မြန်မာ-ဘင်္ဂလားဒေ့ရှ်မဟာဗျူဟာမြောက်ချစ်ကြည်ရေးကားလမ်း ဖောက်လုပ်ရန် လျာထားရှိသည့် လမ်းကြောင်း၏ တစ်စိတ် တစ်ခု ဖြစ်သည့် မောင်တောနယ်စပ်ကြိမ်ချောင်း-တောင်ပြိုကားလမ်းအား
ယခုလဆန်းပိုင်းမှစပြီးသက်ဆိုင်ရာမှတရားဝင်ဖွင့်လှစ်ပေးခဲ့ရာခရီးသည်နှင့်ကုန်ကားများပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း
ကြိမ်ချောင်းကားဂိတ်မှယာဉ်မောင်းများထံက သိရသည်။
အဆိုပါလမ်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော သမိုင်းဝင်လမ်းကြောင်း တစ်ခုဖြစ်ပြီးမာင်တောနယ်စပ်ဆောက်လုပ်ရေးအဖွဲ့မှကားများပြေးဆွဲနိုင်သည်အထိအဆင့်မြှင့်တင် ပြန်လည်ဖောက်လုပ်ပြီး ယခုနှစ် ဧပြီလ(၁)ရက်နေမှစ၍ ခရီးသည်နှင့်ကုန်ကားများ ပြေးဆွဲ လာခြင်း ဖြစ်ကြောင်း သိရသည်။
ဇွန်လအတွင်းက ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပါအ၀င် အောက်တိုဘာလဆန်းပိုင်းက နယ်စပ်ဆောက်လုပ်ရေး အဖွဲ့(G.E) သုံးဦးကို ပြန်ပေးဆွဲမှုနှင့် နယ်စပ်ဒေသလုံခြုံရေး အခြေအနေ များကြောင့် ဇွန်လမှ နိုဝင်ဘာလအတွင်း အဆိုပါလမ်းအား (၃)ကြိမ်တိုင်တိုင် ဖွင့်/ပိတ်မှုများ ရှိခဲ့သည်။
“သက်ဆိုင်ရာမှ အခုလဆန်းပိုင်းမှ ပြန်ဖွင့် ပေးခဲ့တာဖြစ်ပါတယ်။ မိုးတွင်းကာလ တစ်လျှောက်လုံး လိုလို ပြန်ဖွင့်လိုက် ပြန်ပိတ်လိုက် နဲ့ နယ်စပ် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ စီးပွားရေးထိခိုက် နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ သက်ဆိုင် ရာတွေကိုကျေးဇူးတင်ရမှာပါ။”ဟု ကြိမ်ချောင်း ဒေသမှ နယ်စပ်ပို့ကုန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကြိမ်ချောင်း -တောင်ပြို ကားလမ်းအသုံးပြုပြီး ပြည်တွင်းမှ ကုန်ပစ္စည်းများကို အဆိုပါလမ်းကြောင်း အသုံးပြုပြီး မောင်တောဒေသမှ တိုက်ရိုက်တင်ပို့နိုင်သလို တစ်ဖက်ဘင်္ဂလာဒေ့ရှ်မှ ကုန်ပစ္စည်းများ အား တိုက်ရိုက်တင်သွင်းနိုင်သည့် နယ်စယ်ကုန်သွယ်ရေး လမ်းကြောင်းသစ် တစ်ခုဖြစ်သည်။
ကြိမ်ချောင်း -တောင်ပြို ကားလမ်းမှာ(၁၅)မိုင်ခန့်ရှည်လျားပြီးနေ့စဉ်ခရီးသွားအင်အား (၁၅၀)မှ (၂၀၀)အတွင်း သွားလာလျက်ရှိသည်။
Myit Makha Mediagroup

No comments:
Post a Comment