Tuesday, December 25, 2012

၈ နှစ်မြောက် Kristion Ko-Kook Pearl Series ပြုလုပ်

Photo: ၈ နှစ်မြောက် Kristion Ko-Kook Pearl Series ပြုလုပ်
Monday, 24 December 2012

အလှကုန်ပစ္စည်းများဖြစ်သည့် Kristine Ko-Kool Pearl Series ၏ (၈)နှစ်ပြည့် အထိမ်းမှတ်ပွဲအား ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စင်ထရယ် ဟိုတယ် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Kristine Ko-Kool Pearl Series သည် လွန်ခဲ့သည် ၈ နှစ်ခန့် ကတည်းက မြန်မာနိုင်ငံတွင်းသို့ အလှကုန် ပစ္စည်းအမျိုးအစား (၃) မျိုးဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး ယခုအချိန်တွင် ထပ်မံ၍ ပစ္စည်းအမျိုးအစား သစ်အား မိတ်ဆက်ခြင်းဖြစ်သည်။

ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဈေးကွက်တွင်းသို့ ထပ်မံဝင်ရောက်လာမည့် ပစ္စည်းအမျိုးအစားသစ်အား မိတ်ဆက်ခြင်းနှင့်အတူ နာမည်ကြီး အဆိုတော် များဖြစ်သော Rဇာနည်၊ ချမ်းချမ်း၊ ချစ်သုဝေ၊ အေသင်ချိုဆွေ၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း တို့ကပါဝင် သီဆိုဖျော်ဖြေမှာ ဖြစ်ပြီး၊ Lazy Club က တီး ခတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ကံစမ်းမဲအစီအစဉ်များဖြင့် ဖွင့်ပွဲကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲနှင့် ပတ်သက်ပြီး Lazy Club တီးဝိုင်းမှ မန်နေဂျာ ကိုစိုးလှိုင်ထွဋ်က'' ကျွန်တော်တို့ ဒီKristine Ko-Kool ပွဲလေးကို ၆ရက်နေ့မှာ အမျိုးသားကဇာတ် ရုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မနက်မှာ Product ကို တောင်းဆိုတဲ့ပွဲတွေ၊
နေ့လည်မှာ မော်ဒယ်လ်ရှိုးတွေ၊ Dancer၊ မျက်လှည့် အစီစဉ်တွေနဲ့ တင် ဆက်မှာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်တဲ့ ပွဲလေးပါ" ဟုပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ကို ရှိုးပွဲစီစဉ်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ တတ် စွမ်းတဲ့ အနုပညာနဲ့ အားရပါးရ ဖျော်ဖြေသွားမှာပါ။ ပြည်သူအနေနဲ့လည်း ဒီပွဲကို ကြည့်ခြင်းအားဖြင့်အဖက်ဖက်က အကျိုးရှိမှာ ဖြစ်ပါ တယ်" ဟု
တေးသံရှင် အာဇာနည်က ဆိုသည်။

အိအိ
The Myanma Age
အလှကုန်ပစ္စည်းများဖြစ်သည့် Kristine Ko-Kool Pearl Series ၏ (၈)နှစ်ပြည့် အထိမ်းမှတ်ပွဲအား ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စင်ထရယ် ဟိုတယ် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ Kristine Ko-Kool Pearl Series သည် လွန်ခဲ့သည် ၈ နှစ်ခန့် ကတည်းက မြန်မာနိုင်ငံတွင်းသို့ အလှကုန် ပစ္စည်းအမျိုးအစား (၃) မျိုးဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး ယခုအချိန်တွင် ထပ်မံ၍ ပစ္စည်းအမျိုးအစား သစ်အား မိတ်ဆက်ခြင်းဖြစ်သည်။

ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဈေးကွက်တွင်းသို့ ထပ်မံဝင်ရောက်လာမည့် ပစ္စည်းအမျိုးအစားသစ်အား မိတ်ဆက်ခြင်းနှင့်အတူ နာမည်ကြီး အဆိုတော် များဖြစ်သော Rဇာနည်၊ ချမ်းချမ်း၊ ချစ်သုဝေ၊ အေသင်ချိုဆွေ၊ နီနီခင်ဇော်၊ ဝိုင်းစုခိုင်သိန်း တို့ကပါဝင် သီဆိုဖျော်ဖြေမှာ ဖြစ်ပြီး၊ Lazy Club က တီး ခတ်ပေး သွားမည်ဖြစ်ကြောင်းနှင့် ကံစမ်းမဲအစီအစဉ်များဖြင့် ဖွင့်ပွဲကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲနှင့် ပတ်သက်ပြီး Lazy Club တီးဝိုင်းမှ မန်နေဂျာ ကိုစိုးလှိုင်ထွဋ်က'' ကျွန်တော်တို့ ဒီKristine Ko-Kool ပွဲလေးကို ၆ရက်နေ့မှာ အမျိုးသားကဇာတ် ရုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ မနက်မှာ Product ကို တောင်းဆိုတဲ့ပွဲတွေ၊နေ့လည် မှာ မော်ဒယ်လ်ရှိုးတွေ၊ Dancer၊ မျက်လှည့် အစီစဉ်တွေနဲ့ တင် ဆက်မှာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်တဲ့ ပွဲလေးပါ" ဟုပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ကို ရှိုးပွဲစီစဉ်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါ တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ တတ် စွမ်းတဲ့ အနုပညာနဲ့ အားရပါးရ ဖျော်ဖြေသွား မှာပါ။ ပြည်သူအနေနဲ့လည်း ဒီပွဲကို ကြည့်ခြင်းအားဖြင့်အဖက်ဖက်က အကျိုးရှိမှာ ဖြစ်ပါ တယ်" ဟုတေးသံရှင် အာဇာနည်က ဆိုသည်။


The Myanma Age

No comments:

Post a Comment

My Blog List