Saturday, December 22, 2012

နောက်ဆုံးကျန်ဈေးသင်္ဘောမှ ဈေးသည်များ ရှေ့ရေးအတွက် စိတ်ပူ

Photo: နောက်ဆုံးကျန်ဈေးသင်္ဘောမှ ဈေးသည်များ ရှေ့ရေးအတွက် စိတ်ပူ
Friday, 21 December 2012

မြန်မာနိုင်ငံတွင်တစ်စီးသာကျန်ရှိသော မြဧရာဈေးသင်္ဘောအား အရှုံးပေါ်သည်ဆိုသော အကြောင်း ပြချက်ဖြင့် အစိုးရမှပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်တွင် သင်္ဘောပေါ်ရှိ ဈေးသူဈေးသားများ စိတ်ပူပင်လျှက်ရှိနေကြောင်း သိရသည်။

“အန်တီ ဒီသင်္ဘောပေါ်မှာ ဈေးရောင်းလာခဲ့တာ အနှစ်(၂၀)ကျော်ပါပြီ။ ဆိုင်တစ်ခန်းကို ငွေ(၁၅၀၀) ခေတ်ကတည်း က ဈေးရောင်း လာခဲ့တာ အခုဆိုရင် ငွေနှစ်သောင်းခေတ်ရောက်ပါပြီ။ အဲဒီ့အချိန်ထဲက ဒီဈေးသည်တွေက ဒီဟာလေးနဲ့ ဈေးရောင်းစားလာခဲ့ကြတာပါ။ အခုဒုက္ခတွေ အနှစ်(၂၀)ကျော် ခံပြီးကာမှ အခု ဒီလိုဖျက်သိမ်းမယ်လို့
ဲဗြုန်းစားကြီးပြောလိုက်တော့ ရင်ထဲ အသည်းထဲကကိုမခံစားနိုင်တော့ဘူး”
ဟု ဈေးသင်္ဘောပေါ်တွင် နှစ်(၂၀)ကျော်ဈေးရောင်းလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦး ကပြောသည်။

မြဧရာဈေးသင်္ဘောသည် အထက်မြန်မာပြည် ဧရာဝတီမြစ်ကြောင်း
တစ်လျှောက် စုန်/ဆန် ပြေးဆွဲရောင်းချနေသည့်   ဈေးသင်္ဘောတစ်စီးဖြစ်ပြီး တစ်နှစ်လျှင်(၃)ခေါက် သယ်ယူပို့ဆောင်ပြေးဆွဲနေခြင်းဖြစ်သည်။

စုန်/ဆန် ခရီးတစ်ခေါက်လျှင် ရက်ပေါင်း(၆၀)နှစ်လခန့်ကြာမြင့်သောကြောင့်
ခြောက်လပြေးဆွဲ၊ ခြောက်လရပ်နားထားရသည့် အခြေအနေဖြစ်ကြောင်း ရပ်နားနေစဉ်ကာလအတွင်း နေ့စဉ်အသုံး စရိတ်သာရှိပြီး ဝင်ငွေရှာဖွေ
ပေးနိုင်ခြင်း မရှိသောကြောင့် ရပ်နားနေသော ခြောက်လအတွက်
ငွေကျပ်(၂၅၄)သန်းခန့် အရှုံးပေါ်လျက် ရှိကြောင်း ဒီဇင်ဘာလ(၂၀)ရက်နေ့
ထုတ်   နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းအား ရပ်နားမရှိပြေးဆွဲပို့ဆောင်ဝင်ငွေရှာနိုင်ရန် လိုအပ်လျက်ရှိကြောင်း ဈေးသင်္ဘောမြဧရာအား   ရေပေါ်ရွှေ့လျားဈေးပုံစံမ
ပြောင်းလဲလာသည့် စီးပွားရေးပုံစံအရ ဒေသ၊ မြို့နယ်အလိုက် လိုအပ်သည့် ပစ္စည်းများ အပြန်အလှန်သယ်ပို့သည့် ရေကြောင်းကုန်ပို့လုပ်ငန်းအဖြစ် ပုံစံသစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 “စိတ်ညစ်မှုတွေနဲ့ ရင်ဆိုင်လိုက်ရတာ ညတုန်းက ဒီလိုအသံတွေ
ကြားလိုက်ရတာ အခုထမင်းတွေတောင် စားလို့မရကြတော့ဘူး။ ကုန်တွေကလည်း တစ်ပုံတစ်ပင်ကြီးနဲ့။ သူတို့ဘက်က နည်းနည်းလောက် ဝင်ခံစား ကြည့်ပါလား။ သူတို့ဘယ်လိုလို့ခံစားလို့ရမလဲ အခုငါတို့ခံစား
နေကြရပြီ။ တကယ်လို့တောင် ရပ်နားမယ်ဆိုရင် ဈေးသူဈေးသားတွေ
ကိုတော့ ကြိုတင်အသိပေးသင့်တာပေါ့။ အခုတော့ သူတို့ ဘာသာစီစဉ်ပြီးမှ သိကြရတယ်”ဟု မြဧရာဈေးသင်္ဘောပေါ်တွင် (၁၅)နှစ်ကြာ အိုးကုန် သည်အဖြစ် လုပ်ကိုင်လာသူ ကိုသက်ထွန်းဦးကပြောသည်။

