၂၀၁၂
ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြူးမြို့၊ ဘူတာတောင်ရပ်ကွက်၊ သပြေတန်း
ဘုန်းကြီး ကျောင်းမှ အရှင်ဆန္ဒိမာ(၁၆)နှစ်သည် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံတွင်
သွေးဝမ်းသွား သွေးအန်သည့်ရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာလ ၂၄ ရက်နေ့
နေ့လည် ၁ နာရီခွဲခန့်တွင် ပျံလွန်တော်မူသွားခဲ့ပါသည်။ ထိုကဲ့သို့
ပျံလွန်တော်မူခြင်းနှင့် ပတ်သတ်ပြီး သပြေတန်းကျောင်းတိုက် ဆရာတော်
ဥူးဝါယမိန္ဒနှင့် ကျောင်း တိုက်ရှိ သံဃာ ၅ ပါးတို့မှ နေ့လည် ၂ နာရီအချိန်
တွင် ဆေးရုံသို့ရောက်ရှိလာပြီး မြို့နယ်ဆရာဝန်နှင့် ဆေးရုံ ၀န်ထမ်းများအား
ကျေနပ်မှုမရှိကြောင်း ဆူပူ ကြိမ်းမောင်းခဲ့သဖြင့် ဆေးရုံဝန်ထမ်းများမှ
ဖြူးမြို့နယ် ရဲစခန်းအား အကြောင်းကြားခဲ့သဖြင့် မြို့နယ်
အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိလာပြီး ဆရာတော်များကို
တောင်းပန် ခဲ့ရာ နေ့လည် ၂ နာရီခွဲခန့် တွင် ကျောင်းတိုက်သို့
ပြန်ကြွသွားကြောင်း သတင်းရရှိခဲ့ပါသည်။
ဆက်လက်ပြီး
၎င်းဖြစ်စဉ်အား မကျေနပ်သဖြင့် ရွှေတောင်ကျောင်း စာသင်တိုက်မှ သံဃာတော် အပါး
၃၀ ခန့်သည် ညနေ ၅ နာရီခန့်တွင် မြို့နယ်ပြည့်သူ့ဆေးရုံသို့ရောက် ရှိလာ ပြီး
ဆေးရုံ နံရံတွင် ရေးသား ထားသော“လူနာများကို နွေးထွေးစွာကြိုဆိုပါ၊ စေတ
နာနှင့်ပြုစုကုသပါ ” ဟူသော ဆိုင်းဘုတ်အပါအ၀င် ဆိုင်းဘုတ် ၂ ခုအား
ရိုက်ချိုးဖျက်ဆီးခဲ့ပါသည်။ သံဃာတော်များ ဖျက်ဆီးမှုကြောင့် ညနေ ၆
နာရီခန့် တွင် ကျော်လှစု ကျောင်းတိုက်ဆရာတော်၊
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး တို့ ရောက်ရှိ လာပြီး
ဖျောင်းဖျတောင်းပန် လျှောက်ထားသဖြင့် အဆိုပါသံဃာတော်များသည် ညနေ
၆နာရီခန့် တွင် ရွှေကျင်ကျောင်း တိုက်သို့ ပြန်လည် ကြွရောက်သွားကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment