Thursday, December 27, 2012

ထိုင်းနည်းပညာသုံး မီးသင်္ဂြိုဟ်စက် ရွှေတောင်မြို့တွင် တည်ဆောက်

ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ရွှေတောင်မြို့တွင် ပရဟိတ နာရေးကူညီမှု အသင်းက ဦးဆောင်ပြီး ရွှေတောင်မြို့၏ ပထမဆုံး မီးသင်္ဂြိုဟ်စက် ကို ဒရယ်ချောင်း သုသာန်တွင် စက်ကိရိယာ မသုံးဘဲ ထိုင်း နည်းပညာ သုံးကာ ဆောက်လုပ်ပြီး ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ်သူ ဦးလှကြိုင် က ပြောကြားသည်။ နည်းပညာကို မြိတ်မြို့မှ ဦးဘိုနီက လှူဒါန်း ခဲ့ပြီး ၄င်း မီးသဂြိင်္ုလ်စက်တွင်လောင်စာ အနေနှင့် ထင်းကို အသုံး ပြုရကြောင်း လောင်ကျွမ်းချိန် တစ်နာရီ သာ လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ဒီဇယ် ၅ ဂါလံ ကုန်ကျသော ဒီဇယ် မီးသင်္ဂြိုဟ်စက် နှင့် ယှဉ်လျှင် ကုန်ကျစရိတ် သက်သာသော ယင်း နည်းပညာကို ရန်ကုန်မြို့ နာရေး ကူညီမှု အသင်းသို့ လှူဒါန်းသွားရန် စီစဉ် ထားကြောင်း ၎င်းက ဆိုသည်။ ခေါင်းသေတ္တာ မလိုသောကြောင့် လက်ရှိ အသုံးပြုနေသော ကျင်းတူး မြေမြုပ်သည့် စရိတ်နှင့် ယှဉ်လျှင် ၂ဆ ပိုမို သက်သာကြောင်း ရွှေတောင် ပရဟိတ နာရေး ကူညီမှု အသင်း အတွင်းရေးမှူး ဦးအောင်နိုင်စိုးက ပြောပြသည်။

စေတနာ ရှင်များ လှူဒါန်းမှု ဖြင့် တည်ဆောက် ခဲ့သော မီးသင်္ဂြိုဟ်စက် သည် သိန်း(၈၀)ခန့် ကုန်ကျ ခဲ့ပြီး ၄င်း နည်းပညာသုံး မီးသင်္ဂြိုဟ်စက် ကို ဥသျှစ်ပင်မြို့၊ ထုံးဘိုမြို့ တို့ တွင် အသုံးပြု နေပြီး ပုတီးကုန်း မြို့တွင် လည်း ဆောက်လုပ် ပြီးစီး နေပြီ ဖြစ်ကြောင်း တည်ဆောက်သူ ဦးလှကြိုင် က ပြောသည်။

The Voice Weekly

No comments:

Post a Comment

My Blog List