖန်၊ ပြည်ေ ထာင်စုဝန်ကြီး ခြောက်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ ပါဝင်တက်ရောက်ခဲ့ပြီး UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှ င့် မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ MPC တို့ ပါဝင် တက်ရောက်ခဲ့ သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရေးဆွဲထားသည့် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲေ ရးမူဘောင် ဘုံသဘောတူညီချက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အချိန် ကန့်သတ်ထားပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင် ချမှတ်ရန်နှင့် နောက်ထပ် ရက်ပေါင်း ၆ ၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရမည် ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် နိုင်ငံရေးပါတီ အသီးသီးမှ ဥက္က ဋ္ဌများကိုလည်း ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း၊ အပစ်ရပ် လက်မှတ်ရေး ထိုး အပြီး နိုင်ငံရေး ဆွေးနွေးပွဲများ မပြီးဆုံးမီ လက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ဆက်လက် ထားရှိသွားရန် ညီလာခံက သဘောတူ သတ်မှတ်ကြောင်း ကိုယ်စားလှယ် များက ဆိုသည်။

ယင်း သဘောတူညီချက်တွင် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနှင့် ယင်းတပ်မတော်သည် တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုသာ သီးသန့် ထမ်းဆောင်ရန်၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရန် စသ ည့်အချက်များ ထည့်သွင်းထားကြောင်း ညီလာခံ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List