Thursday, December 27, 2012

ရန်ကုန်ရှိ အမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းရန် GIS နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း ဂျာမနီကူညီ

Photo: ရန်ကုန်ရှိ အမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းရန် GIS နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း ဂျာမနီကူညီ 
Wednesday, 26 December 2012

ရန်ကုန်မြို့ရှိ  မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရာတွင် ယင်းတို့၏ တည်နေရာ၊ အဆောက်အအုံ၏ အနေအထား၊ မြင်ကွင်းပုံစံ အစရှိသည်တို့ကို GIS နည်းပညာဖြင့် မှတ်တမ်းတင်နိုင်ရန် ဂျာမနီနိုင်ငံက အကူအညီပေးနေကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့ပေါ်ရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများစာရင်း (Heritage Inventory of Downtown Yangon,HIDY) သည် အရှေ့အနောက်အနေဖြင့် လမ်းမတော်လမ်းမှ သိမ်ဖြူလမ်းအကြား၊ တောင်၊ မြောက်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ကမ်းနားလမ်းအကြားရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများကို စာရင်းပြုစုလျက်ရှိကြောင်းလည်း ဂျာမနီနိုင်ငံ Cologne တက္ကသိုလ်မှ သုတေသနပညာရှင် Dr.Regine Spohner က ပြောကြားခဲ့သည်။

GIS နည်းပညာဆိုသည်မှာ ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံများရိုက်ယူ၍ ပထ၀ီမြေပြင် အချက်အလက်များကို မှတ်တမ်းတင်သော စနစ်ဖြစ်သည်။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်မြို့က ရှေးဟောင်းအဆောက်အအုံနေရာတွေကို GIS နည်းပညာနဲ့ မှတ်တမ်းတင်ဖို့ လုပ်နေပါတယ်၊၊ အခု GIS နဲ့ မှတ်တမ်းတင်
ထားတာတွေကိုလည်း Map တစ်ခုထုတ်သွားဖို့ ရှိပါတယ်။ 
ဒီနည်းပညာကို အသုံးပြုပြီး ဆွဲထားတဲ့ မြေပုံတွေအပေါ်မှာ ကိုယ်သိချင်တဲ့ အဆောက်အအုံကို အလွယ်တကူရှာနိုင်သလို အဆောက်အအုံရဲ့ ပုံစံဒီဇိုင်း၊ အရွယ်အစား၊ မြင်ကွင်း စတာတွေကို သိနိုင်မှာပါ။ ဒါတွေကို ဂျာမနီနိုင်ငံ University of Cologne က ပညာရှင်တွေရဲ့ အကူအညီနဲ့
ဆောင်ရွက်နေတာပါ” ဟု ပြောကြားခဲ့သည်။

“မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့စီစဉ်ထားပါတယ်။ လတ်တလော ရန်ကုန်မှာရှိတဲ့ ရှေးဟောင်း
အဆောက်အအုံတွေနဲ့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်နေပါတယ်။ မြို့ပြအမွေအနှစ်ဆိုတာ ရှေးဟောင်း
အဆောက်အအုံတွေအပြင် သမိုင်းအရ တန်ဖိုးရှိတဲ့ အဆောက်အအုံတွေ၊ ကန်တော်ကြီးတို့၊ အင်းလျားကန်တို့လို သဘာဝအမွေအနှစ်တွေ ပါဝင်တယ်။ Man-made Building တွေ၊ ဆိုလိုတာက လူတွေဖန်တီးထားတဲ့ အထိမ်းအမှတ် အဆောက်အအုံတွေ ပါဝင်တယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဆိုသည်။ စာရင်းကောက်ယူခြင်းများကို ၂၀၁၀ ပြည့်နှစ်ကတည်းက ကွင်းဆင်းလေ့လာမှုများ ပြုခဲ့ကြခြင်း ဖြစ်သည်။

Eleven Media Group
ရန်ကုန်မြို့ရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရာတွင် ယင်းတို့၏ တည်နေရာ၊ အဆောက်အအုံ၏ အနေအထား၊ မြင်ကွင်းပုံစံ အစရှိသည်တို့ကို GIS နည်းပညာဖြင့် မှတ်တမ်းတင်နိုင်ရန် ဂျာမနီနိုင်ငံက အကူအညီပေးနေကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့ပေါ်ရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများစာရင်း (Heritage Inventory of Downtown Yangon,HIDY) သည် အရှေ့အနောက်အနေဖြင့် လမ်းမတော်လမ်းမှ သိမ်ဖြူလမ်းအကြား၊ တောင်၊ မြောက် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ကမ်းနားလမ်းအကြားရှိ မြို့ပြအမွေအနှစ် အဆောက်အအုံများကို စာရင်းပြုစုလျက်ရှိကြောင်းလည်း ဂျာမနီနိုင်ငံ Cologne တက္ကသိုလ်မှ သုတေသနပညာရှင် Dr.Regine Spohner က ပြောကြားခဲ့သည်။
GIS နည်းပညာဆိုသည်မှာ ဂြိုလ်တုမှတစ်ဆင့် ဓာတ်ပုံများရိုက်ယူ၍ ပထ၀ီမြေပြင် အချက်အလက်များကို မှတ်တမ်းတင်သော စနစ်ဖြစ်သည်။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ရန်ကုန်မြို့က ရှေးဟောင်းအဆောက်အအုံနေရာတွေကို GIS နည်းပညာနဲ့ မှတ်တမ်းတင်ဖို့ လုပ်နေပါတယ်၊၊ အခု GIS နဲ့ မှတ်တမ်းတင်ထားတာတွေကိုလည်း Map တစ်ခုထုတ်သွားဖို့ ရှိပါတယ်။
ဒီနည်းပညာကို အသုံးပြုပြီး ဆွဲထားတဲ့ မြေပုံတွေအပေါ်မှာ ကိုယ်သိချင်တဲ့ အဆောက်အအုံကို အလွယ် တကူရှာနိုင်သလို အဆောက်အအုံရဲ့ ပုံစံဒီဇိုင်း၊ အရွယ်အစား၊ မြင်ကွင်း စတာတွေကို သိနိုင်မှာပါ။ ဒါတွေကို ဂျာမနီနိုင်ငံ University of Cologne က ပညာရှင်တွေရဲ့ အကူအညီနဲ့ဆောင်ရွက်နေတာပါ” ဟု ပြောကြား ခဲ့သည်။

“မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဖို့စီစဉ်ထားပါတယ်။ လတ်တလော ရန်ကုန်မှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေနဲ့ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်နေပါတယ်။ မြို့ပြအမွေအနှစ်ဆိုတာ ရှေးဟောင်းအဆောက်အအုံတွေအပြင် သမိုင်းအရ တန်ဖိုးရှိတဲ့ အဆောက် အအုံတွေ၊ ကန်တော်ကြီးတို့၊ အင်းလျားကန်တို့လို သဘာဝအမွေအနှစ်တွေ ပါဝင်တယ်။ Man-made Building တွေ၊ ဆိုလိုတာက လူတွေဖန်တီးထားတဲ့ အထိမ်းအမှတ် အဆောက်အအုံတွေ ပါဝင်တယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦးက ဆိုသည်။ စာရင်းကောက် ယူခြင်းများကို ၂၀၁၀ ပြည့်နှစ်ကတည်းက ကွင်းဆင်းလေ့လာမှုများ ပြုခဲ့ကြခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List