Wednesday, December 26, 2012

မော်တော်ယာဉ်ပြုပြင်ရာမှ ထိခိုက်ဒဏ်ရာရရှိပြီး လူတစ်ဦးသေဆုံး ( ကားပြင်သူများ အတွက် သတိထားစရာ )


၂၅.၁၂.၂၀၁၂ ရက်နေ့ ၀၇၀၀ အချိန်တွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်၌ မော်တော်ယာဉ် တစ်စီးပျက်၍ ပြုပြင်ရာမှ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး ဖြူဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွားကြောင်း သတင်း အရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၀၄၃၀အချိန်ခန့်တွင် မင်းလှမြို့နယ်၊ရွှေကျောင်းရွာနေ သူရလှိုင်(၃၆) နှစ် မောင်းနှင်လာသော ၉ခ/xxxx ရန်ကုန်-ပုဂံ-ညောင်ဦး-ပုပ္ပါး ဘုရားဖူးခရီးသည်တင်မှန်လုံယာဉ်မှာ မိုင်တိုင်အမှတ် ၁၀၁/၀ နှင့် ၁၀၁/၁ အကြား ကားပျက်၍ လမ်းဘေး၌ရပ်၍ ကားပြင်ခဲ့သည်။

ထိုသို့ပြင်ခဲ့ရာ ယာဉ်၏ရှော့ဘားများမှာ ဘေးချော်ပြီး တိုက်ရော့အားထောက်နေ၍ ယာဉ်၏ ယာဘက်ခြမ်းမှာ အပေါ်သို့ကြွတက်ကာ ၀ဲဘက်သို့စောင်းနေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ ယာဉ် နောက်လိုက် မင်းဘူးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေနိုင်လင်း(၁၇)နှစ်မှာယာဉ်အောက်သို့ဝင်ပြီး စောင်းနေသောရှော့ဘားအားတူဖြင့်ရိုက်၍ ပြည်တည့်ရာ အပေါ်ကြွနေသော ယာဉ်ယာဘက်ခြမ်းမှာအောက်သို့ပြုတ်ကျခဲ့သည်။ အောက်သို့ပြုတ်ကျစဉ် ယာဉ်ပိုင်ရှင်ဖြစ်သူ
မင်းလှမြို့နယ် နေဦးညီညီအောင်(၃၆)နှစ်မှာ ကားအောက်ဝင်ကြည့်နေသဖြင့် ဘီးနှင့်ကားဘော်ဒီကြား ညှပ်မိပြီး နား၊ နှာခေါင်းနှင့်ပါးစပ် တို့တွင် သွေးထွက်ဒဏ်ရာများရရှိသဖြင့် ဖြူးဆေးရုံသို့ ပို့ဆောင်ကုသ စဉ် ဆေးရုံရောက် ပြီးနောက် သေဆုံးသွားကြောင်း သိရှိရသည်။ သို့ဖြစ်၍ ယာဉ်ပြုပြင်ရာတွင် မဆင်မခြင်ပြုလုပ်သူ နိုင်လင်းအား မြို့ချောင်းအမြန်လမ်းရဲစခန်း (ပ)၁၆၀/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List