ဂီနီ အစိုးရအနေဖြင့် လာမည့် နှစ်မှ စတင်ပြီး အစိုးရဝန်ထမ်းများ ၏ လစာကို ၅ဝ ရာခိုင်နှုန်း တိုးမြှင့်ပေးသွားရန် လုပ်ဆောင် လျက်ရှိကြောင်း အလုပ်သမားရေးရာ အရာရှိတစ်ဦးက ထုတ်ဖော် ပြော ကြားခဲ့သည်။
ဂီနီအစိုးရနှင့် အဓိက စီးပွားရေးလုပ်ငန်းများဆိုင်ရာ အဖွဲ့ အစည်းတို့အကြား
သဘောတူညီမှု ရယူပြီး ဝန်ထမ်းများအား လစာ တိုးပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်
ကြောင်း အလုပ်သမား ရေးရာ အရာရှိတစ်ဦးဖြစ်သူ မာရီရာမာ ဂျိုဂို ဘာရီက
တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဝန်ထမ်းများ၏ လစာကို ၂ဝ၁၃ ခုနှစ် မကုန်မီ ၂၅ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်း နှင့် ၁ဝ ရာခိုင်နှုန်း စသည်ဖြင့် အဆင့် ၃ ဆင့် တိုးမြှင့် ပေးသွားမည် ဖြစ် ကြောင်း ၄င်းက ထုတ်ဖော် ပြော ကြားခဲ့သည်။ ပြီးခဲ့သည့် စက်တင် ဘာလက ဝန်ထမ်းများအား ၂ဝဝ ရာခိုင်နှုန်း လစာ တိုးမြှင့် မပေးပါက ဆန္ဒပြမည်ဟု ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းများက ဂီနီအစိုးရအား ခြိမ်းခြောက် တောင်းဆိုထားခဲ့ကြ ခြင်း ဖြစ်သည်။
ဂီနီနိုင်ငံမှာ အြေ<ွကး ထူထပ်ကာ အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေသည့် နိုင်ငံတစ် နိုင်ငံ ဖြစ်သည်။ ဂီနီ သမ္မတက လစာတိုးပေးရန် တောင်းဆိုချက်များကို ဖြေရှင်းရန် အတွက် အချိန်ပေးရန် တောင်းဆိုထား ခဲ့ပြီးနောက်ပိုင်း လစာ များအား ၅ဝ ရာခိုင်နှုန်း တိုး ပေးမည်ဟု ထုတ်ဖော်ကြေညာခဲ့ ခြင်းဖြစ်သည်။
ဂီနီနိုင်ငံရေး ကျွမ်း ကျင်သူတစ်ဦးဖြစ်သူ ဒီဝါရာ ဖိုရိုမို က အစိုးရ၏ လစာတိုးပေးရန် သဘောတူညီမှုမှာ အပေါင်း လက္ခ ဏာဆောင်သောခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း လစာများကို ပိုမို တိုးပေးရန် လိုအပ်နေသေးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။
Messenger News Journal

No comments:
Post a Comment