Thursday, December 27, 2012

ပခုက္ကူမြို့တွင် ပုဂ္ဂလိကကုမ္ပဏီခွဲများမှ ၀န်ထမ်းသစ်များ ခေါ်ယူမှု များပြားလာသော်လည်း အလုပ်လက်မဲ့ ဘွဲ့ရလူငယ် အများအပြားရှိနေသေး

Photo: ပခုက္ကူမြို့တွင် ပုဂ္ဂလိကကုမ္ပဏီခွဲများမှ ၀န်ထမ်းသစ်များ ခေါ်ယူမှု များပြားလာသော်လည်း အလုပ်လက်မဲ့ ဘွဲ့ရလူငယ် အများအပြားရှိနေသေး  
Wednesday, 26 December 2012

ပခုက္ကူမြို့တွင် ၂၀၁၂ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ခြင်းနှင့် ဘဏ်ခွဲများဖွင့်လှစ်မှု များပြားလာသည့်
အတွက် ၀န်ထမ်းသစ်ခေါ်ယူမှုများကြောင့် ဒေသခံလူငယ်များကြား အလုပ်အကိုင်ရရှိရေး မျှော်လင့်လာကြောင်း သိရှိရပါသည်။

ကုမ္ပဏီများ၊ ဘဏ်ခွဲသစ်များမှ အလုပ်ခေါ်ယူမှုများအား မြို့ခံလူငယ်များသာမက အနီးနားရှိမြို့များမှ လူငယ်များပါ လာရောက်လျှောက်ထားကြသော်လည်း အလုပ်လက်မဲ့ လူငယ်ဘွဲ့ရနှင့် အလုပ်အကိုင် အခွင့်အလမ်းမှာ မျှတမှုရှိရန် လိုအပ်နေသေးကြောင်း သိရသည်။

“ရေစကြိုကနေ လာလျှောက်တာ။ ညီမတို့ဆီမှာက အလုပ်ရဖို့ မလွယ်ဘူး။ ပုဂ္ဂလိက ကုမ္ပဏီဆိုတာလည်း မရှိသလောက်ပဲ။ အခုပခုက္ကူမှာရှိတဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေက ၀န်ထမ်းသစ်ခေါ်တာများလို့ လာလျှောက်တာ။ အလုပ်ရရင်တောင် အဆောင်နေပြီး လုပ်ရမှာ။ အလုပ်မရှိလို့ကလည်း မဖြစ်တော့ အလုပ်လိုချင်တယ်။ လူအများကြီးကို အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ စက်ရုံတွေလာရင်တော့ ပိုကောင်းတာပေါ့။ ဘွဲ့ရပြီးအလုပ်မရှိတဲ့ လူငယ်တွေ အများကြီးရှိတယ်” ဟု ဓာတုဗေဒဖြင့် ဘွဲ့ရပြီး အလုပ်အကိုင်ရရှိရေးအတွက် ဘဏ်တွင်အလုပ်လျှောက်ထားနေသူ တစ်ဦးက ပြောသည်။

“ပခုက္ကူမှာ အရင်ထက်စာရင် ပုဂ္ဂလိကလုပ်ငန်းတွေလည်း များလာတော့ အလုပ်ခေါ်တာတွေလည်း များလာတယ်။ ဒါပေမယ့် ဘွဲ့ရအလုပ်လက်မဲ့နဲ့ အလုပ်ခေါ်တာနဲ့ မမျှတော့ မျှော်လင့်ချက် နည်းပါတယ်။ အခုပုဂ္ဂလိကဘဏ်က အငယ်တန်းစာရေး လာလျှောက်တာခေါ်မှာက ဆယ်ဂဏန်းလောက်ပဲ အစ်ကိုရ။ လျှောက်တဲ့သူက ၂၀၀ ကျော်ရှိတယ်။ အစိုးရအလုပ်ကလည်း သိပ်မခေါ်တော့ ပုဂ္ဂလိကဘက်ကိုပဲ တိုးနေရတာ။ လူအများကြီး အလုပ်ရနိုင်တဲ့ စက်ရုံတွေကလည်း မြို့ကြီးတွေမှာပဲ တည်ကြတော့ နယ်တွေမှာက အလုပ်ရဖို့ မလွယ်ဘူး” ဟု ဥပဒေဖြင့် ဘွဲ့ရပြီး အလုပ်ရရှိရေး မျှော်လင့်နေသူတစ်ဦးက ပြောသည်။

