Wednesday, December 26, 2012

တစ်နိုင်တစ်ပိုင် ရာဘာစိုက်ပျိုးသူသည်ပင်လျှင် တစ်နှစ်ဝင်ငွေ သိန်း ၆၀ခန့်ရရှိနိုင်

Photo: တစ်နိုင်တစ်ပိုင် ရာဘာစိုက်ပျိုးသူသည်ပင်လျှင် တစ်နှစ်ဝင်ငွေ သိန်း ၆၀ခန့်ရရှိနိုင်
Tuesday, December 25, 2012

ရာဘာကို စီးပွားဖြစ်မဟုတ်ပဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူပင် နှစ်စဉ်ဝင်ငွေ ကျပ် သိန်း၆၀ခန့်ရရှိကြောင်း မုဒုံမြို့ ရှိ ရာဘာခြံပိုင်ရှင် ကိုကျော် ကံကောင်း က ပြောကြားသည်။

“ကျွန်တော်တို့က ရာဘာကို တစ်နိုင်တစ်ပိုင် စိုက်တာပါ။ ခြံက၁၀ဧက ကျယ် တယ် ခြံထဲမှာတော့ ရာဘာပင် ၁၀၀၀လောက် ရှိတယ်။ အပင်တွေ သက် တမ်း က နှစ်၃၀လောက်ရှိပြီ။ ဒါတောင် သေတဲ့အပင်က သေနေတာတွေ ရှိတယ်။ အခု ဒီဇင်ဘာလအေးပြီဆိုတော့ တစ်ရက်ကို ရာဘာပြား ၂၀
လောက် ထွက်တယ်။ ပူရင်တော့ ၁၆ပြားလောက်ပဲ ထွက်တယ် တစ်နှစ်ကို ရာဘာပေါင် ၅၀၀၀လောက် ထွက်တော့ ၀င်ငွေ သိန်း ၆၀ လောက်တော့ရ တယ်” ဟု ကိုကျော်ကံကောင်းက ပြောဆိုသည်။

ရာဘာပင်များမှာ အေးသောရာသီဥတုတွင် ရာဘာစေး ပိုမိုထွက်ရှိပြီး၊ ပူအိုက်သော ရာသီဥတုတွင် ရာဘာစေး အထွက်နည်းကြောင်း၊ မိုး ရာသီတွင် ရာဘာစေးခြစ်ခြင်းကို ၁လခန့် ရပ်နားရလေ့ရှိကြောင်း သိရသည်။

မုဒုံမြို့ တွင် ထွက်ရှိသော ရာဘာပြားများကို ရောင်းချရာတွင် နည်းလမ်းနှစ်မျိုး
ဖြင့် ရောင်းချကျကြောင်း ကိုကျော်ကံကောင်းက ရှင်းပြရာ “ ဒီမှာက တစ်နိုင် တစ်ပိုင်စိုက်ကြတာဆိုတော့ နိုင်ငံခြားပို့ဖို့ဆိုတာကြတော့ အရည်အသွေး မမှီ် ဘူးပေါ့ ဒီမှာက ရောင်းရင် ပုံစံ၂မျိုးရှိတယ်။ ဒိုင် ကြီးတွေ ရှိတယ်။ အဲ့ဒီမှာ တိုက်ရိုက်သွားသွင်းလို့ ရတယ်။ ဒါပေမယ့် သူတို့က ရာဘာပြားလှမှ ဝယ် တယ်။ နောက်တစ်ခုက တဆင့်ခံ အ၀ယ် တော်တွေ ရှိတယ်။ သူတို့ကျတော့
ပြွန်းရောင်းတယ်လို့ ခေါ်တာပေါ့။ အကုန်ယူတယ် ဒိုင်မှာသွင်းတာထက် ၅ကျပ်လောက်ပဲကွာတယ် တော်တော်များများကတော့ ပြွန်းရောင်းကျတာ ပိုများတယ်” ဟု ပြောဆိုသည်။

