Tuesday, December 25, 2012

ထိုင်းက ရေလုပ်ငန်း ပူးတွဲလုပ်ကိုင်လိုမှု မြန်မာ ငါးလုပ်ငန်း စဉ်းစားနေ

Photo: ထိုင်းက ရေလုပ်ငန်း ပူးတွဲလုပ်ကိုင်လိုမှု မြန်မာ ငါးလုပ်ငန်း စဉ်းစားနေ
Monday, 24 December 2012

ထိုင်းနိုင်ငံက ၂၀၁၃ ခုနှစ်၊ ဇွန်လမှ စတင်၍ မြန်မာနိုင်ငံနှင့် ရေလုပ်ငန်း ပူးတွဲလုပ်ကိုင်လိုကြောင်း ကမ်းလှမ်းသည့်အပေါ် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင် က ကြိုဆိုလိုက်သည်။

“ဆောင်ရွက်လိုတယ် ဆိုတာကို သူတို့နိုင်ငံဘက်က အဆိုပြုချက် တင်ပြီးသွားပါပြီ။ အခုလို ထိုင်းနိုင်ငံက ကမ်းလှမ်းတာကို ကျနော်တို့
နိုင်ငံအနေနဲ့ လက်ခံလိုက်ပြီ ဆိုရင် ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး အခုထက်ပို လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် အခြားနိုင်ငံတွေကို အခုထက်
ရေထွက်ကုန်တွေ ပိုတင်ပို့နိုင်ပြီး အရည်အသွေးလည်း အခုထက်
ကောင်းကောင်း တင်ပို့နိုင်မယ်လို့ထင်တယ်” ဟု ဦးဝင်းကြိုင် က ဆိုသည်။

သို့သော် ထိုင်း၏ ကမ်းလှမ်းချက်အား ခွင့်ပြုနိုင်ရန်အတွက် အားနည်းချက်၊ အားသာချက်များအား ထည့်သွင်း စဉ်းစားပြီး အများလက်ခံနိုင်မှသာ ခွင့်ပြုရန် စီစဉ်ထားသည်။

ခွင့်ပြုမည်ဆိုပါကလည်း သုတေသန လုပ်ဆောင်မှုများအား ထိုင်းနိုင်ငံသို့ လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း ဦးဝင်းကြိုင် က ပြောသည်။

“အရင်တုန်းကတော့ ပြည်ပနိုင်ငံတွေကို မြန်မာနိုင်ငံက ရေထွက်ကုန်တွေ တင်ပို့ပေးတဲ့အခါ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံကိုပဲ အားကိုးပြီး Made in Myanmar အစား Made in Thailand လို့ပဲ ရေးထိုးပြီး ထိုင်းနိုင်ငံက တဆင့် တင်ပို့ခဲ့ရတယ်။ အခု ပိတ်ဆို့မှုတွေလျှော့ချလိုက်ပြီ
ဆိုတော့ ကျနော်တို့ Product (ထုတ်ကုန်) တွေ တင်ပို့တဲ့အခါ ခုနက
ပြောသလိုမျိုး ထိုင်းနိုင်ငံကို အားကိုးပြီး တင်ပို့ပေးစရာ မလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ ရေလုပ်သားများကို ပြည်ပနိုင်ငံများက လုပ်အားခ နည်းပါးစွာဖြင့် ခေါ်ယူလျက် ရှိနေကာ ယခုကဲ့သို့ ကမ်းလှမ်းမှုအပေါ် လက်ခံပါက ပြည်တွင်း ရေလုပ်ငန်းများတွင် လုပ်သားများ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်းများပါ တဆက်တည်း အကျိုး
ရရှိမည်ဖြစ်ကာ ဒေသတွင်း ဖွံ့ဖြိုးမှုပါ ရရှိနိုင်မည် ဖြစ်သည်။

မြန်မာ့ရေပြင်၌ တနင်္သာရီ၊ မွန်၊ ကရင်ပြည်နယ် တို့သည် ထိုင်းနှင့် ဗီယက်နမ် နယ်နိမိတ်တို့နှင့် ထိစပ်နေပြီး ပြည်တွင်း ရေလုပ်ငန်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးမှု အားနည်းသော အအေးခန်း စက်ရုံနှင့် ရေထွက်ပစ္စည်း တင်ပို့မှုတွင် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်သွားမည် ဖြစ်သည်။