အဆိုပါဈေးသင်္ဘောများကို ၁၉၉၂ ခှုစ် မတ်လ(၁၆)ရက်နေ့မှ စတင်ကာ
ဈေးသင်္ဘောများအဖြစ် ပြေးဆွဲစေခဲ့ခြင်းဖြစ်သည်။ စတင်ပြေးဆွဲခဲ့စဉ်က (မြဒီပါ၊ မြစန္ဒာ၊ မြမာလာ၊ မြသီတာ၊ မြဧရာ) သင်္ဘော(၅)စင်းအား
ဈေးသင်္ဘောများအဖြစ်ပြေးဆွဲစေခဲ့ခြင်းဖြစ်ပြီး အစုန်/အဆန် တစ်နှစ်လျှင် (၃၂)ခေါက် ပြေးဆွဲ၍ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးသင်္ဘောများကို ၁၉၉၄ခုနှစ်တွင် (၄)စင်းအသုံးပြု၍(၁၇)ခေါက်၊ (၂၀၀၁-၂၀၀၁)ခုနှစ်တွင် သုံးစင်း အသုံးပြု၍ ခုနှစ်ခေါက်၊ (၂၀၀၆-၂၀၀၇)ခုနှစ်တွင် တစ်စင်း(မြဧရာ)အသုံးပြု၍ ပြေးဆွဲနိုင်ခဲ့ကြောင်း
နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။

“ဒီဈေးသင်္ဘောတွေ စဆွဲတုန်းက ငါးစင်းလောက်ရှိတယ်။ အရင်သင်္ဘော
တွေတုန်းကလည်း ဒီလိုပဲ ဟိုရောင်းလိုက် ဒီရောင်းလိုက်နဲ့ ဈေးသည်တွေ
ဒုက္ခရောက်ခဲ့ကြတာပါ။ အခု ဒါကနောက်ဆုံးကျန်တဲ့သင်္ဘောပါ။ ဒီသင်္ဘောကိုမှီပြီး လုပ်ကိုင်စားသောက်နေတဲ့ သူတွေ နေရာအနှံ
အပြားမှာရှိပါတယ်။ နောက်တစ်ခုက ကမ္ဘာလှည့်ခရီးသွားတွေလည်း ဒီနေရာကို စိတ်ဝင်စားကြပါတယ်”ဟု အဆိုပါ မြဧရာဈေးသင်္ဘောတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ဖူးသူ ကိုဝီရကပြောသည်။

ကျော်ဇင်မန်း(မြစ်မခ)
Myit Makha Mediagroup
မြန်မာနိုင်ငံတွင်တစ်စီးသာကျန်ရှိသော မြဧရာဈေးသင်္ဘောအား အရှုံးပေါ်သည်ဆိုသော အကြောင်း ပြချက်ဖြင့် အစိုးရမှပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်တွင် သင်္ဘောပေါ်ရှိ ဈေးသူဈေးသားများ စိတ်ပူပင်လျှက်ရှိနေကြောင်း သိရသည်။

“အန်တီ ဒီသင်္ဘောပေါ်မှာ ဈေးရောင်းလာခဲ့တာ အနှစ်(၂၀)ကျော်ပါပြီ။ ဆိုင်တစ်ခန်းကို ငွေ(၁၅၀၀) ခေတ်ကတည်း က ဈေးရောင်း လာခဲ့တာ အခုဆိုရင် ငွေနှစ်သောင်းခေတ်ရောက်ပါပြီ။ အဲဒီ့အချိန်ထဲက ဒီဈေးသည်တွေက ဒီဟာလေးနဲ့ ဈေးရောင်းစားလာခဲ့ကြတာပါ။ အခုဒုက္ခတွေ အနှစ်(၂၀)ကျော် ခံပြီးကာမှ အခု ဒီလိုဖျက်သိမ်းမယ်လိုဲ့ဗြုန်းစားကြီးပြောလိုက်တော့ရင်ထဲအသည်းထဲကကိုမခံစားနိုင်တော့ဘူး”ဟု ဈေးသင်္ဘောပေါ် တွင် နှစ်(၂၀)ကျော်ဈေးရောင်းလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦး ကပြောသည်။
မြဧရာဈေးသင်္ဘောသည် အထက်မြန်မာပြည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စုန်/ဆန် ပြေးဆွဲရောင်းချနေ သည့် ဈေးသင်္ဘောတစ်စီးဖြစ်ပြီး တစ်နှစ်လျှင်(၃)ခေါက် သယ်ယူပို့ဆောင်ပြေးဆွဲနေခြင်းဖြစ်သည်။ စုန်/ဆန် ခရီးတစ်ခေါက်လျှင်ရက်ပေါင်း(၆၀)နှစ်လခန့်ကြာမြင့်သောကြောင့်ခြောက်လပြေးဆွဲ၊ ခြောက်လရပ်နားထားရသည့် အခြေအနေဖြစ်ကြောင်း ရပ်နားနေစဉ်ကာလအတွင်း နေ့စဉ်အသုံး စရိတ်သာရှိပြီး ဝင်ငွေရှာဖွေပေးနိုင်ခြင်း မရှိသောကြောင့် ရပ်နားနေသော ခြောက်လအတွက်ငွေကျပ်(၂၅၄)သန်းခန့် အရှုံးပေါ်လျက် ရှိကြောင်း ဒီဇင်ဘာလ(၂၀)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

