Wednesday, December 26, 2012

ပညာဆိုတာ တစ်ဦးတစ်ယောက်ပိုင်မဟုတ် အများပိုင် ....

Photo: ပညာဆိုတာ တစ်ဦးတစ်ယောက်ပိုင်မဟုတ် အများပိုင် ....
Tuesday, 25 December 2012


(ဓမ္မအလင်း)

ပညာဆိုတာ အလွန်ကျယ်ဝန်းနက်ရှိုင်းပါတယ် ... ကြီးကျယ်ပါတယ် ... ခမ်းနားပါတယ် ...

ပညာမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ပညာနဲ့ စိတ်ပိုင်းဆိုရာ ကြံ့ခိုင်မှုကို ဦးတည်တဲ့ပညာဆိုပြီး ချုံ့ပြီးပြောနိုင်ပါမယ် ...

ပညာကို တစ်ဦးတစ်ယောက် ဘာသာတစ်ခု ဂိုဏ်းဂဏတစ်ခု ကျမ်းဂန်တစ်ခုနဲ့ ရေးဖွဲ့မှတ်တမ်းတင်လို့ အားလုံးမပြည့်စုံနိုင်ပါဘူး ....

ပညာဆိုတာ စူးစမ်းဆင်ခြင်အားထုတ်လေ့ရှိသော သူတွေရဲ့ အများပိုင် universal resources ဖြစ်ပါတယ် ...

အများပိုင်ဖြစ်တဲ့ ပညာရဲ့ ရလာဒ်တွေကို ဂိုဏ်းဂဏအစွဲ ဘာသာအစွဲ ပုဂ္ဂိုလ်အစွဲတွေနဲ့ ရုပ်လုံးဖော် မောင်ပိုင်စီးခြင်းဟာ ဒီခေတ်မှာ မဖြစ်သင့်တော့ပါဘူး ... '' ငါတို့ဘာသာက သိတဲ့အသိတရားဟာ အရာအားလုံးကို လွှမ်းမိုးနိုင်တယ် ... ငါတို့အသိတရားက အမြတ်စား ... သိပ္ပံပညာရဲ့ ရလာဒ်ဟာ ဘာပြောလောက်သလဲ တခြားဘာသာ တခြားလူမျိုးတွေဟာ ဘာအဆင့်ရှိလို့လည်း ဆိုတာတွေ ... ငါတို့သိတဲ့ ပညာထက် သူတို့ပညာကဘာဟုတ်လို့လဲ ဆိုတာတွေ ... ငါတကော ကော နေတာတွေဟာ မဖြစ်သင့်တော့ပါဘူး မဖြစ်ထိုက်တော့ပါဘူး .... ''
ဒီလို စိတ်ဓါတ်မျိုးတွေကိုလည်း မြတ်ဗုဒ္ဓက အလိုမရှိပါဘူး ...

ပညာကိုတန်ဖိုးထားသူ အားလုံးရဲ့ တွေ့ရှိဖော်ထုတ်မှုတွေကို အသိအမှတ်ပြုရပါမယ်... တန်ဖိုးထား လေးစားတတ်ရပါမယ် ... သဘောထားကြီးတဲ့အမြင် ကျယ်ပြန့်တဲ့အမြင်တွေနဲ့ ကိုယ်စီကိုယ်စီ ကြည့်တတ် မြင်တတ် နားလည်တတ်ရပါမယ် ...

ဘယ်ပညာကိုမှ အထင်မသေးဖို့ သေးသိမ်တဲ့အမြင်တွေ မရှိဖို့ လိုအပ်ပါတယ် ...

လောကဓမ္မ နှစ်ခုစလုံးအတွက် အကျိုးရှိရာတွေ့ရှိမှု ဖော်ထုတ်မှုပညာတွေကို ဘယ်သူဖော်ထုတ်ထုတ် ဘယ်ဘာသာ ဘယ်လူမျိုး ဖော်ထုတ်ထုတ် ထိုပညာကို အစဉ်လေးစား တန်ဖိုးထား အသိအမှတ်ပြုရမှာပါ ... အသိအမှတ်ပြုနိုင်တဲ့ စိတ်ဓါတ်လေးတွေ ဖြစ်အောင်လည်း အားလုံးက နှလုံးသားတံခါး အသိဥာဏ်တံခါး အစဉ်ဖွင့်လှစ်ထားနေရမှာပါ ...

ဒီလို တံခါးတွေဖွင့်လှစ်ထားမှလည်း လောကလူသားအားလုံးရဲ့ ပညာဟာ အစဉ်အဆက် တိုးတက်ရင်း တိုးတက်ပြီး လောကလူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှု စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မှာ ဖြစ်ကြောင်းနဲ့ အစဉ်ချမ်းသာကို ဆောင်နိုင်မှာဖြစ်ကြောင်း ပြောရင်းနဲ့ .......


