Wednesday, November 06, 2013

ဝန်ကြီးဌာနများ နိုင်ငံတော်သို့ပေးသွင်းရန် ကြွေးကျန် ကျပ်သန်းဘီလီယံချီ ရှိနေ

Wednesday, November 6, 2013

အစိုးရ အဆက်ဆက် ဝန်ကြီးဌာန များက နိုင်ငံတော်ကို ပေးသွင်းရန်ကျန် ရှိသောငွေကျပ်သန်းပေါင်း ဘီလီ ယံချီ သည့် ကြွေးကျန်များကို ပြည်ထောင်စု လွှတ်တော်တွင်လာရောက် ရှင်းလင်းရန် ပြည် သူ့ ငွေစာ ရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီး ဌာနများအလိုက်နိုင်ငံတော်သို့ ပေးသွင်း ရန်ရှိသည့် စုစုပေါင်း ကြွေး ကျန်စာရင်း မှာ ယခုနှစ် အောက်တိုဘာလ ၂၈ ရက် အထိ ၁၁၂၅ဝ၇၇ ဒသမ ဝ၄၂ ကျပ် သန်း၊ အမေရိ ကန် ဒေါ်လာ ၄၄ဒသမ ၃၈၁သန်း၊ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား၊ သံချောင်း ၅ ဒသမ ၃၆၂ တန်၊ အက်ဖ်အီးစီ ဝ ဒသမ ဝ၇၄ သန်း၊ ယန်းငွေ ဝ ဒသမ ၂၆ဝ သန်း၊ ရင်းဂစ် ဝ ဒသမ ဝဝ၂သန်း၊ ယူရို ၂ ဒသမ ၃၉၆ သန်း ပါဝင်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိသော ဝန်ကြီးဌာနများကိုပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ အရဝန် ကြီးဌာနအဖွဲ့အစည်း ၂၆ခုတွင် ဥပဒေ လုပ်ထုံး လုပ်နည်း၊ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများ၊ ဝန်ထမ်း စည်းမျဉ်းများနှင့် မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များ ကို သက်ဆိုင်ရာ ဌာနအဖွဲ့အ စည်း များမှ အရေးယူေ ဆာင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ၄င်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

နှစ်အဆက်ဆက် ကြွေးကျန်များ မှာ များပြားလွန်းသဖြင့် ပြည်ထောင်စု အစိုးရနေဖြင့် မည်ကဲ့သို့ ဆက်လ က်လုပ် ဆောင်သွားမည် ကို ပြည်ထောင်စု လွှတ် တော်တွင် လာရောက် ရှင်းလင်းတင်ပြ ရန် လိုအပ်ကြော င်း အစီရင်ခံစာတွင် သဘောထားမှတ်ချက် ပြုထားသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အ တွက် စစ်ဆေးတွေ့ရှိချက်များမှ အရေး ယူဆောင်ရွက်မှုပြီးပြတ်ရန် ကျန် ရှိသည့် ဝန်ကြီးဌာန ခြောက်ခု မှာ ပြန်ကြားရေး ဝန်ကြီးဌာန ၁၁၇ဒသမ၇ဝ၁ ကျပ်သန်း၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းဝန်ကြီးဌာန ၂၈၅ဝ၈ ဒသမ ၈၂ဝကျပ်သန်း၊ စက်မှုဝန်ကြီးဌာန ၄၂ ဒသမ၉၉၁ ကျပ် သန်း၊ ကျန်း မာရေးဝန်ကြီးဌာန ၂၅ဒသမ ၇၃ဝ ကျပ်သန်း၊ သတ္တုတွင်းဝန်ကြီးဌာန ၂၈၂ ဒသမ ၈၆၇ ကျပ်သန်း၊ ရွှေစင် ၃၁၇၈ ဒသမ ၆၉ ကျပ်သား၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ယူအက်စ်ဒေါ်လာ၂၄ဒသမ ၈၉၄သန်းတို့ ဖြစ်သည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် ထပ်မံ စစ်ဆေးတွေ့ရှိချက်တွင် ဝန်ကြီး ဌာနလေးခုမှနိုင် ငံတော် သို့ ပေး သွင်းရန် ကြွေးကျန်ရှိပြီး ပြန်ကြားရေးဝန်ကြီး ဌာနသည် ၃ဝဝ ဒသမ ၉၄၃ ကျပ်သန်း၊ ဆက်သွယ်ရေး၊ သတင်းအချက် အလက် နှင့်နည်းပညာဝန်ကြီးဌာန ၁ ဒသမ၇၃၁ ကျပ်သန်း၊ ပညာရေး ဝန်ကြီးဌာန ၆ ဒသမ ၄၅၂ သန်း၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၂ ဒသမ၃ဝ၈ကျပ်သန်း စုစု ပေါင်း ၃၁၁ ဒသမ ၄၃၄ ကျပ်သန်းဖြစ် ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွက် နိုင်ငံတော် ကို ပေးသွင်းရန် ရှိသည့် ကြွေး ကျန်ေ ငွများ မှာ လယ်/ဆည်ဝန်ကြီးဌာန ၉ဝ ဒသမ ၄၁ဝ ကျပ်သန်း၊ မွေး/ရေဝန်ကြီးဌာန ၂၉၆ ဒသမ ၉၆၆ကျပ် သန်း၊ စက်မှုဝန် ကြီးဌာန ၂၈ ဒသမ ၈၂၅ကျပ်သန်း၊ ပညာရေးဝန်ကြီးဌာန ၁၄၄ ဒသမ ၉၄၂ ကျပ်သန်း၊ ကျန်းမာရေးဝန်ကြီး ဌာန ၇ ဒသမ ၃ဝ၈ကျပ်သန်း၊ သတ္တုတွင်းဝန် ကြီး ဌာန ၃၂ဝ ဒသမ ၅၅၄ ကျပ်သန်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၁၁ ဒသမ ၉၉၄ ကျပ်သန်း၊ သတ္တုတွင်း ဝန်ကြီးဌာန မှ ရွှေစင် ၈၂၁၆၆ ဒသမ ၄၄ ကျပ်သားနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သံချောင်း ၅ ဒသမ ၃၆၂ တန် ကျန်ရှိေ ကြာင်း သိရသည်။

ပြည်သူ့ငွေစာရင်းကော်မတီက တင်သွင်းသော ဝန်ကြီးဌာန များက နိုင် ငံတော်ကို ကြွေးကျန်များပေးသွင်း ရန် ကျန်ရှိခြင်းနှင့်စပ် လျဉ်းပြီး ပြည် ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် များက ဆွေးနွေးကြ မည်ဖြ စ်ပြီး ဝန်ကြီးဌာနများကလည်းလာရောက်ရှင်းလင်း ကြမည်ဖြစ်သည်။

စိုင်းနောင်

No comments:

Post a Comment

My Blog List