Friday, December 28, 2012

Hitachi ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်

Photo: Hitachi ကုမ္ပဏီ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ရန် ပြင်ဆင်
Thursday, 27 December 2012

မြန်မာနိုင်ငံရှိ လျှပ်စစ်ပစ္စည်း ဈေးကွက်တွင် အရည်အသွေး
ကောင်းမွန်မှုကြောင့် နာမည်ရရှိပြီးဖြစ်နေသည့် ဂျပန်နိုင်ငံမှ Hitachi 
ကုမ္ပဏီက ရန်ကုန်ရုံးခွဲတခု ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယင်းအတွက် Hitachi Plant Technologies Ltd ဥက္ကဋ္ဌ Mr.Masa haru sumikawa နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့အား ဒီဇင်ဘာလ ၁၈ ရက်က တွေ့ဆုံခဲ့သည်။

“ပြည်တွင်း စီးပွားရေး လုပ်ငန်းကဏ္ဍတွေမှာ ဂျပန် ကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေနဲ့ အားပြိုင်လုပ်ကိုင်လာဖွယ် ရှိပါတယ်။ ဒီနှစ်နိုင်ငံက အာရှအင်အားကြီးနိုင်ငံတွေ ဆိုရင်လည်း မမှားပါဘူး” ဟု စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။

၎င်းကုမ္ပဏီအနေဖြင့် ရေနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၊
သောက်ရေ ပြုပြင်ထိန်းသိမ်းရေး၊ စွန့်ပစ် ပစ္စည်း ထိန်းသိမ်းရေး၊ စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး စနစ်၊ စက်မှုလုပ်ငန်းဆိုင်ရာ စက်ယန္တယားစနစ်၊ရေစုပ်တင်ခြင်းစနစ်၊ လေဓါတ်ငွေ့ဖိသိပ်စက်၊ 
ပန်ကာနှင့် လေမှုတ်စက်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဝန်ချီစက် 
စနစ်၊ အလိုအလျောက် ကရိန်းစနစ်၊ စက်မှုထုတ်ကုန်ဆိုင်ရာကရိန်းများ၊ ဓါတုဗေဒ ထုတ်ကုန်ပစ္စည်းများ စသည့် လုပ်ငန်းများကို ကမ္ဘာအနှံ့ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သီလဝါ အထူးစီးပွါးရေးဇုန် စီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော KDDI ကလည်း ၂ဝ၁၃ ခုနှစ်၊ဇန်နဝါရီလအတွင်း ရန်ကုန်မြို့တွင် ရုံးခန်း ဖွင့်လှစ်ကာ IT အခြေခံနှင့် အဆောက်အအုံနှင့် ထိန်းသိမ်းခြင်း နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ် 
မဇ္ဈိမ
မြန်မာနိုင်ငံရှိ လျှပ်စစ်ပစ္စည်း ဈေးကွက်တွင် အရည်အသွေး ကောင်းမွန်မှုကြောင့် နာမည်ရရှိပြီးဖြစ်နေသည့် ဂျပန်နိုင်ငံမှ Hitachi ကုမ္ပဏီက ရန်ကုန်ရုံးခွဲတခု ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယင်းအတွက် Hitachi Plant Technologies Ltd ဥက္ကဋ္ဌ Mr.Masa haru sumikawa နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဖွဲ့အား ဒီဇင်ဘာလ ၁၈ ရက်က တွေ့ဆုံခဲ့သည်။
“ပြည်တွင်း စီးပွားရေး လုပ်ငန်းကဏ္ဍတွေမှာ ဂျပန် ကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေနဲ့ အားပြိုင်လုပ်ကိုင်လာဖွယ် ရှိပါတယ်။ ဒီနှစ်နိုင်ငံက အာရှအင်အားကြီးနိုင်ငံတွေ ဆိုရင်လည်း မမှားပါဘူး” ဟု စီးပွားရေးပညာရှင် တဦးက သုံးသပ်သည်။ ၎င်းကုမ္ပဏီအနေဖြင့် ရေနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၊သောက်ရေ ပြုပြင်ထိန်းသိမ်းရေး၊ စွန့်ပစ် ပစ္စည်း ထိန်းသိမ်းရေး၊ စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်း ထိန်းသိမ်းရေး စနစ်၊ စက်မှုလုပ်ငန်းဆိုင်ရာ စက်ယန္တယားစနစ်၊ရေစုပ် တင်ခြင်း စနစ်၊ လေဓါတ်ငွေ့ဖိသိပ်စက်၊ ပန်ကာနှင့် လေမှုတ်စက်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ ဝန်ချီစက်စနစ်၊ အလိုအလျောက် ကရိန်းစနစ်၊ စက်မှုထုတ်ကုန်ဆိုင်ရာကရိန်းများ၊ ဓါတုဗေဒ ထုတ်ကုန်ပစ္စည်းများ စသည့် လုပ်ငန်းများကို ကမ္ဘာအနှံ့ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် သီလဝါ အထူးစီးပွါးရေးဇုန် စီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော KDDI ကလည်း ၂ဝ၁၃ ခုနှစ်၊ဇန်နဝါရီလအတွင်း ရန်ကုန်မြို့တွင် ရုံးခန်း ဖွင့်လှစ်ကာ IT အခြေခံနှင့် အဆောက်အအုံနှင့် ထိန်းသိမ်းခြင်း နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ

No comments:

Post a Comment

My Blog List