ရာဘာဈေးမှာ ဒေါ်လာဈေး ၊ ရွှေဈေးအပြောင်းအလဲပေါ်တွင် မူတည်ပြီး လိုက်ပြောင်းလဲလေ့ရှိကြောင်း၊ ယခင်လများတွင် တစ်ပေါင်လျှင် ၁၆၀၀ကျပ် ခန့် ရရှိပြီး ယခုလပိုင်းထဲတွင် ရာဘာဈေးအနည်းငယ်ကျပြီး တစ်ပေါင်လျှင် ၁၀၃၀ကျပ်ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်ကြောင်း သိရသည်။

ရာဘာပင်မှာ စိုက်ပျိုးပြီး သက်တမ်း ၆နှစ်မှစတင်ကာ ရာဘာစေးထုတ်ယူ နိုင် ပြီး ရာဘာပင်၏သက်တမ်းမှာနှစ် ၃၀ခန့်အထိ ရှိကြကာ နေ့စဉ် ရာဘာစေး ထုတ်ယူနိုင်ကြောင်း၊ သေဆုံးသွားသော ရာဘာပင်များကိုလည်း ရာဘာထင်း
အဖြစ် အသုံးပြုနိုင်ကာ လောင်စာအားကောင်းသဖြင့် ၀ယ်ယူသူများပြား
ကြောင်း၊ ယင်းအပြင် ရာဘာပင်များကို သစ်ခွဲစက်များက ၀ယ်ယူကြပြီး
ပေါင်းတင်ကာ ရာဘာသစ်ပေါင်းသားဖြင့် ပရိဘောဂ များ ပြုလုပ်ကြကြောင်း ရာဘာစိုက်ပျိုးခြင်းမှာ စတင်စိုက်ပျိုးချိန်မှစတင်ပြီး အပင်သက်တမ်းကုန်ဆုံး သွားသည့်အချိန်အထိ အရောင်းအ၀ယ် ပြုလုပ်နိုင်ကာ ပုံမှန်ဝင်ငွေ ရရှိစေ
နိုင်သောကြောင့် ရာဘာလောကတွင် မြန်မာ့ရွှေဖြူဟု တင်စားခေါ်ဝေါ်
ကြောင်း ကိုကျော်ကံကောင်းက ထည့်သွင်းပြောကြားသည်။

ဆုဝေ
The Myanma Age
ရာဘာကို စီးပွားဖြစ်မဟုတ်ပဲ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူပင် နှစ်စဉ်ဝင်ငွေ ကျပ် သိန်း၆၀ခန့်ရရှိကြောင်း မုဒုံမြို့ ရှိ ရာဘာခြံပိုင်ရှင် ကိုကျော် ကံကောင်း က ပြောကြားသည်။ “ကျွန်တော်တို့က ရာဘာကို တစ်နိုင်တစ်ပိုင် စိုက်တာပါ။ ခြံက၁၀ဧက ကျယ် တယ် ခြံထဲမှာတော့ ရာဘာပင် ၁၀၀၀လောက် ရှိတယ်။ အပင်တွေ သက် တမ်း က နှစ်၃၀လောက်ရှိပြီ။ ဒါတောင် သေတဲ့အပင်က သေနေတာတွေ ရှိတယ်။ အခု ဒီဇင်ဘာလအေးပြီဆိုတော့ တစ်ရက်ကို ရာဘာပြား ၂၀လောက် ထွက်တယ်။ ပူရင်တော့ ၁၆ပြားလောက်ပဲ ထွက်တယ် တစ်နှစ်ကို ရာဘာပေါင် ၅၀၀၀လောက် ထွက်တော့ ၀င်ငွေ သိန်း ၆၀ လောက်တော့ရ တယ်” ဟု ကိုကျော် ကံကောင်း က ပြောဆိုသည်။
ရာဘာပင်များမှာ အေးသောရာသီဥတုတွင် ရာဘာစေး ပိုမိုထွက်ရှိပြီး၊ ပူအိုက်သော ရာသီဥတုတွင် ရာဘာစေး အထွက်နည်းကြောင်း၊ မိုး ရာသီတွင် ရာဘာစေးခြစ်ခြင်းကို ၁လခန့် ရပ်နားရလေ့ရှိကြောင်း သိရသည်။ မုဒုံမြို့ တွင် ထွက်ရှိသော ရာဘာပြားများကို ရောင်းချရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ရောင်းချကျကြောင်း ကိုကျော်ကံကောင်းက ရှင်းပြရာ “ ဒီမှာက တစ်နိုင် တစ်ပိုင်စိုက်ကြတာဆိုတော့ နိုင်ငံခြားပို့ဖို့ဆိုတာကြတော့ အရည်အသွေး မမှီ် ဘူးပေါ့ ဒီမှာက ရောင်းရင် ပုံစံ၂မျိုးရှိတယ်။ ဒိုင် ကြီးတွေ ရှိတယ်။ အဲ့ဒီမှာ တိုက်ရိုက်သွားသွင်းလို့ ရတယ်။ ဒါပေမယ့် သူတို့က ရာဘာပြားလှမှ ဝယ် တယ်။ နောက်တစ်ခုက တဆင့်ခံ အ၀ယ် တော်တွေ ရှိတယ်။ သူတို့ကျတော့ပြွန်းရောင်းတယ်လို့ ခေါ်တာပေါ့။ အကုန်ယူတယ် ဒိုင်မှာသွင်း တာထက် ၅ကျပ်လောက်ပဲကွာတယ် တော်တော်များများကတော့ ပြွန်းရောင်းကျတာ ပိုများတယ်” ဟု ပြောဆို သည်။

