Thursday, December 27, 2012

ရှန်ဟိုင်းရှိ ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်မှု

Photo: ရှန်ဟိုင်းရှိ ရှော့ပင်းစင်တာ အလှမွေးငါးကန် ရုတ်တရက်ပေါက်ထွက်မှု
Thursday, 27 December 2012

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် ငါး အများအပြားနှင့် လိပ်များကို ထည့်သွင်းမွေးမြူ ပြသထားခြင်းဖြစ်သည်။

ငါးကန်အတွင်း ၃၃ တန် ပမာဏရှိ ရေများရှိနေပြီး ရုတ်တရက်
ပေါက်ထွက်သွားသည့်အခါ ဖန်ကွဲစများ လွင့်စင်ထွက်လာခဲ့သည်။ အလှမွေးငါးကန် ပေါက်ထွက်သွားသည့် အချိန်တွင် ငါးများကို ကြည့်ရှုနေသူအချို့ကိုလည်း တွေ့ရသည်။

Planet Myanmar Network
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ရှော့ပင်းစင်တာတစ်ခုရှိ အလှမွေးငါးကန်ကြီး ရုတ်တရက် ပေါက်ထွက်သွားမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အလှမွေးငါးကန်မှာ အရှည် ၇ မီတာ၊ အမြင့် ၃ မီတာရှိပြီး လီမွန်ငါးမန်း (Lemon Shark) ၃ ကောင်၊ အခြား သေးငယ်သည့် ငါး အများအပြားနှင့် လိပ်များကို ထည့်သွင်းမွေးမြူ ပြသ ထားခြင်းဖြစ်သည်။

ငါးကန်အတွင်း ၃၃ တန် ပမာဏရှိ ရေများရှိနေပြီး ရုတ်တရက်ပေါက်ထွက်သွားသည့်အခါ ဖန်ကွဲစများ လွင့်စင်ထွက်လာခဲ့သည်။ အလှမွေးငါးကန် ပေါက်ထွက်သွားသည့် အချိန်တွင် ငါးများကို ကြည့်ရှုနေသူ အချို့ကိုလည်း တွေ့ရသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List