Thursday, December 27, 2012

နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်

Photo: နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ် 
Wednesday, December 26, 2012

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင် အမည်ရှိ စကိတ်စီး ကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနား မြို့ပေါ်မှ လူငယ် လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာ စကိတ်စီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင် လွင်ပြင်စကိတ် အားကစား ကွင်းသည် ပေ(၆ဝx၁ဝဝ) အကျယ်အဝန်း ရှိကာ တစ်ချိန် တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်း ကစားနိုင်ပြီး  စကိတ် အားကစား ကွင်း၌ လေးဘီးစကိတ်၊ လေးဘီး အတန်းလိုက် စကိတ်၊ ကုတ်စကိတ်နှင့် စကိတ်စီး ဖိနပ် အရန် (၂ဝဝ)ကျော်ခန့် ထားရှိသည်။

ထို့ပြင် ယခုမှ စတင် စကိတ်စီး သူများအတွက် ဒူးကာနှင့် ဦးထုပ်များလည်း အဆင်သင့် ထားရှိကြောင်း၊ စကိတ်လာရောက် စီးသူများ အတွက် ဆိုင်ကယ်၊ ကား၊ စက်ဘီးနှင့် ဖိနပ် စသည်တို့ ပျောက်ဆုံးမှု မရှိအောင် လုံခြုံရေး စီမံချက်များ ထားရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က ကလေးတွေ အားကစားနဲ့ ကျန်းမာရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။  ခုခေတ် ကလေးတွေက  အင်တာနက်ထိုင်၊ တီဗွီဂိမ်း နှိပ်နဲ့ တစ်နေကုန် အညောင်း အညာတွေ များနေ တာကြောင့် ကျန်းမာရေးလည်း အထောက် အကူပြု၊ ပျော်ရွှင် စရာလည်း ဖြစ်စေချင်လို့ ဒီလို စကိတ်ကွင်း စီစဉ် ခဲ့ရခြင်းပါ''ဟု ကွင်းပိုင်ရှင်မှ ပြော ကြားကြောင်း သိရသည်။

မြ၀တီ
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင် အမည်ရှိ စကိတ်စီး ကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနား မြို့ပေါ်မှ လူငယ် လူရွယ် အများအပြား လာရောက် ၍ ပျော်ရွှင်စွာ စကိတ်စီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင် လွင်ပြင်စကိတ် အားကစား ကွင်းသည် ပေ(၆ဝx၁ဝဝ) အကျယ်အဝန်း ရှိကာ တစ်ချိန် တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်း ကစားနိုင်ပြီး စကိတ် အားကစား ကွင်း၌ လေးဘီးစကိတ်၊ လေးဘီး အတန်းလိုက် စကိတ်၊ ကုတ်စကိတ်နှင့် စကိတ်စီး ဖိနပ် အရန် (၂ဝဝ)ကျော်ခန့် ထားရှိသည်။
ထို့ပြင် ယခုမှ စတင် စကိတ်စီး သူများအတွက် ဒူးကာနှင့် ဦးထုပ်များလည်း အဆင်သင့် ထားရှိကြောင်း၊ စကိတ်လာရောက် စီးသူများ အတွက် ဆိုင်ကယ်၊ ကား၊ စက်ဘီးနှင့် ဖိနပ် စသည်တို့ ပျောက်ဆုံးမှု မရှိအောင် လုံခြုံရေး စီမံချက်များ ထားရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က ကလေးတွေ အားကစားနဲ့ ကျန်းမာရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ ခုခေတ် ကလေးတွေက အင်တာနက်ထိုင်၊ တီဗွီဂိမ်း နှိပ်နဲ့ တစ်နေကုန် အညောင်း အညာတွေ များနေ တာကြောင့် ကျန်းမာရေးလည်း အထောက် အကူပြု၊ ပျော်ရွှင် စရာလည်း ဖြစ်စေချင်လို့ ဒီလို စကိတ်ကွင်း စီစဉ် ခဲ့ရခြင်းပါ''ဟု ကွင်းပိုင်ရှင်မှ ပြော ကြားကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List