Eleven Media Group
ပခုက္ကူမြို့တွင် ၂၀၁၂ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ခြင်းနှင့် ဘဏ်ခွဲများဖွင့်လှစ်မှု များပြားလာသည့်အတွက် ၀န်ထမ်းသစ်ခေါ်ယူမှုများကြောင့် ဒေသခံလူငယ်များကြား အလုပ်အကိုင်ရရှိရေး မျှော်လင့်လာကြောင်း သိရှိရပါသည်။

ကုမ္ပဏီများ၊ ဘဏ်ခွဲသစ်များမှ အလုပ်ခေါ်ယူမှုများအား မြို့ခံလူငယ်များသာမက အနီးနားရှိမြို့များမှ လူငယ်များပါ လာရောက်လျှောက်ထားကြသော်လည်း အလုပ်လက်မဲ့ လူငယ်ဘွဲ့ရနှင့် အလုပ်အကိုင် အခွင့်အလမ်းမှာ မျှတမှုရှိရန် လိုအပ်နေသေးကြောင်း သိရသည်။
“ရေစကြိုကနေ လာလျှောက်တာ။ ညီမတို့ဆီမှာက အလုပ်ရဖို့ မလွယ်ဘူး။ ပုဂ္ဂလိက ကုမ္ပဏီဆိုတာလည်း မရှိသလောက်ပဲ။ အခုပခုက္ကူမှာရှိတဲ့ ကုမ္ပဏီတွေ၊ ဘဏ်တွေက ၀န်ထမ်းသစ်ခေါ်တာများလို့ လာလျှောက်တာ။ အလုပ်ရရင်တောင် အဆောင်နေပြီး လုပ်ရမှာ။ အလုပ်မရှိလို့ကလည်း မဖြစ်တော့ အလုပ်လိုချင်တယ်။ လူအများကြီးကို အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ စက်ရုံတွေလာရင်တော့ ပိုကောင်း တာပေါ့။ ဘွဲ့ရပြီးအလုပ်မရှိတဲ့ လူငယ်တွေ အများကြီးရှိတယ်” ဟု ဓာတုဗေဒဖြင့် ဘွဲ့ရပြီး အလုပ်အကိုင် ရရှိရေးအတွက် ဘဏ်တွင်အလုပ်လျှောက်ထားနေသူ တစ်ဦးက ပြောသည်။

“ပခုက္ကူမှာ အရင်ထက်စာရင် ပုဂ္ဂလိကလုပ်ငန်းတွေလည်း များလာတော့ အလုပ်ခေါ်တာတွေလည်း များလာတယ်။ ဒါပေမယ့် ဘွဲ့ရအလုပ်လက်မဲ့နဲ့ အလုပ်ခေါ်တာနဲ့ မမျှတော့ မျှော်လင့်ချက် နည်းပါတယ်။ အခုပုဂ္ဂလိကဘဏ်က အငယ်တန်းစာရေး လာလျှောက်တာခေါ်မှာက ဆယ်ဂဏန်းလောက်ပဲ အစ်ကို ရ။ လျှောက်တဲ့သူက ၂၀၀ ကျော်ရှိတယ်။ အစိုးရအလုပ်ကလည်း သိပ်မခေါ်တော့ ပုဂ္ဂလိကဘက်ကိုပဲ တိုးနေရတာ။ လူအများကြီး အလုပ်ရနိုင်တဲ့ စက်ရုံတွေကလည်း မြို့ကြီးတွေမှာပဲ တည်ကြတော့ နယ်တွေမှာက အလုပ်ရဖို့ မလွယ်ဘူး” ဟု ဥပဒေဖြင့် ဘွဲ့ရပြီး အလုပ်ရရှိရေး မျှော်လင့်နေ သူတစ်ဦး က ပြောသည်။

Eleven Media Group

No comments:

Post a Comment

My Blog List