မဇ္ဈိမ
ထိုင်းနိုင်ငံက ၂၀၁၃ ခုနှစ်၊ ဇွန်လမှ စတင်၍ မြန်မာနိုင်ငံနှင့် ရေလုပ်ငန်း ပူးတွဲလုပ်ကိုင်လိုကြောင်း ကမ်းလှမ်း သည့်အပေါ် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးဝင်းကြိုင် က ကြိုဆိုလိုက်သည်။ “ဆောင်ရွက်လိုတယ် ဆိုတာကို သူတို့နိုင်ငံဘက်က အဆိုပြုချက် တင်ပြီးသွားပါပြီ။ အခုလို ထိုင်းနိုင်ငံက ကမ်းလှမ်းတာကို ကျနော်တို့နိုင်ငံအနေနဲ့ လက်ခံလိုက်ပြီ ဆိုရင် ရေလုပ်ငန်းနဲ့ ပတ်သက်ပြီး အခုထက်ပို လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် အခြားနိုင်ငံတွေကို အခုထက်ရေထွက်ကုန်တွေ ပိုတင်ပို့နိုင်ပြီး အရည်အသွေးလည်း အခုထက်ကောင်းကောင်း တင်ပို့နိုင်မယ်လို့ထင်တယ်” ဟု ဦးဝင်းကြိုင် က ဆိုသည်။

သို့သော် ထိုင်း၏ ကမ်းလှမ်းချက်အား ခွင့်ပြုနိုင်ရန်အတွက် အားနည်းချက်၊ အားသာချက်များအား ထည့်သွင်း စဉ်းစားပြီး အများလက်ခံနိုင်မှသာ ခွင့်ပြုရန် စီစဉ်ထားသည်။ ခွင့်ပြုမည်ဆိုပါကလည်း သုတေသန လုပ်ဆောင်မှုများအား ထိုင်းနိုင်ငံသို့ လုပ်ဆောင်ခွင့် ပြုမည် မဟုတ်ကြောင်း ဦးဝင်းကြိုင် က ပြောသည်။
“အရင်တုန်းကတော့ ပြည်ပနိုင်ငံတွေကို မြန်မာနိုင်ငံက ရေထွက်ကုန်တွေ တင်ပို့ပေးတဲ့အခါ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံကိုပဲ အားကိုးပြီး Made in Myanmar အစား Made in Thailand လို့ပဲ ရေးထိုးပြီး ထိုင်းနိုင်ငံက တဆင့် တင်ပို့ခဲ့ရတယ်။ အခု ပိတ်ဆို့မှုတွေလျှော့ချလိုက်ပြီဆိုတော့ ကျနော်တို့ Product (ထုတ်ကုန်) တွေ တင်ပို့တဲ့အခါ ခုနကပြောသလိုမျိုး ထိုင်းနိုင်ငံကို အားကိုးပြီး တင်ပို့ပေးစရာ မလိုတော့ဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ ရေလုပ်သားများကို ပြည်ပနိုင်ငံများက လုပ်အားခ နည်းပါးစွာဖြင့် ခေါ်ယူလျက် ရှိနေကာ ယခုကဲ့သို့ ကမ်းလှမ်းမှုအပေါ် လက်ခံပါက ပြည်တွင်း ရေလုပ်ငန်းများတွင် လုပ်သားများ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ခြင်းများပါ တဆက်တည်း အကျိုးရရှိမည်ဖြစ်ကာ ဒေသတွင်း ဖွံ့ဖြိုးမှုပါ ရရှိနိုင်မည် ဖြစ်သည်။

မြန်မာ့ရေပြင်၌ တနင်္သာရီ၊ မွန်၊ ကရင်ပြည်နယ် တို့သည် ထိုင်းနှင့် ဗီယက်နမ် နယ်နိမိတ်တို့နှင့် ထိစပ်နေပြီး ပြည်တွင်း ရေလုပ်ငန်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးမှု အားနည်းသော အအေးခန်း စက်ရုံနှင့် ရေထွက်ပစ္စည်း တင်ပို့မှုတွင် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်သွားမည် ဖြစ်သည်။

မဇ္ဈိမ

No comments:

Post a Comment

My Blog List