လက်ပံတောင်းတောင် အရေးတွင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော အရှင်သစ္စဏသည် ထိုင်းနိုင်ငံတွင် ဆေးကုသ ရန် ယနေ့နေ့လည် နှစ်နာရီတွင် ရန်ကုန်ဆေးရုံကြီးမှ ထွက်ခွာသွားသည်။ "ဒီမှာကုတာထက် ပိုမိုကောင်းမွန် မယ်ထင်လို့သွားရောက်ကုသခြင်းဖြစ်တယ်။ဒဏ်ရာအခြေအနေမသက်သာလို့သွားရောက်ကုသတာမဟုတ်ပါဘူး"ကို ဒဏ်ရာရသံဃာတော်များ စောင့်ရှောင့်နေသောဆရာတော်ဦးဝိမလက မိန့်ကြားခဲ့သည်။
ဆေးကုသရန်အတွက် နိုင်ငံတော်မှခွင့် ပြုပေးရုံသာမဟုတ်ပဲ၊ဆေးကုသမှုနှင့် ပက်သက်ပြီး အားလုံးတာဝန်ယူ မည်ဆိုသောကြောင့်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ နိုင်ငံတော်မှ ကူညီမှု သည် စောစောပိုင်း အချိန်ကတည်းက စတင်သင့်ကြောင်းယခုလိုအချိန်ကြာမှ ကူညီသောကြောင့်ရောဂါဝေဒနာ ပိုခံစားရပြီး၊ အနာများမှာ ပိုရင်းလာကြောင်းဒဏ်ရာရ သံဃာတော်များ စောင့်ရှောင့်ပေးနေသူ ကိုခိုင်နေမင်း က ပြောကြားသည်။
"နိုင်ငံတော်က ဘာကိုတာဝန်ယူမှာလဲ၊ ဘာကိုအာမခံချက်ပေးမှာလဲ ဆိုတာ စောစောထဲက ပြတ်သားသင့်တယ်။ အခုလိုအချိန်ကြာလာတော့ ဒဏ်ရာတွေပိုရင်းတယ်၊ ပိုခံစားရတယ်"ဟုကိုခိုင်နေမင်းက ပြောကြားသည်။ အရှင်သစ္စဏအပါအ၀င် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သော သံဃာတော်နှစ်ပါးရှိပြီဖြစ်သည်။
The Myanma Age

No comments:
Post a Comment