Tuesday, December 25, 2012

ကျူးကျော် အိမ်ဆောက်သူ တစ်ရက်အတွင်း ရာကျော်

Photo: ရန်ကုန်၊ ဒီဇင်ဘာ ၂၄။

ပြည်သူ့အိမ်ရာစီမံကိန်း တည်ဆောက်မည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် တစ်ရက်အတွင်း ကျူးကျော် လာရောက် အိမ်ဆောက်သူ တစ်ရာကျော်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချိုဦးက ပြောကြားသည်။

“မနေ့ကနေ ဒီနေ့ နေ့လည် အထိ အိမ်ခြေတစ်ရာကျော်လောက် လာဆောက်နေကြတယ်။ ကျွန်တော်လည်း ပြောလို့ မနိုင်တော့ဘူး။ သက်ဆိုင်ရာကိုတော့ သတင်းပေးအကြောင်းကြားထားတယ်” ဟု ဦးချိုဦးက ပြောကြားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ရတနာနှင့် ဧရာဝဏ် ပြည်သူ့အိမ်ရာစီမံကိန်း တည်ဆောက်ရန်အတွက် စီမံကိန်းဧရိယာအတွင်းရှိ ကျူးကျော်များအား ဖယ်ရှားရှင်းလင်းရန် ဆောင်ရွက်မည့် ကာလအတွင်း ယခုကဲ့သို့ ကျူးကျော် လာရောက်အိမ်ဆောက်သူ များပြားလာ ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမတို့မှာ နေစရာမရှိပါဘူး။ ဦးလေးကလည်း ကျန်းမာရေးမကောင်းဘူး။ ဝါးတောင်မ၀ယ်နိုင်လို့ သစ်ပင်လေးတွေနဲ့ အိမ်ဖြစ်အောင် ဆောက်ပြီး နေရတာပါ” ဟု အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရပ်ကွက်အတွင်းရှိ အိုးအိမ်ဦးစီးဌာနပိုင်မြေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အာဏာပိုင်များက ငွေကြေးဖြင့် ရောင်းချနေများ ရှိကြောင်း ၆၇ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောကြားသည်။

အိမ်ဆောက်နေထိုင်ခွင့်ရရှိရန်အတွက် မြေကွက် တစ်ကွက်လျှင် ကျပ်တစ်သိန်းခွဲမှ ကျပ် ငါးသိန်းအထိ ပေးခဲ့ရကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများက ပြောကြားသည်။

လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ပြည်သူ့စီမံကိန်း အကောင်အထည်ဖော် လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ကျူးကျော်အိမ်စာရင်း ကောက်ခံရာ ၄၇၆ လုံးသာရှိပြီး ယခုအခါ အိမ်ခြေ ၆၀၀ ၀န်းကျင်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က လာမည့်၂၀၁၅ ခုနှစ်တွင် ပြည်သူ့အိမ်ရာစီမံကိန်း ပြီးစီးစေလိုသည်ဟု လမ်းညွှန်ထား ကြောင်းသိရသည်။

ရတနာ ပြည်သူ့အိမ်ရာစီမံကိန်းတွင် တိုက်ခန်းပေါင်း ၅၇၀၀ ကျော်တည်ဆောက်သွားမည်ဖြစ်ပြီး ဧရာဝဏ် ပြည်သူ့အိမ်ရာစီမံကိန်းတွင် တိုက်ခန်းပေါင်း ၄၇၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်သည်။

ဟိန်းသူ
The Myanma Age
ရန်ကုန်၊ ဒီဇင်ဘာ ၂၄။ ပြည်သူ့အိမ်ရာစီမံကိန်း တည်ဆောက်မည့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင် တစ်ရက်အတွင်း ကျူးကျော် လာရောက် အိမ်ဆောက်သူ တစ်ရာကျော်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချိုဦးက ပြောကြားသည်။ “မနေ့ကနေ ဒီနေ့ နေ့လည် အထိ အိမ်ခြေ တစ်ရာကျော်လောက် လာဆောက်နေကြတယ်။ 
 ကျွန်တော်လည်း ပြောလို့ မနိုင်တော့ဘူး။ သက်ဆိုင်ရာကိုတော့ သတင်းပေးအကြောင်းကြားထားတယ်” ဟု ဦးချိုဦးက ပြောကြားသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ရတနာနှင့် ဧရာဝဏ် ပြည်သူ့အိမ်ရာစီမံကိန်း တည်ဆောက်ရန်အတွက် စီမံကိန်းဧရိယာအတွင်းရှိ ကျူးကျော်များအား ဖယ်ရှားရှင်းလင်းရန် ဆောင်ရွက်မည့် ကာလအတွင်း ယခုကဲ့သို့ ကျူးကျော် လာရောက်အိမ်ဆောက်သူ များပြားလာ ခြင်းဖြစ်ကြောင်း သိရသည်။ “ကျမတို့မှာ နေစရာမရှိပါဘူး။ ဦးလေးကလည်း ကျန်းမာရေးမကောင်းဘူး။ ဝါးတောင်မ၀ယ်နိုင်လို့ သစ်ပင်လေးတွေနဲ့ အိမ်ဖြစ်အောင် ဆောက်ပြီး နေရတာပါ” ဟု အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 
 
ရပ်ကွက်အတွင်းရှိအိုးအိမ်ဦးစီးဌာနပိုင်မြေများကိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်အာဏာပိုင်များက ငွေကြေးဖြင့် ရောင်းချနေများ ရှိကြောင်း ၆၇ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောကြားသည်။ အိမ်ဆောက်နေထိုင်ခွင့် ရရှိရန် အတွက် မြေကွက် တစ်ကွက်လျှင် ကျပ်တစ်သိန်းခွဲမှ ကျပ် ငါးသိန်းအထိ ပေးခဲ့ရကြောင်း ရပ်ကွက် အတွင်း နေထိုင်သူများက ပြောကြားသည်။ လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စတင်ကာ ပြည်သူ့စီမံကိန်း အကောင်အထည်ဖော် လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ကျူးကျော်အိမ်စာရင်း ကောက်ခံရာ ၄၇၆ လုံးသာရှိပြီး ယခုအခါ အိမ်ခြေ ၆၀၀ ၀န်းကျင်ရှိနေပြီဖြစ်သည်။ 
 ရန်ကုန်မြို့သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က လာမည့်၂၀၁၅ ခုနှစ်တွင် ပြည်သူ့အိမ်ရာစီမံကိန်း ပြီးစီးစေလိုသည်ဟု လမ်းညွှန်ထား ကြောင်းသိရ သည်။ ရတနာ ပြည်သူ့အိမ်ရာစီမံကိန်းတွင် တိုက်ခန်းပေါင်း ၅၇၀၀ ကျော်တည်ဆောက်သွားမည်ဖြစ်ပြီး ဧရာဝဏ် ပြည်သူ့အိမ်ရာစီမံကိန်းတွင် တိုက်ခန်းပေါင်း ၄၇၀၀ ကျော် တည်ဆောက်သွားမည်ဖြစ်သည်။ 
 The Myanma Age

No comments:

Post a Comment

My Blog List