Thursday, December 27, 2012

မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ်တွင် ကုလသမဂ္ဂမှ ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီး အရေးယူ ဆောင်ရွက်ရာတွင် နှောင့်နှေး လိမ့်မည်ဟု ယူဆခြင်း

Photo: မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ်တွင် ကုလသမဂ္ဂမှ
ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီး အရေးယူ ဆောင်ရွက်ရာတွင် နှောင့်နှေး လိမ့်မည်ဟု ယူဆခြင်း
Wednesday, 26 December 2012

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မကြာသေးမီ ကာလ၌ ပြီးဆုံးခဲ့သည့်
မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်မှုအား အရေးယူ ဆောင်ရွက်ရန် အလားအလာ မရှိကြောင်းနှင့် တရုတ် နိုင်ငံမှလည်း အရေးယူ ပိတ်ဆို့မှု များအား လိုလားလျက် မရှိကြောင်း တောင်ကိုရီးယား အရာရှိများမှ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံမှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒုံးပျံ လွှတ်တင်ခဲ့ မှုအား ကုလသမဂ္ဂမှ ဝေဖန် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၏ တားမြစ်ချက်အား ချိုးဖောက်သည့် အတွက် အရေးယူ ဆောင်ရွက်ရန်နှင့် တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုများအား ပိတ်ပင်ရန် တောင်ကိုရီးယား နိုင်ငံမှ တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။

မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီးမြောက်ကိုရီးယား
နိုင်ငံအား အရေးယူ ဆောင်ရွက် ရန် တောင်ကိုရီးယားနှင့် အမေရိကန်
နိုင်ငံတို့မှ တောင်းဆို ထားကြောင်း၊ မြောက်ကိုရီးယား နိုင်ငံအား အရေးယူ ဆောင်ရွက် မှုတွင် တရုတ် နိုင်ငံသည် ၎င်းနိုင်ငံနှင့် မဟာမိတ်နိုင်ငံ ဖြစ်သည့် အတွက် ဗီတိုအာဏာ သုံး၍ ပယ်ဖျက်
နိုင်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါ သည်။

မြောက်ကိုရီးယား နိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူ
ဆောင်ရွက်ရန် တရုတ် နိုင်ငံမှလည်း အနည်းငယ် ဆန္ဒရှိကြောင်း အခြား ဝန်ကြီးဌာန၏ အရာရှိများမှ ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား၏ ဒုံးပျံ လွှတ်တင်မှုအား ကုလသမဂ္ဂမှ အရေးယူ ဆောင်ရွက်လျှင် ဟန့်တားလိမ့်မည် မဟုတ်ကြောင်းနှင့် အရေးယူ ဆောင်ရွက်မည် ဆိုပါက စဉ်းစား သုံးသပ်ပြီးမှ ပြုလုပ်သင့်ကြောင်း တရုတ်နိုင်ငံမှ ပြောကြားခဲ့ ပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် အလေးချိန် ကီလိုဂရမ် ၅ဝဝ နှင့် ၆ဝဝ အကြားရှိ ဒုံးကျည် ထိပ်ဖူး တပ်ဆင်ထားသော ကီလိုမီတာ ၁ဝ,ဝဝဝ ကျော် ပစ်လွှတ်နိုင်သည့် billistic ဒုံးကျည်အား တီထွင် နိုင်ခဲ့ကြောင်း တောင်ကိုရီး ယား ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

၎င်းဒုံးကျည်သည် ဆန်ဖရန်စစ္စကို အပါအဝင် အမေရိကန် နိုင်ငံ၏ အနောက်ဘက် ကမ်းခြေအထိ ရောက်ရှိကြောင်း တောင်ကိုရီးယား နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရှိရ ပါသည်။ ယခင် မြောက်ကိုရီး ယား နိုင်ငံသည် နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၂ဝဝ၉ ခုနှစ် မှစ၍ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများ ခံခဲ့ရကြောင်း သိရှိရ ပါသည်။