ထို့ကြောင့်အဆိုပါလုပ်ငန်းအားရပ်နားမရှိပြေးဆွဲပို့ဆောင်ဝင်ငွေရှာနိုင်ရန်လိုအပ်လျက်ရှိကြောင်း ဈေးသင်္ဘောမြဧရာအား ရေပေါ်ရွှေ့လျားဈေးပုံစံမ
ပြောင်းလဲလာသည့် စီးပွားရေးပုံစံအရ ဒေသ၊ မြို့နယ်အလိုက် လိုအပ်သည့် ပစ္စည်းများ အပြန်အလှန် သယ်ပို့သည့် ရေကြောင်းကုန်ပို့လုပ်ငန်းအဖြစ် ပုံစံသစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“စိတ်ညစ်မှုတွေနဲ့ ရင်ဆိုင်လိုက်ရတာ ညတုန်းက ဒီလိုအသံတွေကြားလိုက်ရတာ အခုထမင်းတွေတောင် စားလို့မရကြတော့ဘူး။ ကုန်တွေကလည်း တစ်ပုံတစ်ပင်ကြီးနဲ့။ သူတို့ဘက်က နည်းနည်းလောက် ဝင်ခံစား ကြည့်ပါလား။ သူတို့ဘယ်လိုလို့ခံစားလို့ရမလဲ အခုငါတို့ခံစားနေကြရပြီ။ တကယ်လို့တောင် ရပ်နား မယ်ဆိုရင် ဈေးသူဈေးသားတွေကိုတော့ ကြိုတင်အသိပေးသင့်တာပေါ့။ အခုတော့ သူတို့ ဘာသာစီစဉ်ပြီးမှ သိကြရတယ်”ဟု မြဧရာဈေးသင်္ဘောပေါ်တွင် (၁၅)နှစ်ကြာ အိုးကုန် သည်အဖြစ် လုပ်ကိုင်လာသူ ကိုသက်ထွန်းဦး ကပြောသည်။

အဆိုပါဈေးသင်္ဘောများကို၁၉၉၂ခှုစ်မတ်လ(၁၆)ရက်နေ့မှစတင်ကာဈေးသင်္ဘောများအဖြဖစ် ပြေးဆွဲစေခဲ့ခြင်းဖြစ်သည်။ စတင်ပြေးဆွဲခဲ့စဉ်က (မြဒီပါ၊ မြစန္ဒာ၊ မြမာလာ၊ မြသီတာ၊ မြဧရာ) သင်္ဘော(၅)စင်းအား ဈေးသင်္ဘောများ အဖြစ်ပြေးဆွဲစေခဲ့ခြင်းဖြစ်ပြီး အစုန်/အဆန် တစ်နှစ်လျှင် (၃၂)ခေါက် ပြေးဆွဲ၍ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးသင်္ဘောများကို ၁၉၉၄ခုနှစ်တွင် (၄)စင်းအသုံးပြု၍(၁၇)ခေါက်၊ (၂၀၀၁-၂၀၀၁)ခုနှစ်တွင် သုံးစင်း အသုံးပြု၍ ခုနှစ်ခေါက်၊ (၂၀၀၆-၂၀၀၇)ခုနှစ်တွင် တစ်စင်း(မြဧရာ)အသုံးပြု၍ ပြေးဆွဲနိုင် ခဲ့ကြောင်းနိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်။

“ဒီဈေးသင်္ဘောတွေ စဆွဲတုန်းက ငါးစင်းလောက်ရှိတယ်။ အရင်သင်္ဘောတွေတုန်းကလည်း ဒီလိုပဲ ဟိုရောင်းလိုက် ဒီရောင်းလိုက်နဲ့ ဈေးသည်တွေဒုက္ခရောက်ခဲ့ကြတာပါ။ အခု ဒါကနောက်ဆုံးကျန်တဲ့သင်္ဘောပါ။ ဒီသင်္ဘောကိုမှီပြီး လုပ်ကိုင်စားသောက်နေတဲ့ သူတွေ နေရာအနှံအပြားမှာရှိပါတယ်။ နောက်တစ်ခုက ကမ္ဘာလှည့်ခရီးသွားတွေလည်း ဒီနေရာကို စိတ်ဝင်စားကြပါတယ်”ဟု အဆိုပါ မြဧရာဈေးသင်္ဘောတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ဖူးသူ ကိုဝီရကပြောသည်။

Myit Makha Mediagroup

No comments:

Post a Comment

My Blog List