Thursday, December 27, 2012

လွှတ်တော်တိုင်းရင်းသားရေးရာ ကော်မတီနှစ်ရပ် ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆိုင်ရာအဆိုကို လာမည့်ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်

Photo: လွှတ်တော်တိုင်းရင်းသားရေးရာ ကော်မတီနှစ်ရပ် ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆိုင်ရာအဆိုကို လာမည့်ပြည်ထောင်စု
လွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်  
Wednesday, 26 December 2012 


ဓာတ်ပုံ - ၀ိုင်းမော် သာဂရဒုက္ခသည်စခန်းကို ဒီဇင်ဘာလ ၁၅ ရက်က တွေ့ရစဉ်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ
ကော်မတီနှစ်ရပ်ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆိုင်ရာအဆိုကို လာမည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်
ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ
ထံမှ သိရှိရသည်။

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်မှုကော်မတီနှင့် အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ
ကော်မတီတို့ ပူးပေါင်းကာ ကချင်ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် မူဝါဒရေးရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအစိုးရအား တိုက်တွန်းကြောင်း
အဆိုကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် စတင်ကျင်းပမည့် ပြည်ထောင်စု
လွှတ်တော်တွင် တင်သွင်းနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က “ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့အချိန်လည်း ကြာလာပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ဒေသတွင်း
တည်ငြိမ်မှုမရှိဘဲ အခြေအနေ ပိုဆိုးလာနေပါတယ်။ လက်ရှိအခြေအနေက ကချင်ပြည်နယ်မှာ အမြန်ဆုံးငြိမ်းချမ်းရေးရရှိဖို့ လိုအပ်နေတယ်။ ဒါ့ကြောင့် အခုကျင်းပမယ့်လွှတ်တော်မှာ ကချင်ပြည်နယ် အမြန်ဆုံးငြိမ်းချမ်းရေးရရှိဖို့ ငြိမ်းချမ်းရေးအဆိုတစ်ခု တင်မယ်။ လွှတ်တော်ကော်မတီနှစ်ရပ်ပေါင်းရဲ့
ကိုယ်စားအဖြစ် ကျွန်တော်က တင်သွင်းမယ်။ အဆိုမှာ ငြိမ်းချမ်းရေး
အမြန်ဆုံးရရှိအောင် မူဝါဒရေးရာတွေကို လက်တွေ့အကောင်အထည်
ဖော်နိုင်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ဦးခက်ထိန်နန်က “စစ်ပွဲတွေ မရပ်ရတဲ့အကြောင်း
အရင်းက လက်တွေ့မှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ဘာတစ်ခုမှ မတည်ဆောက်နိုင်ကြဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် သဘောတူညီမှုရရှိဖို့ ဆွေးနွေးကြတာပါ။ အပစ်အခတ်ရပ်ဖို့၊ တပ်တွေရွှေ့ပြောင်းကြဖို့ဆိုတဲ့ ကိစ္စတွေကို လက်တွေ့မှာ ဘယ်သူမှ မလုပ်နိုင်ကြဘူး ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက “ကျွန်မတို့ ပြည်သူ့
လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ
ကော်မတီနှစ်ရပ်ပေါင်းပြီး လွှတ်တော်ကို တင်သွင်းမယ့်အဆိုကို အသေးစိတ် ပြန်လည်ဆွေးနွေးဦးမှာပါ။ ဒေသအတွက် အမြန်ဆုံး ငြိမ်းချမ်းရေးရစေဖို့ တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်အောင်
ဆွေးနွေးတင်သွင်းသွားဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်ဒွဲဘူက “ကချင်ဘက်ကလည်း တပ်မတော်က ဘယ်လောက်တက်တယ်။ ဘယ်လောက်ကျူးကျော်လာတယ်။ ကျူးကျော်လာလို့ တိုက်တယ်ဆိုပြီး စွပ်တိုက်နေလို့ မရပါဘူး။ တပ်မတော်ကလည်း စိုးရိမ်မှုတွေလျှော့ဖို့ လိုပါတယ်။ ငါတို့တပ်မတော်သာ နောက်ဆုတ်လိုက်ရင် KIA က ပြည်နယ်အစိုးရကို ၀င်သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ထိုးစစ်မဆင်သင့်ပါဘူး။
နှစ်ဖက်ယုံကြည်မှု အရင်တည်ဆောက်နိုင်ဖို့ လိုပါတယ်” ဟု ပြောကြား
ခဲ့သည်။

