Friday, December 28, 2012

အစ္စရေး နိုင်ငံက နေတိုး အဖွဲ့နှင့် စစ်ဘက် မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှုအား တူရကီ ထောက်ခံ

Photo: အစ္စရေး နိုင်ငံက နေတိုး အဖွဲ့နှင့် စစ်ဘက် မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှုအား တူရကီ ထောက်ခံ
Thursday, 27 December 2012

တူရကီ နိုင်ငံက ဒေသဆိုင်ရာ မဟာမိတ် အစ္စရေး နိုင်ငံနှင့် အငြင်းပွားမှုများ
ဖြစ်နေသောကြောင့် အစော ပိုင်းက ချမှတ်ခဲ့သည့် ၎င်းတို့၏ ကန့်ကွက် ချက်ကို ရုပ်သိမ်းကာ ၂ဝ၁၃ ခုနှစ်တွင် နေတိုးအဖွဲ့၏ စစ်ဘက် ဆိုင်ရာ 
မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှု များတွင် အစ္စရေး နိုင်ငံ ပါဝင် ဆောင် ရွက်ရေးကို ထောက်ခံ ချက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

တစ်ချိန်က တူရကီနှင့် အစ္စရေး နိုင်ငံတို့သည် မဟာမိတ် နိုင်ငံများ
ဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ဂါဇာကမ်း မြောင်ရှိ ပါလက်စတိုင်း တို့အား အကူအညီ ပေးရန် သွားရောက်သည့် မာဗွီမာမရာ အကူ အညီပေးရေး သင်္ဘောအား အစ္စရေးက စီးနင်း တိုက်ခိုက်ရာတွင် တူရကီ နိုင်ငံသား ကိုးဦး သေဆုံး ခဲ့ရသည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ အစ္စရေး နိုင်ငံက တောင်းပန်ခြင်း မရှိခဲ့ သောကြောင့် မေလတွင် နောက်ဆုံး ကျင်းပခဲ့သည့် နေတိုး မဟာမိတ် နိုင်ငံများ ထိပ်သီး ညီလာခံသို့ နေတိုး တပ်ဖွဲ့ဝင် မဟုတ်သည့် အစ္စရေး နိုင်ငံ ပါဝင် တက်ရောက်ခွင့် ပြုရေးကို တူရကီ နိုင်ငံက ကန့်ကွက် ခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အစ္စရေးနှင့် တူရကီ မဟာမိတ် နှစ်နိုင်ငံ တို့၏ ပြန်လည် သင့်မြတ်မှု အတွက် ကြိုးပမ်း ခဲ့သော်လည်း စိတ်ဝမ်း ကွဲမှုများ ဆက် လက် ဖြစ်ပွားလျက် ရှိသည်။

နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် အခြား ခြောက်နိုင်ငံ နှင့်အတူ အစ္စရေး နိုင်ငံက မြေထဲပင်လယ် အရေး ကိစ္စ ဆွေးနွေးပွဲတွင် ပါဝင်မည် ဖြစ်ပြီး ယခင် ကလည်း အစည်းအဝေး ပွဲများနှင့် လေ့ကျင့်မှု များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်ဟု သတင်း ရရှိသည်။

တူရကီ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင် နေတိုး တပ်ဖွဲ့၏ လုပ်ဆောင်မှု များ၌ အစ္စရေး ပါဝင် လှုပ်ရှားမှုအား ထောက်ခံ အတည်ပြု သွားမည် ဖြစ်သော် လည်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှု များကို ဆက်လက် ကန့်ကွက် သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြ၀တီ
တူရကီ နိုင်ငံက ဒေသဆိုင်ရာ မဟာမိတ် အစ္စရေး နိုင်ငံနှင့် အငြင်းပွားမှုများ ဖြစ်နေသောကြောင့် အစော ပိုင်းက ချမှတ်ခဲ့သည့် ၎င်းတို့၏ ကန့်ကွက် ချက်ကို ရုပ်သိမ်းကာ ၂ဝ၁၃ ခုနှစ်တွင် နေတိုးအဖွဲ့၏ စစ်ဘက် ဆိုင်ရာ မဟုတ်သော ပူးပေါင်း ဆောင်ရွက်မှု များတွင် အစ္စရေး နိုင်ငံ ပါဝင် ဆောင် ရွက်ရေးကို ထောက်ခံ ချက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တစ်ချိန်က တူရကီနှင့် အစ္စရေး နိုင်ငံတို့သည် မဟာမိတ် နိုင်ငံများဖြစ်ခဲ့ကြပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် ဂါဇာကမ်း မြောင်ရှိ ပါလက်စတိုင်း တို့အား အကူအညီ ပေးရန် သွားရောက်သည့် မာဗွီမာမရာ အကူ အညီပေးရေး သင်္ဘောအား အစ္စရေးက စီးနင်း တိုက်ခိုက်ရာတွင် တူရကီ နိုင်ငံသား ကိုးဦး သေဆုံး ခဲ့ရသည်။

ယင်းကိစ္စ နှင့် ပတ်သက်၍ အစ္စရေး နိုင်ငံက တောင်းပန်ခြင်း မရှိခဲ့ သောကြောင့် မေလတွင် နောက်ဆုံး ကျင်းပခဲ့သည့် နေတိုး မဟာမိတ် နိုင်ငံများ ထိပ်သီး ညီလာခံသို့ နေတိုး တပ်ဖွဲ့ဝင် မဟုတ်သည့် အစ္စရေး နိုင်ငံ ပါဝင် တက်ရောက်ခွင့် ပြုရေးကို တူရကီ နိုင်ငံက ကန့်ကွက် ခဲ့သည်။ အမေရိ ကန် ပြည်ထောင်စုသည် အစ္စရေးနှင့် တူရကီ မဟာမိတ် နှစ်နိုင်ငံ တို့၏ ပြန်လည် သင့်မြတ်မှု အတွက် ကြိုးပမ်း ခဲ့သော်လည်း စိတ်ဝမ်း ကွဲမှုများ ဆက် လက် ဖြစ်ပွားလျက် ရှိသည်။

နေတိုး တပ်ဖွဲ့ဝင် နိုင်ငံ မဟုတ်သည့် အခြား ခြောက်နိုင်ငံ နှင့်အတူ အစ္စရေး နိုင်ငံက မြေထဲပင်လယ် အရေး ကိစ္စ ဆွေးနွေးပွဲတွင် ပါဝင်မည် ဖြစ်ပြီး ယခင် ကလည်း အစည်းအဝေး ပွဲများနှင့် လေ့ကျင့်မှု များတွင် ပါဝင် ဆောင်ရွက် ခဲ့သည်ဟု သတင်း ရရှိသည်။ တူရကီ နိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင် နေတိုး တပ်ဖွဲ့၏ လုပ်ဆောင်မှု များ၌ အစ္စရေး ပါဝင် လှုပ်ရှားမှုအား ထောက်ခံ အတည်ပြု သွားမည် ဖြစ်သော် လည်း ပူးပေါင်း စစ်ရေး လေ့ကျင့်မှု များကို ဆက်လက် ကန့်ကွက် သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List