မြ၀တီမြို့တွင်DKBAမည်နှင့်တံဆိပ်ကို အလွဲသုံးစား လုပ်သူများ ရှိနေကြောင်းစုံစမ်းသိ ရှိရသည်။ “DKBA၀တ်စုံဝတ်ထားပြီး DKBA မဟုတ်သူတွေလည်းရှိ ပါတယ်။ DKBA ၀တ်စုံဝတ်ရင် Without (လိုင်စင်မဲ့)ကားတွေစီး လို့ရတယ်။ စစ်ဆေးရေးဂိတ်တွေ လည်း စည်းကမ်းမဲ့ဖြတ်လို့ရတယ်။ ဒါကို အလွဲသုံးစားလုပ်နေသူတွေ ရှိတယ်။အဲလို အခက်ခဲလေးတွေ ကို ကျွန်တော်တို့လည်း ဖြေရှင်း
ဖို့လုပ်နေပါတယ်””ဟု မြ၀တီဆက်ဆံရေးရုံးDKBAမှဗိုလ်မှူးဦးစန်းမြင့်က ယခုလ
၂၁ရက်တွင် ပြောကြား သည်။ DKBA စစ်ဝတ်စုံနှင့် ဘတ်ခ်ျ တံဆိပ်ကို ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် အလွယ်တကူဝယ်ယူနိုင်ခြင်းက ယခုလိုပြဿနာများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ၎င်းက ထပ်မံပြောပြသည်။
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
1 year ago

No comments:
Post a Comment