မြန်မာ့ပညာရေးစနစ်ကိုမှင့်တင်နိုင်ရန်အသက်မွေးဝမ်းကျောင်းပညာသင်စနစ် ပေါ်ထွက်လာရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ပညာရေးဖောင်ဒေးရှင်းမှ ပန်းတိုင်ဦးသန်းမောင်ကမြန်မာ့ခေတ်မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။ " အသက်မွေးဝမ်းကျောင်းပညာရေးစနစ်ကတိုင်းပြည်အတွက်အများကြီးအထောက်အကူ ပြုနိုင်ပါတယ်။အဆင့်မြင့်ပညာမသင်နိုင်ဘူး သင်ဖို့လဲအခြေအနေက မပေးဘူး။အပြင်ကို ထွက်ပြီး အခြားအလုပ်တွေလုပ်ရမယ့်အစားဒီလိုကျောင်းတွေကို တက်ပြီးတော့ အခြေခံအလုပ်တွေမှာလုပ်ကိုင်နိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် အများကြီးအကျိုးရှိနိုင် ပါတယ် " ဟု၎င်းကဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်ကမြန်မာနိုင်ငံတွင်ဘွဲ့ရ အလုပ်လက်မဲ့များ ရှိနေပြီး၊ အသက်မွေးဝမ်းကျောင်းပညာရေးစနစ်မှာဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကိုအထောက်အကူပြုနိုင်မည်ဟုမျှော် လင့်ကြောင်း၊ ၎င်းပါဝင်သည့် လူမူဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ဆောင်ချက်များဖြစ်သော လူကုန်ကူးမှု တိုက်ဖျက်ရေး၊ အမျိုးသမီးစွမ်းဆောင်ရည်မြင့်မားရေး အစရှိသည့် အချက်များနှင့်လည်းသွယ်ဝိုက် သက်ဆိုင်နေပြီး NLD အမျိုးသမီးအဖွဲ့အနေဖြင့် ကော့မူးမြို့နယ်အတွင်းတွင်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခု အဖြစ်စက်ချုပ် သင်တန်းကျောင်း တစ်ခုကို ဖွင့်လှစ်သွားရန် ရည်ရွယ် ထားကြောင်း ပြောကြားသည်။
ယခင်က မြန်မာနိုင်ငံပညာရေး စနစ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းများ ရှိခဲ့ပြီး အဆိုပါကျောင်းများမှ သတ်မှတ်ထားသောအရည်အချင်း ပြည့်မှီသူများ အနေဖြင့် GTI ကျောင်းများသို့လည်းကောင်း၊ထိုမှတဆင့် နည်းပညာတက္ကသိုလ်များသို့ လည်းကောင်းဆက်လက် ပညာသင်ကြားနိုင်သော အခွင့်အရေးများရှိခဲ့သည်။
အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခုဖြစ်သည့်ရန်ကုန်မြို့ရှိ အသက်မွေးမူအတက် ပညာသင်တန်းကျောင်း(CVT)မှ မသီသီဇင်က ၎င်းတို့ကျောင်းတွင် သင်ကြားလျှက်ရှိသော သင်တန်း အမျိုးအစားများမှာ စီးပွားရေးပညာအထောက်အကူ ပြုသင်တန်းများ၊ ဟိုတယ်သင်တန်းများ၊ အီလက် ထရောနစ် သင်တန်း၊ သတ္တုနှင့် ပရိဘောဂလုပ်ငန်းများကို သင်ကြားလျှက်ရှိပြီး၊နိုင်ငံတော်မှ ဖွင့်လှစ် သင်ကြားသောအသက်မွေးဝမ်းကျောင်းပညာရေးစနစ်မှာ ပညာရေးပြုပြင်ပြောင်းလဲရေးစနစ်အတွက် အရေး ပါသော လိုအပ်ချက်ဟု ထင်ကြောင်းပြောသည်။
အောက်တိုဘာလ(၆)ရက်နေ့မှ (၇)ရက်နေ့အထိ ပြုလုပ်ခဲ့သောမြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာဆွေးနွေးပွဲမှသတင်း ထုတ်ပြန်ချက်များတွင် အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်ရရှိနိုင်သည့် ပညာရေးစနစ်ဖြစ်ရန်၊တစ်နိုင်ငံလုံး အသက်မွေးဝမ်းကျောင်း ပညာရေးကိုသင်ကြားနိုင်ရန် အတွက် အခြေခံကောင်း အဖြစ်မနေသင်ရ ပညာရေးစနစ်ကို ခြေခံပညာရေး ပြီးဆုံးသည် အထိသတ်မှတ်ပေးပြီး အလယ်တန်းအဆင့် ပြီးဆုံးပါကအသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ရေးအတွက်ဖန်တီးပေးရန် ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
The Myanma Age

No comments:
Post a Comment