Thursday, December 27, 2012

ဧည့်လမ်းညွှန်များစာရင်းကို သတင်းစာတွင်မှားယွင်းဖော်ပြထားသည်ဟု ဧည့်လမ်းညွှန်အသင်းကပြောကြား

Air Bagan လေယာဉ် ပျက်ကျမှုတွင် လေယာဉ်ပေါ်တွင် ပါဝင်သော ဧည့်လမ်းညွှန် အရေအတွက်မှာ ၄ဦးဖြစ်ကြာင်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် ၂ဦးဟု မှားယွင်းစွာ ဖော်ပြထားကြောင်းနှင့်သေဆုံး သွားသော မနွယ်လင်းရှိန်အား ခရီးသည်ဟုဖော်ပြထားခြင်းကိုပြင်းထန်စွာ ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကန်တော်ကြီးပဲလေစ့် ဟိုတယ်တွင် Air Bagan မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တက်ရောက် ပြောကြားသည်။
“ဒီနေ့ထုတ်တဲ့ သတင်းစာတွေမှာ ဧည့်လမ်းညွှန် ၂ဦးပါတယ် လို့ရေးထားပါတယ်။ တကယ်ဆိုရင် ပါသွားတာ ၄ယောက်ပါ။ ဘာလို့မှားယွင်းပြီးဖော်ပြရတာပါလဲ။ ပြီးတော့ သေဆုံးသွားတဲ့ ဧည့်လမ်းညွှန်မနွယ်လင်းရှိန် ကိုလည်း ခရီးသည်လို့ ရေးထားပါတယ် ။သူမက ခရီးသည် မဟုတ်ပါဘူး ၊ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာပါ ဒါကို ခရီးသည်လို့ ရေးတာကို အပြင်းအထန် ကန့်ကွက်ပါတယ်။” ဟုမြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းမှတာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ယင်းအပြင် ဒဏ်ရာရရှိထားသော ဧည့်လမ်းညွှန် ၄ယောက်စလုံးမှာ ခါးတွင်ထိခိုက်ဒဏ်ရာများ ရရှိထားပြီး ၄င်းတို့ထဲမှ ၁ဦးမှာ အခြေအနေဆိုးရွားပြီး အောက်ပိုင်းသေသွားမည်ကို ဧည့်လမ်းညွှန်များအားလုံးကစိတ် ပူနေကြောင်း Air Bagan ဘက်မှ မည်သို့တာဝန်ယူမည်ကို အခုချိန်ထိသေချာ မသိရသေးသည့်အတွက် သိရှိလိုကြောင်း ဧည့်လမ်းညွှန်အသင်းမှ မသန္တာဦးက ပြောကြားသည်။

Air Bagan ဘက်မှ သေဆုံးသွားသူများ၏နာရေးကိစ္စများကိုဆောင်ရွက်ပေးထားပြီး တာဝန်ယူစရာ ရှိသည်များကို တာဝန်ယူဖြေရှင်းမည်ဖြစ်ကြောင်း ယခု ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃သိန်း နှင့် နိုင်ငံခြားသား ဧည့်သည်များကို ဒေါ်လာ ၂၀၀၀ပေးထားပြီးဖြစ်ကြောင်း Air Baganမှ မန်နေဂျင်းဒါရိုက်တာ ဦးထူးထက်ထွေးက ပြောကြားသည်။

ယင်းအပြင် ဧည့်လမ်းညွှန် မနွယ်လင်းရှိန် မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သည် ဆိုသည်မှာ ကောလ ဟာလသာ ဖြစ်ပြီး မနွယ်လင်းရှိန်မှာ အိမ်ထောင်မ၇ှိသူ အပျိုတစ်ဦးဖြစ်ကြောင်း ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

No comments:

Post a Comment

My Blog List