မြန်မာနိုင်ငံသို့ရက်သတ္တပတ်စ်ပတ်ကြာလေ့လာရေးခရီးရောက်ရှိနေသော ABSDF အဖွဲ့ဝင် များနှင့်
မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ် တို့ ယနေ့ ညပိုင်း
၇ နာရီ က ရန်ကုန်မြို့ ၃၆ လမ်းရှိအမေ့လက်ရာ ထမင်းဆိုင်၌ တွေ့ဆုံခဲ့ကာ
နိုင်ငံရေးအကြောင်းအရာအချို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့သို့ဆွေးနွေးရာ၌ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း ရှိနေစဉ်ကာလအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့၏ စီစဉ်ပေးမှုအရ ပညာရေး၊ စီးပွားရေး၊ နယ်စပ်ရေးရာ၊ အစရှိသော ၀န်ကြီးဌာန များဖြင့်တွေ့ဆုံ သွားရန်ရှိပြီး နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံသွားရန် အစီအစဉ်မရှိကြောင်း ၊ တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသည့် ရဲဘော်များ၏ မိသားစုများအား တွေ့ဆုံသွားရန် အစီအစဉ်ရှိကြောင်း ၊ ဇန်န၀ါရီလ ၃ရက် သို့မဟုတ် ၅ရက် တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ABSDF အဖွဲ့ဝင်တစ်ဦး ၏ ပြောကြား ချက်အရသိရသည်။
၎င်းတို့သည် ဒီဇင်ဘာလ ၂၄ ရက်နံနက်တွင် နေပြည်တော် သို့ထွက်ခွာမည်ဖြစ်ပြီး ၀န်ကြီးဌာန အချို့နှင့် ပညာရေး စီးပွားရေးဆိုင်ရာ ကိစ္စများတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
The Myanma Age

No comments:
Post a Comment