နှစ်ဖက်စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ သိန်းဂဏန်းအထိ ရောက်ရှိလာပြီး စစ်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ကျော်
ကာလအတွင်း တိုက်ပွဲပေါင်း ၂၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။         

Eleven Media Group
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီနှစ်ရပ်ပူးပေါင်းကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆိုင်ရာအဆိုကို လာမည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီတို့ ပူးပေါင်းကာ ကချင်ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် မူဝါဒရေးရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က “ကချင်ပြည်နယ်မှာ စစ်ဖြစ်တဲ့အချိန်လည်း ကြာလာပါပြီ။ အချိန်ကြာလာတာနဲ့အမျှ ဒေသတွင်းတည်ငြိမ်မှုမရှိဘဲ အခြေအနေ ပိုဆိုးလာနေပါတယ်။ လက်ရှိအခြေအနေက ကချင်ပြည်နယ်မှာ အမြန်ဆုံးငြိမ်းချမ်းရေးရရှိဖို့ လိုအပ်နေတယ်။ ဒါ့ကြောင့် အခုကျင်းပမယ့်လွှတ်တော်မှာ ကချင်ပြည်နယ် အမြန်ဆုံးငြိမ်းချမ်းရေးရရှိဖို့ ငြိမ်းချမ်းရေးအဆိုတစ်ခု တင်မယ်။ လွှတ်တော်ကော်မတီနှစ်ရပ်ပေါင်းရဲ့ကိုယ်စားအဖြစ် ကျွန်တော်က တင်သွင်းမယ်။ အဆိုမှာ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိအောင်မူဝါဒရေးရာတွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ဦးခက်ထိန်နန်က “စစ်ပွဲတွေ မရပ်ရတဲ့အကြောင်းအရင်းက လက်တွေ့မှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု ဘာတစ်ခုမှ မတည်ဆောက်နိုင်ကြဘူး။ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် သဘောတူညီမှုရရှိဖို့ ဆွေးနွေးကြတာပါ။ အပစ်အခတ်ရပ်ဖို့၊ တပ်တွေရွှေ့ပြောင်းကြဖို့ဆိုတဲ့ ကိစ္စတွေကို လက်တွေ့မှာ ဘယ်သူမှ မလုပ်နိုင်ကြဘူး ဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက “ကျွန်မတို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ
ကော်မတီနှစ်ရပ်ပေါင်းပြီး လွှတ်တော်ကို တင်သွင်းမယ့်အဆိုကို အသေးစိတ် ပြန်လည်ဆွေးနွေး ဦးမှာပါ။ဒေသအတွက် အမြန်ဆုံး ငြိမ်းချမ်းရေးရစေဖို့ တစ်စိတ်တစ်ပိုင်း အထောက်အကူဖြစ်အောင်ဆွေးနွေး တင်သွင်းသွားဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ်ဒွဲဘူက “ကချင်ဘက်ကလည်း တပ်မတော်က ဘယ်လောက်တက်တယ်။ ဘယ်လောက် ကျူးကျော်လာတယ်။ ကျူးကျော်လာလို့ တိုက်တယ်ဆိုပြီး စွပ်တိုက်နေလို့ မရပါဘူး။ တပ်မတော်ကလည်း စိုးရိမ်မှုတွေလျှော့ဖို့ လိုပါတယ်။ ငါတို့တပ်မတော်သာ နောက်ဆုတ်လိုက်ရင် KIA က ပြည်နယ်အစိုးရကို ၀င်သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ထိုးစစ်မဆင်သင့်ပါဘူး။နှစ်ဖက်ယုံကြည်မှု အရင်တည်ဆောက်နိုင်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

နှစ်ဖက်စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက်မှာ သိန်းဂဏန်းအထိ ရောက်ရှိလာပြီး စစ်ပွဲဖြစ်ပွားနေသည့် တစ်နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၂၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment

My Blog List