တောင်တက်ကားများအား ငွေကြေးတောင်းခံခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ကျိုက်ထီးရိုး ဘုရား
ဂေါပက အဖွဲ့နှင့် တောင်တက်ကားအသင်း တာဝန်ရှိသူတို့အား KNU မှ
တာဝန်ရှိသူများက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လာရောက်ဆွေးနွေး
ရှင်းလင်းခဲ့ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးစံမြင့်၏ ပြောကြားချက်အရ သိရသည်။
KNUတာဝန်ရှိသူများလာရောက်ရှင်းလင်းညှိနှိုင်းဆွေးနွေးခြင်းမှာ
ဖြစ်ပွားခဲ့သောကိစ္စနှင့်ပတ်သက်၍ နောက်နောင်မဖြစ်ပွားစေရန်
ထိန်းသိမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို အဓိကထား
ပြောကြားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါKNU တပ်ဖွဲ့ဝင်များသည်
တောင်တက်ယာဉ် တစ်စီးလျင် ငါးသိန်းကျပ်ဖြင့် အစီးနှစ်ရာအတွက်ကျပ် သိန်းတစ်ထောင် ပေးရမည်ဖြစ်ပြီး မပေးဆောင်နိုင်သည့်အတွက်
ကင်ပွန်းစခန်းတွင် ၁၀ မိနစ်ခန့် ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ကြောင်းနှင့်
ယာဉ်ပိုင်ရှင်များမှလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံး ထား
ပေးဆောင်ရ မည်ဖြစ်ကြောင်း ကနဦးသတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းသို့
ဖြစ်ပွားခဲ့သည့် ညတွင် KNU တပ်ဖွဲ့ဝင်များ ပိုက်ဆံများ တောင်းသွားသည်မှာ
မဟုတ်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရမည်ဟု
ပြောကြားခဲ့ခြင်းမှာ မှန်ကန်ကြောင်း တောင်တက်ကားအသင်း ဥက္ကဋ္ဌ ဦးဝီတင်က
ပြောကြားသည်။
ထိုသို့ဖြတ်သန်းသွားမှု ပြုလုပ်ခဲ့သော တပ်ဖွဲ့ဝင်မှာ ၈
ဦးဖြစ်ပြီး၊ ၎င်းအား KNU ဗဟိုသို့တင်ပြထားပြီး မည်သို့အရေး ယူ
ဆောင်ရွက်မည်ကို မသိရသေးကြောင်း မိမိတို့အား ပြောကြားခဲ့သည်ဟု ဦးဝီတင်က
ဆိုသည်။ လာရောက်တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုအား KNU ဘက်မှ
ဆက်ဆံရေးရုံးတာဝန်ခံ ဦးအောင်သောင်းသိန်း၊ KNU တပ်မဟာ (၁)
တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးမောင်စိန်၊ အခြားအဆင့် တစ်ဦးနှင့်
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
ငွေကြေးတောင်းခံမှု ဖြစ်ပေါ်ခဲ့သည့် ကျိုက်ထီးရိုး တောင်တက်လမ်းပေါ်ရှိ ၁၀ မိနစ်စခန်း
Eleven Media Group
No comments:
Post a Comment