ရာဘာဈေးမှာ ဒေါ်လာဈေး ၊ ရွှေဈေးအပြောင်းအလဲပေါ်တွင် မူတည်ပြီး လိုက်ပြောင်းလဲလေ့ရှိကြောင်း၊ ယခင်လများတွင် တစ်ပေါင်လျှင် ၁၆၀၀ကျပ် ခန့် ရရှိပြီး ယခုလပိုင်းထဲတွင် ရာဘာဈေးအနည်းငယ်ကျပြီး တစ်ပေါင်လျှင် ၁၀၃၀ကျပ်ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်ကြောင်း သိရသည်။ ရာဘာပင်မှာ စိုက်ပျိုးပြီး သက်တမ်း ၆နှစ်မှစတင်ကာ ရာဘာစေးထုတ်ယူ နိုင် ပြီး ရာဘာပင်၏သက်တမ်းမှာနှစ် ၃၀ခန့်အထိ ရှိကြကာ နေ့စဉ် ရာဘာစေး ထုတ်ယူနိုင်ကြောင်း၊ သေဆုံးသွားသော ရာဘာပင်များကိုလည်း ရာဘာထင်းအဖြစ် အသုံးပြုနိုင်ကာ လောင်စာအားကောင်းသဖြင့် ၀ယ်ယူသူများပြားကြောင်း၊ ယင်းအပြင် ရာဘာပင်များကို သစ်ခွဲစက်များက ၀ယ်ယူကြပြီးပေါင်းတင်ကာ ရာဘာသစ်ပေါင်းသားဖြင့် ပရိဘောဂ များ ပြုလုပ်ကြကြောင်း ရာဘာစိုက်ပျိုးခြင်းမှာ စတင်စိုက်ပျိုးချိန်မှစတင်ပြီး အပင်သက်တမ်းကုန်ဆုံး သွားသည့်အချိန်အထိ အရောင်းအ၀ယ် ပြုလုပ်နိုင်ကာ ပုံမှန်ဝင်ငွေ ရရှိစေနိုင်သောကြောင့် ရာဘာလောကတွင် မြန်မာ့ရွှေဖြူဟု တင်စားခေါ်ဝေါ်ကြောင်း ကိုကျော်ကံကောင်းက ထည့်သွင်းပြောကြားသည်။


The Myanma Age

No comments:

Post a Comment

My Blog List