မေတ္တာဖြင့်
ဓမ္မအလင်း (၂၅-၁၂-၁၂)
(ဓမ္မအလင်း)

ပညာဆိုတာ အလွန်ကျယ်ဝန်းနက်ရှိုင်းပါတယ် ... ကြီးကျယ်ပါတယ် ... ခမ်းနားပါတယ် ... ပညာမှာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ပညာနဲ့ စိတ်ပိုင်းဆိုရာ ကြံ့ခိုင်မှုကို ဦးတည်တဲ့ပညာဆိုပြီး ချုံ့ပြီးပြောနိုင်ပါမယ် ... ပညာကို တစ်ဦးတစ်ယောက် ဘာသာတစ်ခု ဂိုဏ်းဂဏတစ်ခု ကျမ်းဂန်တစ်ခုနဲ့ ရေးဖွဲ့မှတ်တမ်းတင်လို့ အားလုံးမပြည့်စုံနိုင်ပါဘူး .... ပညာဆိုတာ စူးစမ်းဆင်ခြင်အားထုတ်လေ့ရှိသော သူတွေရဲ့ အများပိုင် universal resources ဖြစ်ပါတယ် ... အများပိုင်ဖြစ်တဲ့ ပညာရဲ့ ရလာဒ်တွေကို ဂိုဏ်းဂဏအစွဲ ဘာသာအစွဲ ပုဂ္ဂိုလ်အစွဲတွေနဲ့ ရုပ်လုံးဖော် မောင်ပိုင်စီးခြင်းဟာ ဒီခေတ်မှာ မဖြစ်သင့်တော့ပါဘူး ... '' ငါတို့ဘာသာက သိတဲ့အသိတရားဟာ အရာအားလုံးကို လွှမ်းမိုးနိုင်တယ် ... ငါတို့အသိတရားက အမြတ်စား ... သိပ္ပံပညာရဲ့ ရလာဒ်ဟာ ဘာပြောလောက်သလဲ တခြားဘာသာ တခြားလူမျိုးတွေဟာ ဘာအဆင့်ရှိလို့လည်း ဆိုတာတွေ ... ငါတို့သိတဲ့ ပညာထက် သူတို့ပညာကဘာဟုတ်လို့လဲ ဆိုတာတွေ ... ငါတကော ကော နေတာတွေဟာ မဖြစ်သင့်တော့ပါဘူး မဖြစ်ထိုက်တော့ပါဘူး .... ''ဒီလို စိတ်ဓါတ်မျိုးတွေကိုလည်း မြတ်ဗုဒ္ဓက အလိုမရှိပါဘူး ...
ပညာကိုတန်ဖိုးထားသူ အားလုံးရဲ့ တွေ့ရှိဖော်ထုတ်မှုတွေကို အသိအမှတ်ပြုရပါမယ်... တန်ဖိုးထား လေးစားတတ် ရပါမယ် ... သဘောထားကြီးတဲ့အမြင် ကျယ်ပြန့်တဲ့အမြင်တွေနဲ့ ကိုယ်စီကိုယ်စီ ကြည့်တတ် မြင်တတ် နားလည်တတ်ရပါမယ် ... ဘယ်ပညာကိုမှ အထင်မသေးဖို့ သေးသိမ်တဲ့အမြင်တွေ မရှိဖို့ လိုအပ်ပါတယ် ... လောကဓမ္မ နှစ်ခုစလုံးအတွက် အကျိုးရှိရာတွေ့ရှိမှု ဖော်ထုတ်မှုပညာတွေကို ဘယ်သူဖော်ထုတ်ထုတ် ဘယ်ဘာသာ ဘယ်လူမျိုး ဖော်ထုတ်ထုတ် ထိုပညာကို အစဉ်လေးစား တန်ဖိုးထား အသိအမှတ်ပြုရမှာပါ ... အသိအမှတ်ပြုနိုင်တဲ့ စိတ်ဓါတ်လေးတွေ ဖြစ်အောင်လည်း အားလုံးက နှလုံးသားတံခါး အသိဥာဏ်တံခါး အစဉ်ဖွင့်လှစ်ထားနေရမှာပါ ... ဒီလို တံခါးတွေဖွင့်လှစ်ထားမှလည်း လောကလူသားအားလုံးရဲ့ ပညာဟာ အစဉ်အဆက် တိုးတက်ရင်း တိုးတက်ပြီး လောကလူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှု စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မှာ ဖြစ်ကြောင်းနဲ့ အစဉ်ချမ်းသာကို ဆောင်နိုင်မှာဖြစ်ကြောင်း ပြောရင်းနဲ့ .......


မေတ္တာဖြင့်
ဓမ္မအလင်း (၂၅-၁၂-၁၂)

No comments:

Post a Comment

My Blog List