Sunday, December 23, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစု ခရီးစဉ်စတင်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစု ခရီးစဉ်စတင်  
Saturday, 22 December 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစုခရီးစဉ် များအတွက် ရန်ကုန်မြို့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် စတင်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဒေသခံလူထူများနှင့်
တွေ့ဆုံခြင်း၊ မိန့်ခွန့်ပြောကြားခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ 
၂၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ
လာမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၄ ရက်နေ့က ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည့် စင်မြင့်အနီးတွင်  အသေးစား ပေါက်ကွဲမှုတစ်ခု
ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ် ကို ဖျက်သိမ်းခြင်းမရှိဘဲ သွားရောက်
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် စီမံကိန်းအပါအ၀င် အကျဉ်းထောင်များသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်
မြို့နယ် အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခြင်း၊ မိန့်ခွန်း
ပြောကြားခြင်းများကို ပြုလုပ်ခဲ့သည်။

Eleven Media Group
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစုခရီးစဉ် များအတွက် ရန်ကုန်မြို့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် စတင်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ဒေသခံလူထူများနှင့်တွေ့ဆုံခြင်း၊ မိန့်ခွန့်ပြောကြားခြင်းများ ကို ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ လာမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၄ ရက်နေ့က ကံမော်ကျေးရွာ တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည့် စင်မြင့်အနီးတွင် အသေးစား ပေါက်ကွဲမှုတစ်ခု
ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ် ကို ဖျက်သိမ်းခြင်းမရှိဘဲ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် စီမံကိန်းအပါအ၀င် အကျဉ်းထောင်များသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ် အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခြင်း၊ မိန့်ခွန်း
ပြောကြားခြင်းများကို ပြုလုပ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List