Tuesday, December 25, 2012

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်ကျင်းပမည့် “Asean Youth Camp 2013” သို့ မြန်မာကျောင်းသားများ တက်ရောက်ခွင့်ရ

Photo: ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင်ကျင်းပမည့် “Asean Youth Camp 2013” သို့ မြန်မာကျောင်းသားများ တက်ရောက်ခွင့်ရ  
Monday, 24 December 2012

၂၀၁၃ ဇန်န၀ါရီလတွင်ကျင်းပမည့် “Asean Youth Camp 2013” 
(အာဆီယံ လူငယ်လေ့လာရေးစခန်း ၂၀၁၃)သို့ မြန်မာနိုင်ငံမှ
ကျောင်းသားကျောင်းသူများ တက်ရောက်မည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) မှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

အဆိုပါလေ့လာရေးစခန်းအား ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) မှ ကျောင်းသားကျောင်းသူငါးဦးနှင့် ဆရာမတစ်ဦးတို့ တစ်ပတ်ကြာ
သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

''ဒီလို Camp မျိုးကို ဖိတ်ကြားခံရတာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပါတယ်။ Cyber University တည်ထောင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၀၁၂ အောက်တိုဘာလတုန်းက ထိုင်းမှာ အစည်းအဝေးလုပ်ခဲ့တယ်။ အဲဒီအစည်းအဝေးရဲ့ နောက်ဆက်တွဲရလဒ်အရ ဒီကျောင်းမှာရှိတဲ့
ကျောင်းသားတွေကို ခေါ်ဖိတ်ခြင်းခံရတာပါ။ ခုကတော့ အတန်းကြီးတွေဖြစ်တဲ့ တတိယနှစ်ကလေးတွေထဲက roll နံပါတ်ထိပ်ပိုင်းကို ရွေးချယ်ထားပါတယ်'' ဟု အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလေ့လာရေးစခန်းသို့ သွားရောက်ရမည့်သူများအတွက် “Asean Youth Camp 2013” လက်ခံကျင်းပမည့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Phranakhan Rajabhat University မှ တာဝန်ယူသွားမည်ဖြစ်ပြီး သွားရောက်မည့်သူများအနေဖြင့် ခရီးစဉ်အတွက် လေယာဉ်အသွားအပြန်
စရိတ်သာ ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ထိုင်းကို ပညာတော်သင်သွားမယ့် ကျောင်းသူတစ်ဦးရှိပါတယ်။ ပညာသင်ဆု အပြည့်အ၀ရရှိမှာပါ။ အဲဒါကတော့ ၀န်ကြီးရုံး
အစီအစဉ်နဲ့ ရွေးချယ်စေလွှတ်တာ ဖြစ်ပါတယ်။ ထိုင်းကို လေးနှစ်
ကျောင်းသွားတက်ရမှာပါ။ ဒီမှကတော့ ဒုတိယနှစ်ထိ ပြီးသွားပြီဖြစ်ပေမယ့် ဟိုဘက်မှာ အစကနေပြန်တက်ရမှာ ဖြစ်ပါတယ်။ ၀န်ကြီးရုံးအနေနဲ့
စေလွှတ်တာကတော့ ပထမဆုံးပါဘဲ။ သူ့အနေနဲ့ အိန္ဒိယကိုလည်း လူငယ်အစည်းအဝေးကို တစ်ပတ်ကြာ တက်ရောက်ခွင့် ရခဲ့တယ်။ သူကတော့ ICT တတိယနှစ်က ROLL 1 ပါ''  ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောပြခဲ့သည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) အား B.E ဘွဲ့ တိုက်ရိုက်ချီးမြင့်မည့် တက္ကသိုလ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊
ပြင်ဦးလွင်မြို့၌ ၂၀၁၀  ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ငါးနှစ်ကြာ
တက်ရောက်ရမည်ဖြစ်ကာ ICT,AME,EC နှင့် Precision စသည့် ဘာသာရပ်လေးမျိုးကို သင်ယူနိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၂၂၀၀ ခန့် ပညာသင်ယူလျက်
ရှိကြောင်း သိရသည်။

Eleven Media Group
၂၀၁၃ ဇန်န၀ါရီလတွင်ကျင်းပမည့် “Asean Youth Camp 2013” (အာဆီယံ လူငယ်လေ့လာရေးစခန်း ၂၀၁၃)သို့ မြန်မာနိုင်ငံမှ
ကျောင်းသားကျောင်းသူများ တက်ရောက်မည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလေ့လာရေးစခန်းအား ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) မှ ကျောင်းသားကျောင်းသူငါးဦးနှင့် ဆရာမတစ်ဦးတို့ တစ်ပတ်ကြာသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
''ဒီလို Camp မျိုးကို ဖိတ်ကြားခံရတာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပါတယ်။ Cyber University တည်ထောင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၂၀၁၂ အောက်တိုဘာလတုန်းက ထိုင်းမှာ အစည်းအဝေးလုပ်ခဲ့တယ်။ အဲဒီအစည်း အဝေးရဲ့ နောက်ဆက်တွဲရလဒ်အရ ဒီကျောင်းမှာရှိတဲ့ကျောင်းသားတွေကို ခေါ်ဖိတ်ခြင်းခံရတာပါ။ ခုကတော့ အတန်းကြီးတွေဖြစ်တဲ့ တတိယနှစ်ကလေးတွေထဲက roll နံပါတ်ထိပ်ပိုင်းကို ရွေးချယ်ထားပါတယ်'' ဟု အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါလေ့လာရေးစခန်းသို့ သွားရောက်ရမည့်သူများအတွက် “Asean Youth Camp 2013” လက်ခံကျင်းပမည့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Phranakhan Rajabhat University မှ တာဝန်ယူသွားမည်ဖြစ်ပြီး သွားရောက်မည့်သူများအနေဖြင့် ခရီးစဉ်အတွက် လေယာဉ်အသွားအပြန်စရိတ်သာ ကုန်ကျရမည်ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ထိုင်းကို ပညာတော်သင်သွားမယ့် ကျောင်းသူတစ်ဦးရှိပါတယ်။ ပညာသင်ဆု အပြည့်အ၀ရရှိမှာပါ။ အဲဒါကတော့ ၀န်ကြီးရုံးအစီအစဉ်နဲ့ ရွေးချယ်စေလွှတ်တာ ဖြစ်ပါတယ်။ ထိုင်းကို လေးနှစ်ကျောင်းသွား တက်ရမှာပါ။ ဒီမှကတော့ ဒုတိယနှစ်ထိ ပြီးသွားပြီဖြစ်ပေမယ့် ဟိုဘက်မှာ အစကနေပြန်တက်ရမှာ ဖြစ်ပါတယ်။ ၀န်ကြီးရုံးအနေနဲ့စေလွှတ်တာကတော့ ပထမဆုံးပါဘဲ။ သူ့အနေနဲ့ အိန္ဒိယကိုလည်း လူငယ်အစည်းအဝေးကို တစ်ပတ်ကြာ တက်ရောက်ခွင့် ရခဲ့တယ်။ သူကတော့ ICT တတိယနှစ်က ROLL 1 ပါ'' ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောပြခဲ့သည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) အား B.E ဘွဲ့ တိုက်ရိုက်ချီးမြင့်မည့် တက္ကသိုလ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့၌ ၂၀၁၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ငါးနှစ်ကြာတက်ရောက်ရမည်ဖြစ်ကာ ICT,AME,EC နှင့် Precision စသည့် ဘာသာရပ်လေးမျိုးကို သင်ယူနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ကျောင်းသားကျောင်းသူပေါင်း ၂၂၀၀ ခန့် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List