မြ၀တီ
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မကြာသေးမီ ကာလ၌ ပြီးဆုံးခဲ့သည့်မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ ပစ်လွှတ်မှုအား အရေးယူ ဆောင်ရွက်ရန် အလားအလာ မရှိကြောင်းနှင့် တရုတ် နိုင်ငံမှလည်း အရေးယူ ပိတ်ဆို့မှု များအား လိုလားလျက် မရှိကြောင်း တောင်ကိုရီးယား အရာရှိများမှ ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံမှ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒုံးပျံ လွှတ်တင်ခဲ့ မှုအား ကုလသမဂ္ဂမှ ဝေဖန် ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၏ တားမြစ်ချက်အား ချိုးဖောက်သည့် အတွက် အရေးယူ ဆောင်ရွက်ရန်နှင့် တာဝေးပစ် ဒုံးပျံများ ထုတ်လုပ်မှုများအား ပိတ်ပင်ရန် တောင်ကိုရီးယား နိုင်ငံမှ တောင်းဆို ခဲ့ကြောင်း သိရှိရ ပါသည်။
မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံ လွှတ်တင်မှု အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ဆွေးနွေးမှုများ ပြုလုပ် လျက်ရှိပြီးမြောက်ကိုရီးယားနိုင်ငံအား အရေးယူ ဆောင်ရွက် ရန် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ တို့မှ တောင်းဆို ထားကြောင်း၊ မြောက်ကိုရီးယား နိုင်ငံအား အရေးယူ ဆောင်ရွက် မှုတွင် တရုတ် နိုင်ငံသည် ၎င်းနိုင်ငံနှင့် မဟာမိတ်နိုင်ငံ ဖြစ်သည့် အတွက် ဗီတိုအာဏာသုံး၍ ပယ်ဖျက်နိုင်ကြောင်း တောင် ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါ သည်။

မြောက်ကိုရီးယား နိုင်ငံအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အရေးယူဆောင်ရွက်ရန် တရုတ် နိုင်ငံမှလည်း အနည်းငယ် ဆန္ဒရှိကြောင်း အခြား ဝန်ကြီးဌာန၏ အရာရှိများမှ ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား၏ ဒုံးပျံ လွှတ်တင်မှုအား ကုလသမဂ္ဂမှ အရေးယူ ဆောင်ရွက်လျှင် ဟန့်တား လိမ့်မည် မဟုတ်ကြောင်းနှင့် အရေးယူ ဆောင်ရွက်မည် ဆိုပါက စဉ်းစား သုံးသပ်ပြီး မှ ပြုလုပ်သင့်ကြောင်း တရုတ်နိုင်ငံမှ ပြောကြားခဲ့ ပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် အလေးချိန် ကီလိုဂရမ် ၅ဝဝ နှင့် ၆ဝဝ အကြားရှိ ဒုံးကျည် ထိပ်ဖူး တပ်ဆင်ထားသော ကီလိုမီတာ ၁ဝ,ဝဝဝ ကျော် ပစ်လွှတ်နိုင်သည့် billistic ဒုံးကျည်အား တီထွင် နိုင်ခဲ့ကြောင်း တောင်ကိုရီး ယား ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

၎င်းဒုံးကျည်သည် ဆန်ဖရန်စစ္စကို အပါအဝင် အမေရိကန် နိုင်ငံ၏ အနောက်ဘက် ကမ်းခြေ အထိ ရောက် ရှိကြောင်း တောင်ကိုရီးယား နိုင်ငံ၏ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရှိရ ပါသည်။ ယခင် မြောက် ကိုရီးယား နိုင်ငံသည် နျူကလီးယားနှင့် ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၂ဝဝ၉ ခုနှစ် မှစ၍ ကုလသမဂ္ဂ ၏ အရေးယူ ပိတ်ဆို့မှုများ ခံခဲ့ရကြောင်း သိရှိရ ပါသည်။

မြ၀တီ

No comments:

Post a Comment

My Blog List