Thursday, December 27, 2012

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူသတိပေး

Photo: ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအား ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင် ခေါ်ယူသတိပေး 
Wednesday, 26 December 2012 

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီအား ပါတီ၏ ဆောင်ရွက်ချက် အချို့နှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ရုံး၌ ခေါ်ယူသတိပေးခဲ့ ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်၊ ဦးဇော်အေးမောင်၊ ဒေါ်အေးနုစိန်၊ ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့်ဦးမြင့်နိုင်တို့ငါးဦးကို ခေါ်ယူသတိပေးခဲ့ခြင်း
ဖြစ်ကြောင်းလည်းသိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက  ရခိုင်တိုင်းရင်းသား
တိုးတက် ရေးပါတီကို  ပါတီ အနေဖြင့် မသီတာထွေး၏ ဓာတ်ပုံဖြင့်
ပြက္ခဒိန်ထုတ်ဝေမည့် ရည်ရွယ်ချက်ကို မေးမြန်းခြင်း၊ ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား မပြုလုပ်ရန် တားမြစ်ခြင်းနှင့် ပါတီစာစောင်တွင် ပါဝင်သော ဆောင်ပါးကို အခြား ဘာသာတစ်ခုက တိုင်ကြားထားမှုနှင့် ပတ်သက်၍ သတိပေးခြင်းများ
ပြုလုပ်ခဲ့ကြောာင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

မသီတာထွေးဓာတ်ပုံနှင့် ပြက္ခဒိန်ထုတ်ဝေသည့်ကိစ္စမှာ အရေးအခင်း
ပြန်လည်ဖြစ်ပေါ်ရန် လှုံ့ဆော်ခြင်းမဟုတ်ဘဲ မသီတာထွေး တက်ရောက်ခဲ့သည့် ကျောင်းအား ပြုပြင်ရန် ရန်ပုံငွေရှာဖွေခြင်းသာ
ဖြစ်ကြောင်း၊ ရခိုင်အချုပ်အခြာ ကျဆုံးသည့်နေ့ဖြစ်သော ဒီဇင်ဘာလ 
၃၁ ရက်တွင်လည်း ပါတီအနေဖြင့် ပြုလုပ်မည် မဟုတ်ပါကြောင်းနှင့် အရေးအသားများနှင့် ပတ်သက်၍ ဆင်ခြင်သွားမည်ဟု ပြန်လည်
ဖြေဆိုခဲ့ကြောင်း ဒေါက်တာဇော်အးမောင်က ပြောပါသည်။

ထိုသို့ ခေါ်ယူသတိပေးခြင်းခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ''ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့က ကျွန်တော်တို့ ဥပဒေနဲ့ မညီဘူးလို့
ထင်ရင် သတိပေးရမယ်လေ။ ကျွန်တော်တို့ကလည်း ဒါတွေဟာ တမင်လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့လည်း တစ်ခါတရံမှာ
စေတနာအမှားတွေ ဖြစ်တာကို ဆုံးမခေါ်ယူပြီးပြောတာ။ ကျွန်တော်တို့
ဖြေရှင်းချက်ကိုလည်း ဥက္ကဋ္ဌက အတိုင်းအတာတစ်ခုထိ လက်ခံပါတယ်။ ဒီလိုပြောတာဟာ ဒီမိုကရေစီကျင့်စဉ်ပဲ''ဟု ဦးဇော်အေးမောင်က
ပြောပါသည်။

Eleven Media Group
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအားပါတီ၏ဆောင်ရွက်ချက်အချို့နှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံး၌ ခေါ်ယူသတိပေး ခဲ့ ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဒေါက်တာအေးမောင်၊ဦးဇော်အေးမောင်၊ ဒေါ်အေးနုစိန်၊ ကျောက်ဖြူမဲ ဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်နှင့်ဦးမြင့်နိုင်တို့ငါးဦးကို ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရခိုင်တိုင်းရင်းသားတိုးတက် ရေးပါတီကို ပါတီ အနေဖြင့် မသီတာထွေး၏ ဓာတ်ပုံဖြင့်ပြက္ခဒိန်ထုတ်ဝေမည့် ရည်ရွယ်ချက်ကို မေးမြန်းခြင်း၊ ရခိုင်ပြည်နယ် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား မပြုလုပ်ရန် တားမြစ်ခြင်းနှင့် ပါတီစာစောင်တွင် ပါဝင်သော ဆောင်ပါးကို အခြား ဘာသာတစ်ခုက တိုင်ကြားထားမှုနှင့် ပတ်သက်၍ သတိပေးခြင်းများပြုလုပ်ခဲ့ကြောာင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မသီတာထွေးဓာတ်ပုံနှင့် ပြက္ခဒိန်ထုတ်ဝေသည့်ကိစ္စမှာ အရေးအခင်းပြန်လည်ဖြစ်ပေါ်ရန် လှုံ့ဆော်ခြင်း မဟုတ်ဘဲ မသီတာထွေး တက်ရောက်ခဲ့သည့် ကျောင်းအား ပြုပြင်ရန် ရန်ပုံငွေရှာဖွေခြင်းသာဖြစ်ကြောင်း၊ ရခိုင်အချုပ်အခြာ ကျဆုံးသည့်နေ့ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်တွင်လည်း ပါတီအနေဖြင့် ပြုလုပ်မည် မဟုတ်ပါကြောင်းနှင့် အရေးအသားများနှင့် ပတ်သက်၍ ဆင်ခြင်သွားမည်ဟု ပြန်လည်ဖြေဆို ခဲ့ကြောင်း ဒေါက်တာဇော်အးမောင်က ပြောပါသည်။

ထိုသို့ ခေါ်ယူသတိပေးခြင်းခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့က ကျွန်တော်တို့ ဥပဒေနဲ့ မညီဘူးလို့
ထင်ရင် သတိပေးရမယ်လေ။ ကျွန်တော်တို့ကလည်း ဒါတွေဟာ တမင်လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့လည်း တစ်ခါတရံမှာစေတနာအမှားတွေ ဖြစ်တာကို ဆုံးမခေါ်ယူပြီးပြောတာ။ ကျွန်တော်တို့
ဖြေရှင်းချက်ကိုလည်း ဥက္ကဋ္ဌက အတိုင်းအတာတစ်ခုထိ လက်ခံပါတယ်။ ဒီလိုပြောတာဟာ ဒီမိုကရေစီကျင့်စဉ်ပဲ''ဟု ဦးဇော်အေးမောင်ကပြောပါသည်။

Eleven Media Group

No comments:

Post a Comment

My Blog List